#Local_News
Published 29 May 2025
▪️ ကျင်းတုံးလေကြောင်းလိုင်း၏ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ကုန်တင်လေယာဥ် ခရီးစဉ်စတင်ပျံသန်းပြေးဆွဲခြင်းအခမ်းအနားကို ချန်ဒူးမြို့၌ ယခုလ၂၆ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတက်ရောက်ခဲ့ပြီးချန်ဒူး Shuangliu လေကြောင်း စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ချန်ဒူး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုကုမ္ပဏီနှင့် JD လေကြောင်းတို့သည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
▪️ ကျင်းတုံးလေကြောင်းလိုင်းအေနဖြင့် ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဥ်ခရီးစဉ်ကို မေလ၂၆ရက် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၃၆ မိနစ်တွင် လေယာဉ်အမှတ် 737-800BCF ဖြင့် အထည်အလိပ်နှင့် ပိုးထည်အပြည့် တင်ဆောင်ကာ Chengdu Shungliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ပျံသန်းခဲ့ကြောင်း၊ အဆိုပါလေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်တို့ကို တင်ဆောင်၍ တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times