လေယာဉ်စီး ခရီးသွားတွေပေးဆောင်ရတဲ့ Passenger Service Charge (PSC)ကို မေလ၁၂ရက်က စတင်ပြီး တိုးမြှင့်ကောက်ခံသွားမယ်လို့ Yangon International Airport (YIA) က ကြေညာထားပါတယ်။
#Local_News
Published 23 Apirl 2025
#လေဆိပ်PSC #တိုးမြင့်ကောက်ခံ
#YMG/SW #Yangon_Times
'YBS စံပြယာဉ်မောင်းများအား ထိုင်းသို့ပို့ဆောင်' YBSစံပြယာဉ်မောင်းဆုရသူ တွေကို ထိုင်းနိုင်ငံနိုင်ငံဘန်ကောက်မြို့ရှိ EV Bus ပြေးဆွဲမှုအခြေအနေတို့အား Study Tour လေ့လာရေးခရီးအဖြစ် ပို့ဆောင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က သိရပါတယ်။
#Local_News
Published 23 Apirl 2025
#YBSစံပြယာဉ်မောင်းများ #Study_Tourလေ့လာရေးခရီး
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့ အဆောက်အဦတွေက မီတာတွေကို မီတာခများ ကောက်ခံခြင်းမရှိသလို မီတာဘေလ်ထွက်ထားခြင်း လည်းမရှိဘူးလို့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရပါတယ်။
#Local_News
Published 23 Apirl 2025
#မီတာခကောက်ခံခြင်းမရှိ #ပြိုကျပျက်စီးသွားတဲ့အဆောက်အဦ
#YMG/SW #Yangon_Times
ပြည်တွင်းမှာ စက်သုံးဆီဖူလုံမှုရှိပြီး ရောင်းဈေးတွေလည်းကျဆင်းနေတယ်လို့ သိရပါတယ်။
#Local_News
Published 23 Apirl 2025
#စက်သုံးဆီဖူလုံမှုရှိ #စက်သုံးဆီဈေးကျဆင်း
#YMG/NN #Yangon_Times
#Local_News
Published 23 April 2025
▪️ ငလျင်ဒဏ်သင့်စစ်ကိုင်းတွင် ဧပြီလ ၂၁ရက်မှစတင်ကာ မလေးရှားနိုင်ငံ Malaysia Field Hospital (MFH) မှယာယီဆေးရုံဖွင့်ကာ အခမဲ့ကုသပေးနေကြောင်း သိရသည်။
▪️ အဆိုပါဆေးရုံကိုစစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်က နှစ် ၇၀၀ ကွင်းအတွင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီးမလေးရှားစစ်တပ်နှင့် တော်ဝင်လေတပ်မှ ဝန်ထမ်း ၆၉ ဦး ပါဝင်ကုသနေကြောင်း၊ဆေးရုံတွင် ကုတင် ၂၀ နှင့် လူနာဆောင်များ၊ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ်ကုသဆောင်များအပြင် အထွေထွေခွဲစိတ်ကုသရေးနှင့် အရိုးကုသရေးဆိုင်ရာ အထူးဌာန နှစ်ခုပါဝင်ကြောင်း သိရသည်။
▪️ ဆေးရုံ၌ ပြင်ပလူနာဆေးခန်းများကိုလည်းဝန်ဆောင်မှုပေးလျက်ရှိပြီး ပတ်ဝန်းကျင်ဒေသများမှ ပြင်ပလူနာ ၈၀ မှ ၁၀၀ ခန့် လက်ခံကုသပေးရန် မျှော်မှန်းထားကြောင်း၊ လက်ရှိတွင် လူနာအများအပြား လာရောက်ကုသလျှက်ရှိပြီး ပထမဆုံးခွဲစိတ်ကုသမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 April 2025
▪️ မိုင်းဖုန်းဆရာတော်ကြီး၏ ငလျင်ဘေးသင့်ခဲ့သော တောင်ကြီး၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့များသို့ သွားရောက်ကူညီထောက်ပံ့ လှူဒါန်းခြင်းခရီးစဉ်အတွင်း ရန်ကုန်မြို့သို့ပါ ယနေ့ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ကြွရောက်ရာတွင်ဧပြီလ ၂၃ ရက်နေ့၁၃၈၇-ခု တန်ခူးလပြည့်ကျော်(၁၁)ရက်နေ့တွင် ကြွရောက်မည်ဖြစ်ပြီး ထောက်ကြံ့မြို့ ၊ဘွက်ကြီး ကျေးရွာရှိ သာသနာ့လက်ာရမိုင်းဖုန်းကျောင်းတိုက်၌ တရားဟောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ 'မေတ္တာဓာတ်ခံယူ တရားတော်နာယူနိုင်ကြစေဖို့ ဓမ္မမိတ်ဆွေများအားလုံးတို့အား အသိပေးပါတယ်'ဟု ၎င်း ကျောင်းတိုက်က အသိပေးထားသည်။
▪️ မိုင်းဖုန်းဆရာတော်ကြီးသည်မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီများပြုပြင်မွမ်းမံရန်နှင့် ငလျင်ဒဏ်သင့် ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်များအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ကြီးထံသို့ မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများမှ ယနေ့ ဧပြီ ၂၁ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
