#Local_News
Published 9 December 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် အလုပ်သမားရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ထိုင်းနိုင်ငံ တွင် ရောက်ရှိနေသည့် MoU မြန်မာလုပ်သားများနှင့် တွေ့ဆုံခဲ့ ပြီး အလုပ်သမားရေးရာ ကိစ္စရပ်များ ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံရာတွင် သက်ဆိုင်ရာ မိသားစုများထံရရှိလစာ၏ ၂၅% ပေးပို့ကြရန်၊ Remmittance Management System Mobile Application ဖြင့် မြန်မာနိုင်ငံရှိမိသားစုများထံ တရားဝင် လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲစနစ်ဖြင့် လွှဲပို့နိုင်ရေး ဆောင်ရွက်ကြရန်၊ ပြည်ပရောက် မြန်မာ အလုပ်သမားများအနေဖြင့် တရားမဝင် ငွေလွှဲပြောင်းပေးပို့မှုများကို လျော့နည်းစေရေး၊ ငွေကြေး လိမ်လည်ခံရမှုများ လျော့နည်းပပျောက်စေရေး၊ ၎င်းတို့၏ လုပ်ခလစာများကို တရားဝင် လမ်းကြောင်းများမှတစ်ဆင့် လုံခြုံစိတ်ချစွာ ပြန်လည်လွှဲပြောင်းပေးပို့နိုင်ရေး ရည်ရွယ်လျက် အလုပ်သမားစေလွှတ်သည့် အေဂျင်စီနှင့် အလုပ်သမားများအကြား ချုပ်ဆိုရသည့် သဘောတူ စာချုပ်တွင် အလုပ်သမားသည် ပြည်ပ နိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅% ကို မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြု ထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့် ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ၏ ၂၅% သို့မဟုတ် အများဆုံး ၃ လလျှင်တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅% ကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေးပို့နိုင်ရေးအတွက် အဆိုပါစာချုပ် ချုပ်ဆိုခြင်း ကို ၁-၉-၂၀၂၃ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
မြန်မာလုပ်သား များအနေဖြင့် လုပ်ငန်းခွင်စည်းမျဉ်း စည်းကမ်းများလိုက်နာရေးနှင့် အလုပ်သမားဥပဒေပါရပိုင်ခွင့် များ ပြည့်ပြည့်ဝဝရရှိစေရေးတို့အတွက် အခြေခံဗဟုသုတများ သိရှိထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အခက်အခဲများ၊ ပြဿနာများဖြစ်ပေါ်ပါက သက်ဆိုင်ရာပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ မြန်မာအေဂျင်စီများထံသို့ ဆက်သွယ်ခြင်း၊ အလုပ်သမားသံအရာရှိရုံးနှင့် ဝန်ကြီးဌာနသို့ အချိန်မရွေးဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားတစ်ဦးချင်းစီအား မုန့်ဖိုးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းဘတ် ၅ သန်း ကုမ္ပဏီ The First Good Man Group Co., Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ထိုင်းဘက်ခြမ်းတွင် MoU စနစ်အရ လုပ်ငန်းစဉ် ဆောင်ရွက်နေမှုအခြေနေများ နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြ ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ဘတ် ၅ သန်း အေဂျင်စီ အနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အလုပ်ရှင်၊ အလုပ်သမား ပြဿနာများကို မျှမျှတတ ဝန်ဆောင်မှု ဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံတွင် ယာယီနေထိုင်လုပ်ကိုင်ခွင့် (ပန်းရောင်ကတ်) အတွက် အမည်စာရင်းတင်သွင်းခဲ့သည့် မြန်မာအလုပ်သမားများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ နေထိုင်လုပ်ကိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးခဲ့ကြောင်းနှင့် Work permit နှင့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းစဉ်ဆောင်ရွက်ပြီးသည့် အလုပ်သမားများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်မတိုင်မီ Biometrics data ကောက်ယူခြင်း၊ လူဝင်မှုကြီးကြပ်ရေးဗျုရိုတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရရှိရန် ဆောင်ရွက်ပြီးနောက် Department