တရုတ်ယူ-၂၀နှင့် မြန်မာယူ-၂၀တို့ လာမယ့် မေလ ၃၀ရက်နဲ့ ဇွန်လ ၂ရက်တို့မှာ Xianghe မြို့မှာ ခြေစမ်းပွဲ (၂)ပွဲကစားမယ်။(မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ မြန်မာလုပ်သားအများစုဟာ online စာမျက်နှာကနေတဆင့် အလုပ်ရှာဖွေရာကနေ အလိမ်ခံရပြီး တစ်ဖက်နိုင်ငံကို ရောင်းစားခံရတာ အများဆုံးဖြစ်နေတယ်လို့ လူကုန်ကူးမှု တားဆီးနိုင်ငံရေး ရဲတပ်ဖွဲ့ဝင်ထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 16 May 2024
"မြန်မာအင်းတော်ကြီးကန် ငါးအမျိုးအစားများသရုပ်ဖော်လမ်းညွှန်စာအုပ်"ကိုတရုတ်သုတေသီ Mr. Chen Xiaoyong နှင့် မြန်မာပညာတော်သင်ကျောင်းသားများစုပေါင်းရေးသားကာ တရားဝင်ထုတ်ဝေလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်။
အဆိုပါစာအုပ်တွင် ငါးအမျိုးအစားပေါင်း ၉၇ မျိုး၏ ထူးခြားသော လက္ခဏာများ၊ ဇီဝဗေဒအချက်အလက်၊ လက်ရှိအခြေအနေနှင့် တည်ရှိရာနေရာအချက်အလက်များကို စုစည်းမှတ်တမ်းတင်ထားသည်ဟုဆိုသည်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်သည် အရှေ့တောင်အာရှဒေသ၌ အကြီးဆုံးရေကန်များအနက်တစ်ခု ဖြစ်ကြောင်း၊
၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်သိပ္ပံအကယ်ဒမီ ကူမင်းသတ္တဗေဒ သုတေသနဌာနမှ သုတေသီ Mr. Chen Xiaoyong နှင့် အဖွဲ့သည် မြန်မာနိုင်ငံရှိ ပြည်တွင်း သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငါးမျိုးစုံမျိုးကွဲမှုကို ပူးတွဲလေ့လာမှု ၅ ကြိမ်လုပ်ဆောင်ခဲ့ရာ ငါးမျိုးစိတ်ပေါင်း ၁၀၀ ခန့်၏ နမူနာ ၄၅၀၉ ခုကောက်ယူရရှိခဲ့ပြီး အဆိုပါ အရေးပါဂေဟစနစ်၏ ကြွယ်ဝသော ရေနေသက်ရှိများမျိုးစုံမျိုးကွဲမှုကို ပြသခဲ့ကြောင်း၊
မကြာသေးမီက သုတေသီ Mr. Chen Xiaoyong နှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသားကျောင်းသူများဖြစ်ကြသည့် ကိုနေထက်နိုင်၊ မသင်းဆုတင်၊ မခင်ရတနာဌေးတို့နှင့် ပူးပေါင်းရေးသားတည်းဖြတ်ခဲ့သည့် မြန်မာအင်းတော်ကြီးကန် ငါးအမျိုးအစားများသရုပ်ဖော်လမ်းညွှန် (An Illustrated Guide to the Fishes of Indawgyi Lake in Myanmar) စာအုပ်ကို တရားဝင်ထုတ်ဝေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထား ကြောင်းသိရသည်။
အဆိုပါစာအုပ်ကို ebookအနေဖြင့်လည်း သက်ဆိုင်ရာ websiteများတွင် ဝယ်ယူဖတ်ရူ နိုင်ကြောင်းလည်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ကမ္ဘာ့ရွေဈေးနှုန်းအပြင် နိုင်ငံခြား ငွေလဲနှုန်းလည်း မြင့်တက်လာတာကြောင့် ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၉သိန်း ကျော်အထိ မြင့်တက်လာပြီး ရည်ညွန်းဈေးနဲ့ ၁၀သိန်းခန့် ကွာဟနေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ရှမ်းပြည်နယ်တောင်ကြီးမှ ဆီကြိတ်စက်တွေ ဝယ်ယူအားပေးသလို ကျောက်ပန်းတောင်း၊ မကွေး၊ ရွှေဘိုကလည်း ဆီကြိတ်စက်တွေကို အားပေးနေကြတယ်။ သိန်းတစ်ရာကျော်၊ နှစ်ရာဖြင့် ဆီစက်လုပ်ငန်းစတင်လုပ်ကိုင်နိုင်။ (အောင်ဇမ္ဗူဆီစက်ရောင်းချရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး)
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ချင်းဈေးကွက်မှာ အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်း မရှိသလောက်နည်းနေတယ် ပြည်ပ တင်ပို့နိုင်ခြင်းမရှိပေမယ့် ပြည်တွင်းဝယ်ယူတာတွေ များတဲ့အတွက် ဈေးအမြင့်မှာပဲ ရှိနေတယ်လို့ အောင်ပန်းကုန်စည်အမျိုးမျိုး ရောင်းဝယ်ရေးမှ သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 16 May 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် CANTER အမျိုးအစား(အဖြူရောင်)ယာဉ်ကို
JJ Expressယာဉ်မှ ဝင်တိုက်သဖြင့်ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးေ-သဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည့်။
မေလ၁၆ရက် မနက်၄နာရီ၁၅မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၈/၆)အနီးတွင် နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသော CANTER အမျိုးအစား(အဖြူရောင်)ယာဉ်ကို JJ Express (အဝါရောင်)ယာဉ်က နောက်မှ ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် JJ Express(အဝါရောင်)ယာဉ် ပေါ်ပါ ရှိသည့် (၁၅)ဦးအနက်
အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်နောက်လိုက်အမျိုးသားတစ်ဦး (သေဆုံး)ခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်သည့်နေရာကို စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူနှင့်ေ-သဆုံးသူတို့ကို ဥမျှင်ကျေးရွာမှ ပရဟိတအသင်းပိုင်သူနာတင်ယာဉ်ဖြင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 897 of 2481