လတ်တလောမှာ ငွေလဲနှုန်း မြင့်မားလာနေသလို လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ရေရှည်မှာ ပြည်တွင်းဆန်ဈေးကွက်ကို ထိန်းချုပ်ဖို့ ခက်ခဲလာနိုင်တယ်လို့  မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်း ကသုံးသပ်ပြောဆိုလိုက်ပါတယ်။