#LocalHealth

Published - 13 Dec 2021

ကိုဗစ်ရောဂါနဲ့ သေဆုံးသူဦးရေမှာ နေ့စဉ် ၅ ဦးနဲ့အထက် သေဆုံးနေပြီး ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ သေဆုံးသူဦးရေ ၇၉ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် သေဆုံးသူ ၇ ဦး၊ ၂ ရက်နေ့တွင် သေဆုံးသူ ၉ ဦး၊ ၃ ရက်နေ့တွင် သေဆုံးသူ  ၇ ဦး၊ ၄ ရက်နေ့တွင် သေဆုံးသူ ၈ ဦး၊ ၅ ရက်နေ့တွင် သေဆုံးသူ ၆ ဦး၊ ၆ ရက်နေ့တွင် သေဆုံးသူ ၅ ဦး၊ ၇ ရက်နေ့တွင် သေဆုံးသူ ၆ ဦး၊ ၈ ရက် ၉ ရက်နေ့တွင် ၅ ဦးစီ သေဆုံးနေပြီး ၁၀ ရက်နေ့မှာ ၈ ဦး၊ ၁၁ ရက်နေ့မှာ ၇ ဦးနဲ့ ၁၂ ရက်နေ့မှာ သေဆုံးသူ ၆ ဦး ရှိပါတယ်။

ဒါ့အပြင် ကိုဗစ်လူနာသစ် တွေ့ရှိရာမှာလည်း နေ့စဉ် အယောက် ၂၀၀ နဲ့အထက်မှာ ရှိနေပြီး ရှမ်းပြည်နယ်မှာ ပိုးတွေ့လူနာ အများဆုံး တွေ့ရှိနေတဲ့ ပြည်နယ်ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ  ၁ ရက်နေ့မှာ ၄၂၃ ဦး၊ ၂ ရက်နေ့မှာ ၅၂၁ ဦး၊ ၃ ရက်နေ့မှာ ၄၀၂ ဦး၊ ၄ ရက်နေ့မှာ ၃၇၄ ဦး၊ ၅ ရက်နေ့မှာ ၂၈၅ ဦး၊ ၆ ရက်နေ့မှာ ၂၃၁ ဦး၊ ၇ ရက်နေ့မှာ ၃၆၇ ဦး၊ ၈ ရက်နေ့မှာ ၃၉၈ ဦး၊ ၉ ရက်နေ့မှာ ၃၄၇ ဦး၊ ၁၀ ရက်နေ့မှာ ၂၇၄ ဦး၊ ၁၁ ရက်နေ့မှာ ၃၅၇ ဦးနဲ့ ၁၂ ရက်နေ့တွင် ၂၈၀ ဦးအထိ တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်။

ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၂၆,၆၆၁ ဦးရှိနေပြီး သေဆုံးသူ စုစုပေါင်း ၁၉,၁၈၃ ဦး သေဆုံးတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၈ ဒသမ  ၈၂ သန်းရှိပြီး နှစ်ကြိမ်အပြည့်ထိုးနှံ ၁၃ ဒသမ ၀၂ သန်းနဲ့ ပထမအကြိမ် ထိုးနှံပြီးသူ ၅ ဒသမ ၇၉ သန်းဖြစ်ကာ ကာကွယ်ဆေး အကြိမ်ရေစုစုပေါင်း ၃၁ ဒသမ ၈၅ သန်းကို ထိုးနှံပြီးပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#YangonMediaGroup