of Provincial Administration သို့မဟုတ် Bangkok Metropolitan Administration ဌာနများတွင် မှတ်ပုံတင်ခြင်းကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်မတိုင်မီ CI သို့မဟုတ် Passport ဆက်လက် လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် မြန်မာဘက်အနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းငါးခုနှင့် Mobile Team သုံးခု ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အလုပ်သမားများ အများစုနေထိုင် လုပ်ကိုင်သည့် နေရာများသို့ Mobile Team များကို လွယ်လင့်တကူ ရွှေ့ပြောင်းဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်သမားများသည် လုပ်ငန်းခွင်မပျက် အထောက်အထား လျှောက်ထားနိုင်မည်ဖြစ်ပြီး အလုပ်ရှင်အနေဖြင့်လည်း လုပ်ငန်းခွင်ကို အရှိန်အဟုန်မပြတ် ဆက်လက်လည်ပတ်နိုင်မည်ဖြစ်သည့်အပြင် ပွဲစားများ၏ အမြတ်ထုတ်မှုများကိုလည်း ကာကွယ်ပြီးဖြစ်သည့်အတွက် Mobile Team များကို အရေအတွက်များများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ထိုင်းရောက်မြန်မာအလုပ်သမား #ပြည်ထောင်စုဝန်ကြီးသွားရောက်တွေ့ဆုံ #YMG/LW #Yangon_Times
#Local_News
Published 9 December 2023
အယ်နီညိုဖြစ်စဉ်အတွင်း စိုက်ပျိုးရေ လုံလောက်စွာရရှိစေရန်အတွက် တနိုင်ငံလုံးရှိ ဆည်တာတမံများတွင် စိုက်ပျိုးရေ ဧကပေ ၁၂၉သိန်းခန့် သိုလှောင်ထားကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံက သိရသည်။
လာမည့် ၂၀၂၄ ခုနှစ်တွင် အယ်နီညိုရာသီ ဖြစ်စဉ်ကြုံတွေ့လာနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားတာကြောင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နိုင်ငံတစ်၀န်းရှိ ဆည်မြောင်းတာတမံများတွင် စိုက်ပျိုးရေများ စနစ်တကျ စုစောင်းသိုလှောင်ထားရှိကြောင်း သိရသည်။
လက်ရှိ သိုလှောင်ထားသည့် စိုက်ပျိုးရေဧကပေ ၁၂၉သိန်းသည့် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ကာလတူ သိုလှောင်ခဲ့သည့် စိုက်ပျိုးရေပမာဏ ထက်ပိုများကြောင်း သိရသည်။
လာမည့် နွေသီးနှံစိုက်ပျိုးမည့်ရာသီတွင် ယခင်နှစ်များအတိုင်း ဆည်တမံများ၊ ရေတံခါးများ၊ချောင်းပိတ်၊ မြောင်းပိတ်များ မြစ်ရေတင်များနှင့် ရေသွင်းမြောင်း ရေနုတ်မြောင်းများမှနေ၍ နွေသီးနှံစိုက်ဧကများသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် လာမည့် နွေသီးနှံရာသီတွင် စိုက်ပျိုးရေရရှိမှုနှင့် အဆင်ပြေစေမည့် သီးနှံများ ရွေးချယ်စိုက်ပျိုးစေရန် အတွက်တောင်သူများကို အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
#Local_News #အယ်နီညိုရာသီ #စိုက်ပျိုးရေလုံလောက် #YMG/LW #Yangon _Times
ရန်ကုန်ပါအ၀င်အခြား မြို့ကြီးတွေမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စက်သုံးဆီ၀ယ်ယူရတဲ့ အခက်အခဲ အခြေအနေတွေကြောင့် လူမှုကူညီရေး အသင်းများလည်း အခက်တွေ့နေရတယ်လို့ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Local_News
Published 09 December 2023
#စက်သုံးဆီဝယ်ယူရခက် #လူမှုကူညီရေးအသင်း
#YMG/LW #Yangon_Times
"ဂျပန်၊ တရုတ်နဲ့ဟောင်ကောင်တို့က ရွှေနဲ့ပြုလုပ်ထားတဲ့ မြန်မာ့ကျောက်စိမ်းထည်တွေကို အများဆုံးအားပေးကြပြီး အခုလပိုင်းအတွင်း စပို့နေတယ်"ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်
#Local_News
Published 09 December 2023
#မြန်မာ့ကျောက်စိမ်း #ဂျပန် #တရုတ် #ဟောင်ကောင်
#tthl#Yangon_Times
#Local_News
Published_ 9 December 2023
ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ဒီဇင်ဘာ ၇ ရက်တွင် ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်း (Women Correctional Institute) သို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသား အကျဉ်းသူများအား တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ထိုသို့သွားရောက်စဉ် ညွှန်ကြားရေးမှူး Mrs. Sununta Kongpakpian နှင့် တွေ့ဆုံခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူများ သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများနှင့် ဆက်သွယ်ခွင့်ရရှိရေး အပါအဝင် ကောင်စစ်ရေးရာ ဆက်သွယ်ဆောင်ရွက်ခွင့်ရရှိရေး၊ လူသားချင်းစာနာ ထောက်ထားမှုရရှိရေး၊ လူမှုဖူလုံရေးနှင့် သက်သာချောင်ချိရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့နောက် ကောင်စစ်ဝန်ချုပ်က အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူ (၄၀)ဦး နှင့် ခရစ်ယာန်ဘာသာဝင် ထိုင်းအကျဉ်းသူ (၃၀)ဦးတို့အား တွေ့ဆုံကာ စိတ်ပိုင်းဆိုင်ရာ အားပေးစကားများပြောကြားခဲ့ပါတယ်။
ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာအသိုက်အဝန်းမှ ပရဟိတအသင်းတို့ပူးပေါင်း၍ ထောက်ပံ့လှူဒါန်းသော တစ်ကိုယ်ရည် အသုံးဆောင်ပစ္စည်းများနှင့် အသင့်စားအစားအစာများကို ထောက်ပံ့ပေးခြင်း၊ နေ့လယ်စာ ထမင်းဘူးများ လှူဒါန်းခြင်းနှင့် အကျဉ်းကျခံနေစဉ် မီးဖွားခဲ့သည့်မိခင်များနှင့် ကလေးများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်း၍ ပြုပြင်ထိန်းသိမ်းရေးစခန်းမှ အကျဉ်းသူများ ပြုလုပ်ရောင်းချသော လက်မှုပစ္စည်းများကို ဝယ်ယူအားပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #မြန်မာကောင်စစ်ဝန်ချုပ် #အကျဉ်းကျခံနေရ #ymg_mnn #Yangon_Media_Group
#Local_News
Published 09 December 2023
တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအနေဖြင့် ဒီဇင်ဘာလ(၁၁)ရက်တွင် အဝေးသင်ဝင်ခွင့်စာရင်းများကို သက်ဆိုင်ရာ ဒီဂရီကောလိပ်၊တက္ကသိုလ်များတွင်လည်းကောင်း အွန်လိုင်းမှတစ်ဆင့်လည်း ကောင်းကြည့်ရူနိုင်ပြီဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအနေဖြင့် သက်ဆိုင်ရာ ဒီဂရီ ကောလိပ်၊တက္ကသိုလ်များတွင်ပထမနှစ်အဝေးသင် သင်တန်းဝင်ခွင့်ရရှိသူများစာရင်းကိုကြည့်ရူနိုင်မည့်အပြင် ပညာရေးဦးစီးဌာနwww.moe.gov.mmနှင့် အဆင့်မြင့်ပညာဦးစီးဌာနwww.dhe.gov.mmတွင်ကြည့်ရူနိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။
၂၀၂၃ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ၁၆၁၈၅၀ဦး အနက် စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၀၉၈၅၀ဦး ရှိခဲ့ကြောင်းသိရသည်။
တက္ကသိုလ်ဒီဂရီ ကောလိပ်များအနက်အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ဒီဂရီ ကောလိပ်တက္ကသိုလ် များနိုဝင်ဘာလတွင် ပြန်ဖွင့်ထားပြီဖြစ်ပြီး အဝေးသင်တက္ကသိုလ်၊ ဒီဂရီများကောလိပ်များလည်း မကြာမီပြန်ဖွင့်လှစ်တော့မည်ဖြစ်၍ ဝင်ခွင့်ရရှိသူများစာရင်းကို ဒီဇင်ဘာလ ၁၁ရက်တွင်စတင်ကြည့်ရူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #တက္ကသိုလ်ဝင်တန်း #အဝေးသင်ဝင်ခွင့်စာရင်း #tthl #Yangon_Times
၈ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံတွင်ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေတက်ရောက်ခဲ့
ကောလာဟလ သတင်းတု၊ သတင်းမှားများအား မိနစ်နှင့်အမျှ ထုတ်လွှင့်နေမှုအခြေအနေများ
၈-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်း၊တာမိုးညဲနှင့်ရခိုင်ပြည်နယ်နှုံးဘူးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ
နှင့်ပတ်သက်၍
နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးအပ်ပါတယ်။
Ymg/knl
Page 433 of 1740