ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်ကျင်းပနေတယ်လို့ ရှမ်းပြည်နယ်(အရှေ့ပိုင်းခရီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 24 December 2025
#ကျိုင်းတုံမြို့နယ် #ချယ်ရီပန်းပွဲတော်
#YMG/NN #Yangon_Times
#Local_News
Published 24 December 2025
#အစ်မတော်မြနန်းနွယ်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီမံချက် မူကြမ်းကိုရေးဆွဲလုပ်ဆောင်သွားမယ်လို့မြန်မာ_အိန္ဒိယခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေးပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 24 December 2025
#မြန်မာ_အိန္ဒိယ
#YMG/SW #Yangon_Times
ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ ကို ယနေ့ဒီဇင်ဘာ ၂၄ရက်နေ့ က ရန်ကုန်မြို့၊ Melia Hotel (Grand Ballroom)မှာပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 24 December 2025
#ဆန် #Melia_Hotel
#YMG/SW #Yangon_Times
#Daily_News
Published 24 December 2025
၁။ မြန်မာ-အိန္ဒိယ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး လုပ်ငန်းစီမံချက် မူကြမ်းရေးဆွဲမည်
၂။ "အစ်မတော်မြနန်းနွယ်" ၏ (၁၁၉) နှစ်မြောက် မွေးနေ့မင်္ဂလာကျင်းပမည်
၃။ ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်ကျင်းပ
၄။ လေဖြတ်လူနာစိတ်ထဲတွေးတောရုံဖြင့်ဘီးတပ်ကုလားထိုင်နှင့်စက်ရုပ်ခွေးတိုကိုထိန်းချုပ်နိုင်အောင် တရုတ်သုတေသီများတီထွင်ဖန်တီး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 December 2025
▪️ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ရထားလမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ အချက်ပြစနစ် ပိုမိုခေတ်မီလာခြင်းနှင့်အတူ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲများ အသုံးပြုလာနိုင်ခြင်းကြောင့် ရန်ကုန်-မန္တလေး အဓိကရထားလမ်းပိုင်း၌ ရထားအမြန်နှုန်းများ တိုးမြှင့်ပြီး ပြေးဆွဲချိန်လျှော့ချနိုင်ခဲ့သဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လည်းကောင်း၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတို့တွင် လေအိတ်ရထားတွဲဆိုင်းများဖြင့်လည်းကောင်း နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး စီးနင်းမှုများပြားသဖြင့် ခရစ္စမတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများအား အောက်ပါနေ့ရက်များအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်မှာ ဖြစ်ပါတယ်။
▪️ အထက်ပါနေ့ရက်များအလိုက် အထူးရထားများအပြင် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများတွင် လည်း ဝန်ချိန်ပြည့်တွဲဆိုင်းများ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများအတိုင်းဖြစ်ပါတယ်။
▪️ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် အထက်တန်းလက်မှတ်ကို သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
▪️ ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ရထားများအတွက် ကြိုတင်လက်မှတ်များ ရောင်းချရာတွင် ငါးရက် ကြိုတင်ပြီး ဖုန်း ၀၉၈၈၀၉၄၂၆၀၀ (နေပြည်တော်)၊ ၀၉၈၈၀၉၄၂၆၀၁ (ပျဉ်းမနား)၊ ၀၉၈၈၀၉၄၂၆၀၈ (ရန်ကုန်) တို့အား ကြိုတင်Booking ပြုလုပ်၍ MMQR Code ဖြင့် အသုံးပြုကာ ငွေပေးချေခြင်း၊ တန်းစီခရီးသည်များ လက်မှတ်ဝယ်ယူရာတွင်လည်း လက်မှတ်ခကို ငွေသားအပြင် MMQR Code အသုံးပြု၍ ငွေပေးချေခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှသိရပါတယ်။
#YMG/MNN #Yangon_Times
#Local_News
Published 24 December 2025
▪️ အရည်အသွေးပြည့်မီသည့် EV များသုံးစွဲနိုင်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီမှ သိရသည်။
▪️ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ် (Electric Vehicle ၊ EV) စစ်ဆေးခြင်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
▪️ အဆိုပါ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်အရ ဆက်စပ်ဌာနများ၊ ပြည်သူတို့နှင့် ပြင်ပလုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များနှင့် ကိုက်ညီသောသင်တန်းကို ယနေ့ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ ကမ္ဘာ့ကားဈေးကွက်သည် ၂၁ ရာစုနှစ်၌ အလျင်မြန်ဆုံး ပြောင်းလဲမှုကို ကြုံတွေ့နေရကြောင်း၊ EV ခေတ်သို့ ပြောင်းလဲမှုများ၏ အဓိကမောင်းနှင်အားသည် နည်းပညာထိပ်ဆုံးနေရာအတွက် ပြိုင်ဆိုင်မှုနှင့် စီးပွားရေးဆွဲဆောင်မှုများကို တွေ့ရှိရကြောင်း၊ ယင်းသို့ ပြိုင်ဆိုင်မှု ပြင်းထန်ကာ မြန်ဆန်စွာ ဖွံ့ဖြိုးနေသော EV ခေတ်အတွင်း မိမိတို့နိုင်ငံတွင်လည်း EV သုံးစွဲမှုများ တစ်ရှိန်ထိုးမြင့်တက်လာကြောင်း၊ သို့ဖြစ်ရာ ပြည်သူတို့ ဘေးအန္တရာယ်ကင်းရှင်းစွာ အရည်အသွေးပြည့်မီသည့် EV များကို ဝယ်ယူသုံးစွဲနိုင်ရေးအတွက် EV ဆိုင်ရာပြဋ္ဌာန်းပြီး စံချိန်စံညွှန်းများကို သိရှိနားလည်ရန်အပြင် အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်မှုရှိရန် လိုအပ်လာသဖြင့် သင်တန်းသားများသည် ပြည်သူတို့ အရည်အသွေးပြည့်မီသည့် EV များ သုံးစွဲနိုင်စေရေးအတွက် အမှန်တကယ်စစ်ဆေးပေးနိုင်သည့် ကျွမ်းကျင်ပညာရှင်များ ဖြစ်စေရေးအတွက် သင်တန်းချိန်များကို တန်ဖိုးထား၍ မဆုတ်မနစ် ကြိုးပမ်းသင်ယူလေ့ကျင့်ကြရန် လိုအပ်ကြောင်းတိုက်တွန်းမှာကြားသည်။
▪️ ထို့နောက် သင်တန်းနည်းပြတစ်ဦးက သင်တန်းဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတ်မှတ်ပြီး လျှပ်စစ်သုံးယာဉ်ဆိုင်ရာ မြန်မာစံချိန်စံညွှန်း ၁၈ ခုကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးသည် EV အလုပ်ရုံအတွင်း လေ့လာလေ့ကျင့်နေမှုအခြေအနေများကို လှည့်လည်အားပေးကာ လိုအပ်သည်များ မှာကြားသည်။
▪️ အဆိုပါ သင်တန်းသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ သင်တန်းသား ၂၅ ဦး တက်ရောက်ပြီး သင်တန်းကာလ သုံးရက်အတွင်း တစ်ရက်လျှင် ၈ နာရီနှုန်းဖြင့် သင်တန်းချိန် ၂၄ နာရီ သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 223 of 2480