▪️ ထိုသို့လှုဒါန်းရာတွင် မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများက အလှူငွေကျပ်သိန်း(၃၃၀)၊ ရိက္ခာထုတ် (၅၀၀)၊ ဆန်အိတ်(၂၅၀)အိတ်၊ ဆီ(၃)ပိဿာပုံး (၂၅၀)ပုံးနှင့် ဖိနပ်အရံ(၃၀၀)တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
▪️ ထို့အပြင် သီတဂူဆရာတော်ကြီးသည် ဧပြီ ၂၁ ရက်နံနက်ပိုင်းကလည်း မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကောင်းမှုတော်စေတီတော်ကြီးအား ကြည့်ရှုတော်မူခဲ့သည်။
▪️ ဧပြီ ၂၂ ရက်ညပိုင်းက နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ ကြောင်းသိရသည်။
▪️ ထို့နောက် နေပြည်တော်၌ ယနေ့မနက်ပိုင်းတွင် တရားဟောကြား ရေစက်သွန်းချ လျှက်ရှိရာ ရန်ကုန်သို့ အစောဆုံး ယနေ့ညနေပိုင်းတွင် ကြွရောက်နိုင်မည် ဖြစ်ကာ ညပိုင်းတွင်ထောက်ကြံ့မြို့၊ ဘွက်ကြီးကျေးရွာရှိ သာသနာ့လက်ာရမိုင်းဖုန်းကျောင်းတိုက်၌ တရားဟောကြားပေးသွားမည်ဖြစ်ကာ ကိုးမိုင်သျှမ်းကျောင်း တရားပွဲအပြီး ရွှေတိဂုံဘုရားသို့သွား ရောက်ဖူးမျှော်နိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 April 2025
▪️ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းစသည့် ငလျင်ဒဏ်သင့်ဒေသများသို့ဈေးကားများဖြင့် အခြေခံစားကုန်များရောင်းချပေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံ ဈေးကားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၂၂ ရက်မြောက်နေ့အဖြစ် ဈေးကားခုနစ်စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရသည်။
▪️ ထို့အပြင် မတ် ၃၀ ရက်မှ ဧပြီ ၂၁ ရက်အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံ ဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိ ဆေးရုံဝန်ထမ်း အိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလ သိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီ ဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများအား ဆန်ခြောက်ပြည်ဆံ့ (မနောသုခ-Export Quality) ၉၁၀၆ အိတ်၊ ဆန် ငါးပြည်ဆံ့ (ဖျာပုံပေါ်ဆန်း) ၂၀၈၃ အိတ်၊ ဆီ ပိဿာ ၂၂၉၇၀ ၊ ဆား ၂၅ ကျပ်သားပါအိတ် အထုပ် ၅၆၀၀၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၄၈၀၄ ထုပ်၊ ငါးပိ ၂၀ ကျပ်သားပါ ၁၀၆၄ ဘူး၊ ငါးခြောက် ၁၀ ကျပ် သားပါ ၃၄ ထုပ်၊ ကြက်ဥ၊ ဘဲဥများနှင့်၊ ခေါက်ဆွဲခြောက် ထုပ်များကိုလည်း ရောင်းချပေးခဲ့ ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အတူ မန္တလေးမြို့တွင်လည်း ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယမာန် နေ့ အထိ ဆန် ၂၄ ပြည်ဆံ့ (မနောသုခ) ၄၆၁ အိတ်၊ စားအုန်းဆီ ပိဿာ ၃၇၄၀၀ ၊ ဆား ၂၅ ကျပ်သားပါ ၆၅ ထုပ်၊ ကုလားပဲ ၂၅ ကျပ်သားပါ ၅၅ ထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ ၅၂ ဘူး၊ ငါးခြောက် ၁၀ ကျပ်သားပါ အထုပ် ၈၀၊ ကြက်ဥ ၈၈၆၈ လုံး၊ ဘဲဥ ၁၄၈၉ လုံး၊ ခေါက်ဆွဲခြောက် များကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ စစ်ကိုင်းမြို့တွင်လည်း ဈေးကားလေးစီး ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ဆံ့ (ရွှေဝါထွန်း)အိတ် ၂၆၀ ၊ စားအုန်း ဆီ ပိဿာ ၃၇၄၀ ၊ ဆားပိဿာ ၂၀၊ ကုလားပဲ ၉၇ ဘူး၊ ငါးပိ ရှစ်ပိဿာ၊ ငါးခြောက်ရှစ်ပိဿာ၊ ကြက်သွန်နီ ၄၇၅ ပိဿာ၊ အသားတု ၁၆ ပိဿာ၊ ကြက်ဥ၊ ဘဲဥများနှင့် ပုစွန်ခြောက်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 493 of 2482