#Local_News
Published 3 July 2023
အသစ်ဆောက်လုပ်နေသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇)ထပ်ဆောင်သစ် ပုံမှန်ဆေးကုသဆောင်များအပြင် သွေးနှင့် သွေးကင်ဆာရောဂါကုသဆောင်၊ ရိုးတွင်းချဉ်ဆီအစားထိုးကုသဆောင်ပါပါဝင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်(၇)ထပ်ဆောင်ကို နိုင်ငံတော်မှငွေကျပ်(၂၁ ဒသမ ၈၉၇)ဘီလီယံအကုန်ကျခံဆောက်လုပ်ပေးလျက်ရှိပြီး၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်ဆောက်လုပ်ပြီးစီးမည်ဖြစ်သည်ဟုဆိုသည်။
ယင်းအဆောက်အဦဆောက်လုပ်နေမှုကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကြည့်ရူစစ်ဆေးခဲ့ပြီး အဆင့်မြင့်(၇)ထပ်ဆောင်ကို အရည်အသွေး အကောင်းဆုံးဖြစ်အောင် ဆောက်လုပ်သွားရမည်ဖြစ်ကြောင်း၊ ယခု ဆောက်လုပ်လျက်ရှိသည့် (၇)ထပ်ဆောင်တွင် ပုံမှန်ဆေးကုသဆောင်များအပြင် သွေးနှင့် သွေးကင်ဆာရောဂါလူနာများ ဆေးကုသမှုခံယူနိုင်ရန်အတွက် သွေးနှင့်သွေးကင်ဆာရောဂါကုသဆောင်၊ ရိုးတွင်းချဉ်ဆီ အစားထိုးကုသဆောင်ကို ထည့်သွင်းစီစဉ်သွားမည် ဖြစ်ကြောင်း၊ သင်ကြားရေးဆေးရုံဖြစ်သည့်အတွက် စာသင်ခန်းများကိုလည်း အရည်အသွေး ပြည့်မီအောင် ဆောက်လုပ်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
တည်ဆောက်ရေးပိုင်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဘဏ္ဍာနှစ်အလိုက် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် မြို့ပြလုပ်ငန်းများဖြစ်သော ရေသန့်လုပ်ငန်းများ၊ လျှပ်စစ်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်(၇)ထပ်ဆောင် အဆောက်အဦဘေးအန္တရာယ်စိတ်ချမှုရှိစေရေး၊ မီးဘေးလုံခြုံမှုရှိစေရေး၊ လူနာများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဝယ်ယူထားသည့် ဆောက်လုပ်ရေးပစ္စည်းများ၏ အရည်အသွေးပိုင်းဆိုင်ရာများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
#tthl #Local_News #ရိုးတွင်းချဉ်ဆီအစားထိုးကုသ
#Yangon_Time
#Local_News
Published_ 3 July 2023
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် ဂန္ဓမာလမ်းမှာရှိတဲ့ ငါးရှဥ့်အအေးခန်းစက်ရုံတစ်ခု ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မီးလောင်မှု ဖြစ်စဥ်မှာ ဇူလိုင် ၃ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ နံနက် ၃ နာရီ ၁၇ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
မီးလောင်မှုအကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူတွေက စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
#ymg_mnn #Local_News #ငါးရှဥ့်အအေးခန်းစက်ရုံ မီးလောင်မှုဖြစ်
#Yangon_Media_Group
ဇွန်လ တစ်လအတွင်း ကိုဗစ်လူနာသစ် ၁၅၅၀ ကျော်ရှိ မေလနှင့်နှိင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်း
ရက်ပေါင်း(၃၀) အတွင်း ကိုဗစ် လူနာသစ် (၁၅၅၄) ဦး ရှိခဲ့
Yangon_Times/my
#Local_News
#Published_ 1 July 2023
#YMG #Yangon_Times
ပြည်တွင်းသကြားဈေးကွက် အမြင့်ပိုင်းတွင်ရှိနေ
ပြည်တွင်းသကြားတစ်ပိဿာကို( ၃၀၇၅) ကျပ်သာ ရှိခဲ့ရာက လက်ရှိ (၃၂၀၀) ကနေ (၃၃၀၀) ဝန်းကျင်အထိ ပေါက်စျေးရှိနေ
Yangon_Times/my
#Local_News
#Published_ 1 July 2023
#YMG #Yangon_Times
#Health_Matters
- ယင်နှင့်အစားအစာပြဿနာက ရှေးဟောင်းအမွေလို့တောင် ဆိုနိုင်တယ်။ အဲဒီအမွေပြတ်အောင် ဘယ်လိုလုပ်ကြမလဲဆရာ ...??
#Published_ 1 July 2023
#Health_Matters #ယင်ချစ်သည့်အစား #အစာချစ်သည့်လူသား
#Dr.KML #YMG #Yangon_Media_Group
#Health_Matters
- အစားအစာကိုယင်းနားတော့ အန္တရာယ်ရှိတယ်ဆိုတာ ယေဘုယျသိထားကြပါတယ်။ ဘယ်လောက်အထိများ ကြောက်စရာကောင်းသလဲဆရာ ....??
#Published_ 1 July 2023
#Health_Matters #ယင်ချစ်သည့်အစား #အစာချစ်သည့်လူသား
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 1 July 2023
၁။ ပုဂ္ဂလိကကျောင်းများတွင် မြန်မာစာ၊မြန်မာ့သမိုင်း၊ပထဝီသင်ရန်ညွှန်ကြား
၂။ ဧရာ၀တီမြစ်နှင့် ချင်းတွင်းမြစ်ရေတက်မည်
၃။ မျက်မမြင် အကြောပြင်အနှိပ်လုပ်ငန်းအချို့ နလန်မထူနိုင်သေး
၄။ နေတိုးအဖွဲအစည်းကြီးသည် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းခဲ့သည့် အထောက်အထားမရှိခဲ့ဟု ဘရာဇီးလ်ပညာရှင်တစ်ဦးကဝေဖန် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
Page 883 of 1902