#Local_News
Published_ 19 May 2023
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၅၃ လမ်း၊ ၁၂၆ လမ်းနှင့် ၁၂၇ လမ်းကြားရှိ ဝင်းကျော်စိုး(ခ)ခန့်စိုး ၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၂၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဒါ့အပြင် ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲအချိန် မန္တလေးမြို့၊ ၄၂ လမ်းနှင့် ၁၀၁ လမ်းကြားရှိ ဟိုတယ်တွင် ရှမ်းပြည်နယ်မှ သယ်ဆောင်လာသည့် ဘိန်းဖြူများ ဖမ်းမိနေအိမ်တွင် သိုလှောင်ထားရှိပြီး ကချင်ပြည်နယ်သို့ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မနာဝ(ခ)ဂျူးမေ အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရသည်။
အဆိုပါပြစ်မှုကျူးလွန်သူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
#ymg/ynzw #Local_News #ငွေကျပ်သိန်း၅၅၀၀တန်ဖိုးရှိဘိန်းဖြူ ၂၂ကီလိုဖမ်းဆီးရမိ
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းမှာ ဗဟိုပြုပြီးအင်အားရစ်တာစကေး(၅.၁)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ သိရပါတယ်။
#Local_News ##ဖျာပုံမြို့အနီးအင်အား၅.၁အဆင့်ရှိငလျင်လှုပ်
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
မိုခါရံပုံငွေဘောလုံးပွဲမှ ရရှိတဲ့ကျပ်သိန်း ၉၅၀ ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသတွေရဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
ရန်ကုန်မှာ ပေါင်ထားတဲ့မြေတွေကို ဂရမ်ပျောက်နေတယ်ဆိုပြီး လိမ်လည်ရောင်းချနေတာတွေရှိနေတဲ့အတွက် မြေဝယ်မယ့်သူတွေအနေနဲ့ စနစ်တကျ စစ်ဆေးဝယ်ယူဖို့လိုအပ်တယ်လို့တရားလွှတ်တော်ရှေ့နေထံမှ သိရပါတယ်။
#Local_News #ပေါင်ထားသည့်မြေများကိုလိမ်လည်ရောင်းချမှုများရှိနေ
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းတွင် ဗဟိုပြုပြီး အင်အားရစ်တာစကေး(၅.၁)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။
ဇွန်လ ၁၉ ရက် မနက် ၈ နာရီ ၁၀ မိနစ်တွင် ဖျာပုံမြို့၏ အရှေ့တောင်ဘက်မိုင် ၇၀ ခန့်အကွာ မြန်မာ့ပင်လယ်ပြင်တွင် ဗဟိုပြုပြီးတော့ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
‘‘ဖျာပုံမြို့အနီး မြန်မာ့ပင်လယ်ပြင်ကိုဗဟိုပြုပြီးလှုပ်ခတ်တာပါ။ အင်အားရစ်တာစကေး(၅.၁)အဆင့်ရှိပါတယ်’’ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း မြေငလျင်ငယ်များဆက်တိုက်လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းပြတ်ရွေ့စသည့်ပြတ်ရွေ့ကြောပေါ်တည်ရှိသည့် ဒေသများတွင်မြေငလျင်ကြီး၊ ငယ်တွေလှုပ်ခတ်မှုများခဲ့သလို ပြတ်ရွေ့ကြောပေါ်မရှိသည့် ဒေသများတွင်လည်း မြေငလျင်ကြီး၊ ငယ်တွေလှုပ်ခတ်နိုင်ခြေရှိတဲ့အတွက် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ သတိပေးနှိုးဆော်ထားသည်။
#ymg/tthl #Local_News #ဖျာပုံမြို့အနီးအင်အား ၅.၁အဆင့်ရှိ ငလျင်လှုပ်ခတ်
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
မိုခါရန်ပုံငွေဘောလုံးပွဲမှ ရရှိသည့်ကျပ်သိန်း၉၅၀ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း
သိရသည်။
ရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် ရုပ်ရှင်အသင်း(Movie FC)၊ဂီတအသင်း(Music FC)၊ Forever FC အသင်း နှင့်ညွန့်ပေါင်းအသင်း(Old Star FC)တို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
မိုခါရန်ပုံငွေ ဘောလုံးပွဲပြိုင်ပွဲတွင် ဂီတအသင်း(Music FC)ကပထမ၊ ရုပ်ရှင်အသင်း(Movie FC)ကဒုတိယ၊ ညွန့်ပေါင်းအသင်း(Old Star FC)ကတတိယနှင့် Forever FC အသင်းက စတုတ္ထနေရာကိုရရှိခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲဗိုလ်လုပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဥပဒေချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ပြိုင်ပွဲဆုရရှိသူများကိုဆုချီးမြှင့်ခြင်း၊ အလှူရှင်များ၏ အလှူငွေများကိုလက်ခံခြင်းများကို ဆောင်ရွက်ခဲ့သည်။
မိုခါရန်ပုံငွေဘောလုံးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း၃၀၀၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကျပ်သိန်း၂၅၀နှင့် ကျန်အလှူရှင်များမှ အလှူငွေများလက်ခံရရှိခဲ့ပြီး စုစုပေါင်းကျပ် ကိုးရာ့ငါးဆယ်ငါးသိန်းငါးသောင်းကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/tthl #Local_News #ကျပ်သိန်း ၉၅၀ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးတွင် သုံးမည် #YMG #Yangon_Media_Group
#Local_News
Published-19 June 2023
မြန်မာမူလတန်းကလေးငယ်တစ်ဦး မြန်မာနိုင်ငံကိုယ်စားပြုပြီး ကမ္ဘာ့အဆင့်”Chinese Brigde –Chinese Show’’ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
တတိယအကြိမ် ကမ္ဘာ့မူလတန်းကျောင်းသားကျောင်းသူများ ”Chinese Brigde –Chinese Show’’ပြိုင်ပွဲကို ဇွန်လ(၁၈)ရက်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပခဲ့ပြီး ရန်ကုန်မြို့ရှိ တရုတ်ဘာသာစကားကျောင်းအဖွဲ့ အစည်းတွေမှ ကျောင်းသား၊ ကျောင်းသူပြိုင်ပွဲဝင် ၂၀ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆရာဆရာမ၊ ကျောင်းသားကျောင်းသူ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် ရန်ကုန်မြို့ရှိ Bowen တရုတ်ဘာသာသင်သင်တန်းကျောင်းမှ ကလေးငယ်Tan Xianen ကပထမဆုရရှိခဲ့ပြီး တစ်ကမ္ဘာလုံး အဆင့်ဖိုင်နယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
ပြိုင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသံမှူးကြီး Ms. Coa Jinguကတက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှင့် တရုတ်ဘာသာစကားနိုင်ငံရပ်ခြားတွင် ပြန့်ပွားစေရေးအတွက် တိုးတက်မှုအခြေအနေသစ်ကို မိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက တရုတ်ဘာသာစကားအားကြိုးစားသင်ယူကာ တရုတ်နိုင်ငံနှင့် ကမ္ဘာကြီး ကူးလူးဖလှယ်ချိတ်ဆက်သည့်စွမ်းရည်တိုးတက်စေကာ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၏ သံတမန်လေးများအဖြစ်ထမ်းဆောင်ရန်အားပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
#ymg/tthl #Local_News #Chinese Brigde – Chinese Showပြိုင်ပွဲ #မြန်မာမူလတန်းကလေးငယ်သွားရောက်ယှဉ်ပြိုင် #YMG #Yangon_Media_Group
Page 897 of 1902