#LocalNews


Published - 14 Dec 2021

 

ယာဘက် ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းတွင် ယာဥ်တစ်စီးတိမ်းမှောက်ခဲ့မှု ဒီကနေ့ နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ ဒီဇင်ဘာ ၁၄ ရက်၊ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင်အမှတ် ( ၁၃၆/၃ ) နှင့် ( ၁၃၆/၄ ) ကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော ယာဉ်(၁)စီးက နောက်ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းသွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရပြီး ယင်းယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

 

Photo - MFSD

#Yangon_Media_Group