ဖားအောက်ဆရာတော်ကြီး စင်ကာပူ၌ နှလုံးအထူးကုသမှုအောင်မြင် ၊ရန်ကုန်သို့ ပြန်ရောက်ပြီဖြစ်
‘’ဆရာတော်ဘုရားကြီးက နှလုံးစက်နဲ့နှလုံးစတန့်ထည့်ထားရပြီး အဲဒီ့နှလုံးစက်နဲ့နှလုံးစတန့် အခြေအနေတွေကို ပြန်လည်စစ်ဆေးပြီး ဆေးကုသမှုတွေ၊ အသေးစားခွဲစိတ်ကုသမှုတွေ ခံယူခဲ့တယ်’’ မော်လမြိုင်ဖားအောက်တောရမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 16 November 2023
ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာသူဌေးချောင်းပေါ်တွင်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ် (၄)တည်ဆောက်ရေးမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း မှာ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ရခိုင်ရိုးမပေါ်မှ အစပြုပြီး ပင်လယ်ဝအထိ မိုင် ၇၀ ခန့်ရှည်လျားစွာ စီးဆင်းနေသော သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် ၂၀၀၃-၂၀၀၄ ခုနှစ်ခန့်က ဂျပန်နိုင်ငံအခြေစိုက် TheKansaiအတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှအင်ဂျင်နီယာများနှင့်ပူးပေါင်းကာကနဦးစူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ လေ့လာမှုပြုလုပ်ပြီး ဂျပန်နိုင်ငံအခြေစိုက် The Kansai အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ဌာနမှအင်ဂျင်နီယာများသည်အသေးစိတ်ဒီဇိုင်းပုံစံများ ရေးဆွဲခဲ့ကြကာ အကြိုတည်ဆောက်မှုလုပ်ငန်းများကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှစတင်ဆောင်ရွက်ခဲ့ကြကြောင်းရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် စီမံကိန်း အနေဖြင့် ရေယူအဆောက်အအုံမှာ ၂၀၂၃ ခုနှစ် ဩဂုတ်၂၃ရက်ကရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း၊ပင်မတမံလုပ်ငန်းအနေဖြင့့် ၇၉ ဒသမ ၁၉ ရာခိုင်နှုန်း၊ ရေပိုလွှဲလုပ်ငန်းအနေဖြင့် ၇၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်လုပ်ငန်းအနေဖြင့် ၉၆ ဒသမ၇၉ ရာခိုင်နှုန်း၊ ရေထိန်းတံခါးပြွန်လုပ်ငန်းအနေဖြင့် ၉၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်အထွက်မြောင်းလုပ်ငန်းအနေဖြင့် ၉၈ ဒသမ ၀၀ ရာခိုင်နှုန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်းအနေဖြင့်၇၇ ဒသမ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စီမံကိန်း အားလုံး ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာခိုင်နှုန်း အပြည့် ပြီးစီးမည် ဖြစ်ပြီးအဆိုပါ စီမံကိန်းမှ စက်တပ်ဆင်အင်အား ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းအကောင်အထည်ဖော်တည်ဆောက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရေအား အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းအပိုင်းနှစ်ပိုင်းရှိပြီး စီမံကိန်းချဉ်းကပ်လမ်း ဖောက်လုပ်ခြင်း၊ စီမံကိန်းစခန်း တည်ဆောက်ခြင်း၊ ရေ၊ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စူးစမ်းလေ့လာတိုင်းတာခြင်းများသည် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် ပါဝင်ကြောင်း၊ စိမ့်ရေတားနံရံ၊ ရေလွှဲဥမင်လိုဏ်၊ ရေယူအဆောက်အအုံ၊ ပင်မတမံ၊ ရေပိုလွှဲ၊ အကူရေပိုလွှဲ၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြှင့် သံမဏိပိုက်လိုင်း၊ ဆွစ်ယာ့ဒ်နှင့် ဓာတ်အားပေးစက်ရုံစသည်တို့သည် ရေအားအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းတွင် ပါဝင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
၁၆ နိုဝင်ဘာ ၂၀၂၃
ကိုးကန့်ဒေသအတွင်း Onllne လိမ်လည်မှုများနှင့် ဆက်စပ်အမှုများ ကျူးလွန်နေသည့် ပယ်ရင်ချန်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း နစကသတင်း ထုတ်ပြန်ချက် အရသိရပါတယ်။
“ရှမ်းးပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ ယင်း အမှုများနှင့် ဆက်စပ် ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်နေသော ပယ်ရင်ချန်(ဘ) ဦးပယ်စောက်ချိန် (ပန်ဆော့ချိန်)ကို ဥပဒေအရ အရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း “ သတင်းထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
-ymg/knl
16 November 2023
ရန်ကုန်တိုင်းအတွင်းရှိ စိတ်ကျန်းမာရေးဝေဒနာရှင်များအတွက် အသုံးပြုရန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုလှူဒါန်းငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့မှလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရသည့် ဝေဒနာရှင်များအတွက်ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
အလှူငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှတိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့မှပေးအပ်လှူဒါန်းခဲ့ပြီးစိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)မှ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့အလှူငွေများပေးအပ်ခြင်းအပြင် မိုးတွင်းကာလတွင် စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်) ဆေးရုံဝန်း အတွင်းမိုးရေလျှံမှုများဖြစ်ပွားခဲ့သည့်အတွက် ယခုချိန်မှာ ရေကြီးနစ်မြုပ်မှုနှင့်ရေကြီးရေ လျှံမှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းဆယ်ယူရှင်းလင်းရေး၊ ဆေးရုံပတ်လမ်းရှိတာအောင် များမြှင့်တင်ရေးများဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဆောင်ရွက်နေမှုများကိုလည်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ ကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 16 November 2023
အီဂျစ်နိုင်ငံနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနတို့အကြား ဝါသီးနှံဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် အွန်လိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးဆိုင်ရာ ပြည်ပဆက်ဆံရေးဌာန၊ အာရှဒေသ ညွှန်ကြားရေးမှူး Ms. Marwa Fouda ၊ Cotton and Fiber Council of Egypt ၏ ဌာနအကြီးအကဲ Dr. Mohamed Abdelmegeed ၊ Cotton Research Institute မှ ဒုတိယညွှန်ကြားရေးမှူးများ ဖြစ်ကြသော Dr. Abeer Samir နှင့် Dr. Walid Yehia ၊ Plant Breeding သုတေသန ဌာန အကြီးအကဲဖြစ်သူ Dr. Ahmed Abdelghani တို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲ၌နှစ်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနတို့အကြား ဝါဂွမ်းသီးနှံနှင့်ပတ်သက်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းများ၊ ကျွမ်းကျင်သူများ အပြန်အလှန် စေလွှတ်လေ့လာနိုင်မယ့် အစီအစဉ်များ၊ နည်းပညာအကူအညီများ ရရှိရေးနှင့် သင်တန်းသားများ စေလွှတ်လေ့ကျင့်သင်ကြားနိုင်ရေး ကိစ္စရပ်များကို စီစဉ်သွားနိုင်ရေး တို့ကိုဆွေးနွေးခဲ့ကြပါတယ်။
အီဂျစ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် စိုက်ပျိုးရေးဆိုင်ရာနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား တည်ရှိနေသော ချစ်ကြည်ရင်းနီးမှု တိုးမြင့်လာစေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ymg_mnn
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 16 November 2023
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ရွှေညောင်ပင် ကုန်းထိပ် အနီး တွင် ယာဉ်တိုက်မှု ဖြစ်ပြီး လူညှပ် နေသဖြင့် ကယ်ထုတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
နိုဝင်ဘာ ၁၆ ရက် နံနက် ၆နာရီ ၁၃ မိနစ် ခန့် က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်ကာ လူညှပ်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံ မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး့ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ် တိုက်မှု ဖြစ်ပြီး ယာဉ်ထဲတွင် ညှပ် နေသည့် အမျိုးသား ကို ၆နာရီ ၂၁ မိနစ် ခန့်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မဇ္ဇိုမပရဟိတ အသင်း သူနာတင်ယာဉ် ဖြင့် အင်းစိန် မြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်း လူနာ အမျိုးသားမှာ မစိုးရိမ်ရ ဒဏ်ရာ အနေထား တွင် သာ ရှိကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 16 November 2023
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်နှစ်ခုရှိ နိုင်ငံဝန်ထမ်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် မူရင်းလစာ၏နှစ်ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း ရှိ မောင်တောမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ အား အဆိုပါ ဒေသ၏ လက်ရှိ အခြေနေအရ၂၀၂၃ခုနှစ် အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ များ အတွက် မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စရပ်အဖြစ် ခံစားပြုကာ၊မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် တို့တွင် တာ
ဝန်ထမ်းဆောင်လျက်ရှိသော နေ့စားအလုပ်သမား များ အား အဆိုပါဒေသ၏ လက်ရှိ အခြေနေအရ ယခုနှစ် အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ တို့ အတွက် တစ်ရက်လုပ်ခလစာကို ကျပ်၆၅၀၀နှုန်းဖြင့် အထူးကိစ္စရပ်အဖြင့် ခံစာခွင့်ပြုကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ် ပလက်၀ မြို့နယ် အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံဝန်ထမ်းများ အား အဆိုပါ ဒေသ၏ လက်ရှိ အခြေနေအရ၂၀၂၃ခုနှစ် အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ များ အတွက် မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စရပ်အဖြစ် ခံစားပြုကြောင်းပါရှိသည်။
ယင်းသို့ နိုင်ငံ့ဝန်ထမ်းများ မူရင်းလစာ၏နှစ်ဆ ခံစားခွင့်ပြုခြင်းအတွက် စီမံကိန်းနှင့်ဘဏ္ဘာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၇၂/၂၀၂၃)ဖြင့် အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 661 of 1920