#LocalNews
Published_25 March 2022
ရွှေတိဂုံစေတီတော်ကြီးအားဖူးမျှော်ချိန်ကို မနက်ဖြန် မတ်လ ၂၆ ရက်မှစ၍ နံနက် ၅ နာရီ မှ ည ၇ နာရီထိ တိုးမြှင့်လိုက်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရသည်။
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ ရွှေတိဂုံစေတီတော်ကြီးအား အများပြည်သူ ဖူးမျှော်နိုင်ရန် နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားကာ စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက် ရက်များတွင်ည(၇)နာရီအချိန်ထိ ကိုဗစ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published 25 Mar 2022
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ်( ၁၈ )ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၈ ရပ်ကွက် သုခရတနာလမ်း အိမ်အမှတ် ၁၀၃၁(က) နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေရာ အမျိုးသား(၁)ဦးအားလက်နက်များ၊ ကျည်များ၊ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံး၊ လျှစနက်တံများ၊ ပြောက်ကျားအင်္ကျီများ၊ ယမ်းများနဲ့အတူ နေအိမ်အတွင်းမှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။
"လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတဲ့သတင်းက သတင်းမှန်ပါတယ်။ဥပဒေအရအရေးယူဖို့ဆောင်ရွက်နေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
အဆိုပါနေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချိတ်ပိတ်သိမ်းဆည်းသွားတယ်လို့ အဆိုပါရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 25 March 2022
သင့်တော်တဲ့ ငွေကြေးပမာဏနဲ့ လိုအပ်သူများကို အာဟာရဒါနပြုချင်သူများအတွက် “လှူရအောင်” အစီအစဉ်က ဝန်ဆောင်မှုတွေပေးနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 25 Mar 2022
၁။ မြစ်ကြီးနားမြို့ပေါ်တွင် လုယက်မှုဖြစ်စဥ်တွေများပြားလာပြီး ဒေသခံများ စိုးရိမ်ထိတ်လန့် နေရ။
၂။ ကားမှတ်တိုင်များတွင် ရပ်သည့် Taxi နှင့် Light truck များကို အရေးယူရန်စီစဉ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အစ်မဖြစ်သူ၏ စံချိန်ကိုချိုးဖျက်ပြီး အသက်အငယ်ဆုံး တစ်ကိုယ်တော်ကမ္ဘာပတ်ပျံသန်းသူဖြစ်လာရန် ရည်ရွယ်ထားသည့်ဆယ်ကျော်သက်လေယာဉ်မှူး......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 25 March 2022
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲသွားဖို့စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ကြေညာထားပါတယ်။
YBS ယာဉ်လိုင်းများအား သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ထွက်ရှိတဲ့ယာဉ်လိုင်းနဲ့ ယာဉ်စီးရေအတိုင်းပြေးဆွဲဖို့နဲ့ အခက်အခဲရှိပါက ယာဉ်လိုင်းတစ်လိုင်းရှိ ယာဉ်အင်အားရဲ့ (၃) ပုံ (၁) ပုံထက်လျော့နည်းမှုမရှိစေဘဲ ပြေးဆွဲသွားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယာဉ်စီးခကို သတ်မှတ်ယာဉ်စီးခထက် ပိုမကောက်ခံဖို့ကိုလည်း ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။
အခုလက်ရှိ ရန်ကုန်တိုင်းတွင် ယခင်က ည ၈ နာရီအထိသာ ပြေးဆွဲခဲ့တဲ့ YBS ယာဉ်လိုင်းများကို ည (၁၀) နာရီအထိ တိုးချဲ့ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။
ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ယခင် ၁၀ နာရီကနေ အခု ည (၁၂) နာရီမှ နံနက် (၄) နာရီအထိ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တဲ့အတွက် YBS ယာဉ်လိုင်းများ ညအချိန်ပြေးဆွဲချိန် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 25 March 2022
ဒီကနေ့ မတ်လ ၂၅ ရက်၊ မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊
အုတ်ပုံဆိပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"ယာဥ်မောင်းက ခါးပတ်ပတ်ထားပါတယ်။ ဒါပေမယ့် သူ့ခါးပတ်ကြိုးက လျော့လွန်းနေတော့ ခေါင်းထိသွားတာပေါ့။ ဒဏ်ရာက မစိုးရိမ်ရပါဘူး။"လို့ နယ်မြေခံလူမှုကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် EMS တပ်ဖွဲ့ဝင်များမှ သူနာတင်ယာဉ်(၁)စီးဖြင့် ထွက်ခွာ၍ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိသူ ယာဉ်မောင်းအား ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသပေးခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published_25 March 2022
မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ (Eurasian Economic Union – EAEU) တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation) ကို နောက်သုံးလခန့်ကာလအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။
"ဒီကိစ္စက မကြာဘူး၊သူတို့က အမြန်ဆုံးလုပ်မယ်။လက်မှတ်က လာမယ့် ၃ လ လောက် ဆိုရင် ထိုးဖြစ်ဖို့များတယ်။ဒါက ကောင်းတဲ့အခွင့်အရေးပါပဲ"ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၏ အရာထမ်းတစ်ဦးက YMG ကို ပြောသည်။
ယင်းစာချွန်လွှာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သတ္တုကဏ္ဍ၊ အခြေခံ အဆောက်အဦ၊ သတင်းအချက်အလက်နှင့် ပို့ဆောင်ဆက်သွယ်ရေးနည်းပညာ၊ စက်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတို့နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၂၄ ရက်က နေပြည်တော်ရှိ Park Royal Hotel ၌ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(Eurasian Economic Union – EAEU)တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဖက်အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များပါဝင်သော ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ကြသေးသည်။
EAEU အဖွဲ့ဝင်နိုင်ငံများအနက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့နှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အကာအကွယ်ပေးရေး စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်နေကြောင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင်လည်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအစည်းအဝေးတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကပြောကြားခဲ့သည်။
ဥရောပအာရှစီးပွားရေး သမဂ္ဂ (EAEU) အဖွဲ့အစည်းသည် ၂၀၀၁ ခုနှစ်တွင် Eurasian Economic Community (EAEC) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် Eurasian Economic Union (EAEU) အမည်အသစ်ဖြင့် အသင်းအဖွဲ့၏ လုပ်ငန်းစဉ်များကို ထဲထဲဝင်ဝင် ပိုမိုတိုးမြှင့်ဆောင်ရွက်လာခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
EAEU အဖွဲ့အစည်း၏ တရားဝင်ပြဌာန်းထားသည့် သင်းဖွဲ့လုပ်ငန်းစည်းမျဉ်းများအရ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်စည်၊ ဝန်ဆောင်မှု၊ အရင်းအနှီးနှင့် လုပ်သားအင်အားတို့ကို လွတ်လပ်စွာ ကူးလူးဆက်သွယ်ခွင့်ရှိကြောင်း ဖော်ပြထားသည် သာမက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စီးပွားရေးကဏ္ဍ နယ်ပယ်အသီးသီးတွင် မူဝါဒနှင့် လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းပုံဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ EAEU အဖွဲ့ဝင်အဖြစ် အာမေးနီးယားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ နှင့် ရုရှားနိုင်ငံ စုစုပေါင်း ၅ နိုင်ငံရှိပြီး ကျူးဘားနိုင်ငံ၊ မွန်ဂိုလီးလားနိုင်ငံ နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့အနေဖြင့် စောင့်ကြည့်လေ့လာသူနိုင်ငံများအဖြစ် ရှိနေကြသည့်အပြင် ဗီယက်နမ်နိုင်ငံ၊ ဆားဗီးယားနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့အနေဖြင့် EAEU နှင့် Free Trade Zone အဖြစ်ပါဝင်နိုင်ရေး သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးထားကြကြောင်းလည်း သိရသည်။
EAEU သည် အာဆီယံနှင့်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံပြီးလျှင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ နှင့် လာအိုနိုင်ငံတို့ကလည်း EAEU နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ymg/mt
#Yanggon_Media_Group
Page 2320 of 2418