ဒီကနေ့က စတင်ပြီး မြစ်ဝကျွန်းပေါ်ဒေသတွေကနေ မုတ်သုန်လေများ စတင်ဆုတ်ခွာနေပြီလို့ အောက်တိုဘာလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 01 October 2025
#မုတ်သုန်လေ #မြစ်ဝကျွန်းပေါ်ဒေသ
#YMG/NN #Yangon_Times
ယခင်က Manualစနစ်နဲ့ ဆောင်ရွက်လျက်ရှိတဲ့ ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်သွင်းတင်ပို့မှုကို ယနေ့မှစတင်ကာ MACCS စနစ်နဲ့ ပြောင်းလဲဆောင်ရွက်မှာဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 01 October 2025
#ရနောင်း_ရန်ကုန် #MACCS
#YMG/SW #Yangon_Times
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင် ရေလှောင်တမံနှင့် ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ဖွယ်ရာအခြေအနေမရှိဘူးလို့သိရပါတယ်။
#Local_News
Published 01 October 2025
#ကျောက်ပန်းတောင်းမြို့နယ် #ကြက်မောက်တောင်ရေလှောင်တမံ
#YMG/NN #Yangon_Times
#Daily_News
Published 01 October 2025
၁။ ကြက်မောက်တောင် ရေလှောင်တမံနှင့်ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိ
၂။ ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်းတင်ပို့မှုကို MACCS စနစ်ဖြင့်ပြောင်းလဲ
၃။ မုတ်သုန်လေများ ယနေ့စတင်ဆုတ်ခွာ
၄။ တောင်အာဖရိက၌အသက်ရှင်လျက်လူနာထံမှကျောက်ကပ်ခွဲစိတ်ဖယ်ထုတ်မှု ပထမဆုံးအနေဖြင့်အောင်မြင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 01 October 2025
▪️ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ် ၌ မီးရောင်စုံအလှများအလှဆင်၍သီတင်းကျွတ်ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ထိုသို့ကျင်းပရာတွင် အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ မွန်းလွဲ ၂ နာရီမှ ည ၉ နာရီအထိအား နိုင်ငံကျော်တေးသံရှင်များဖြင့်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ယင်းသို့တင်ဆက်ရာတွင် ဟဲလေး၊ ထွန်းထွန်း၊ ဟန်ထွန်း၊ ပူစူး၊ ဖြိုးမြတ်အောင်၊ ချစ်ဇွဲသာ၊ ပိုင်ပိုင်၊ ခွန်းဝတီပြည့်၊ သော်တာချမ်းမြေ့နှင့် ပြင်ဦးလွင်မြို့မှတေးသံရှင်များအပြင် DJ ပညာရှင်များဖြစ်သော Axel, 9Nine, Kylo, Diary, Joely, Barni, Zorro, Valatino, AXN နှင့် MC HULK တို့မှလည်း ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်ကာ စားသောက်ဆိုင်များနှင့် ပြင်ဦးလွင်ဒေသထွက်ပစ္စည်းများဝယ်ယူနိုင်ရန် Night Bazaar တို့ကိုလည်းစီစဉ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 1 October 2025
▪️ Narrow Sky အမည်ရှိအနုပညာပြပွဲကိုဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)တွင်အောက်တိုဘာလ၂ရက်မှ ၁၆ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ သိရသည်။
▪️ ပြပွဲတွင်ပြသမည့် အနုပညာလက်ရာများမှာ စက္ကူများကို အနုပညာမြောက်စွာ ချိုးခေါက်လှီးဖြတ်ပုံဖော်သော ကိရိဂမိ(Kirigami) ပညာရပ်ဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာများဖြစ်ပြီး လူသိများသည့်အိုရိဂမိ(Origami)စက္ကူခေါက်ပညာရပ်ကဲ့သို့ပင် ထင်ရှားသည့်ဂျပန်ရိုးရာ အနုပညာ ယဉ်ကျေးမှုတစ်ခု ဖြစ်ကြောင်းသိရသည်။
▪️ တင်ဆက်ပြသမည့်အနုပညာရှင် "ဖြိုးသမိန်" ၏ "Narrow Sky"အနုပညာလက်ရာပြပွဲတွင်ဂျပန်ရိုးရာ Kirigamiနှင့် မြန်မာPapercut ပညာတို့ကိုရောနှောဖန်တီးထားသည့် လက်ရာများလည်းပါဝင်ကြောင်း၊ပြပွဲကိုအောက်တိုဘာလ၂ ရက်မှ ၁၆ရက်ထိ (အပတ်စဉ်တနင်္ဂနွေနှင့်တနင်္လာနေ့များ တွင် မနက် ၉နာရီခွဲမှညနေ၃နာရီခွဲထိပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ ရေကျော်သီတင်းကျွတ်ပွဲစျေးကို အောက်တိုဘာလ(၁)ရက်ကနေ(၇)ရက်နေ့အထိ တစ်ပတ်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2025
#ရေကျော်သီတင်းကျွတ်ပွဲစျေး #ရန်ကုန်မြို့
#YMG/SW #Yangon_Times
Page 298 of 2481