#Local_News
Published 24 December 2025
▪️ အင်းစိန်မြို့နယ်ရှိ သုတေသနဌာနဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသည့် မူလဓာတုဗေဒဓာတ်ခွဲခန်းတည်ဆောက်နေကြောင်းသိရသည်။
▪️ အဆိုပါ အင်းစိန်မြို့နယ်ရှိ သုတေသနဌာနဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသည့် မူလဓာတုဗေဒဓာတ်ခွဲခန်းသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မွန်းလွဲပိုင်းတွင် ရောက်ရှိရာ တာဝန်ရှိသူများက မူလဓာတုဗေဒဓာတ်ခွဲခန်း တည်ဆောက် ပြီးစီးမှုနှင့် စက်ပစ္စည်းများတပ်ဆင်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတုဗေဒပစ္စည်းများကို အမြန်ဆုံးစမ်းသပ်စစ်ဆေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဓာတုဗေဒပစ္စည်းများကို စမ်းသပ်စစ်ဆေးမည့်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ကို မြှင့်တင်ပေးရန်၊ မူလဓာတုဗေဒဓာတ်ခွဲခန်း၌ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို စနစ် တကျ ရေးဆွဲဆောင်ရွက်သွားရန်၊ ဓာတုဗေဒပစ္စည်းများကို စမ်းသပ်စစ်ဆေးမည့် ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်ရန်မှာကြားပြီး မူလဓာတုဗေဒဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ရေးအတွက် ဓာတုပစ္စည်းများ၊ အဏုဇီဝပိုးမွှားများအား စစ်ဆေးနိုင်မည့် စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
▪️ မူလဓာတုဗေဒဓာတ်ခွဲခန်းကို သက်ရှိများနှင့် သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များအပေါ် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများမှ ဖြစ်ပေါ်လာသော ထိခိုက်မှုနှင့် အန္တရာယ်ကိုကာကွယ်ရန်၊ ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံက အတည်ပြုလက်ခံထားသော အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များနှင့် ပြည်တွင်းလိုအပ်ချက်များအရ ဓာတုပစ္စည်းများ၏ အန္တရာယ်အဆင့်အပေါ်မူတည်၍ တားမြစ်ဓာတုပစ္စည်းနှင့် ကန့်သတ်ဓာတုပစ္စည်းစာရင်း ထုတ်ပြန်ရန်၊ “ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းဆိုင်ရာအမိန့်” အရ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ခြင်းအပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွက် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်စေရန်၊ ဓာတုဗေဒပညာရပ်ကို မှားယွင်းအသုံးပြုမှု မရှိစေရန်အတွက် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်လမ်းညွှန်ရန်နှင့် လုပ်ငန်းရှင်များအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် သက်ဆိုင်သော သင်တန်းများနှင့် အသိပညာပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
▪️ မူလဓာတုဗေဒဓာတ်ခွဲခန်းအနေဖြင့် Heavy Metal Element များ၊ ဓာတုပစ္စည်းများကို ဓာတ်ငွေ့အဖြစ် ပြောင်းလဲစေပြီး ဒြပ်ပေါင်းအမျိုးအစားနှင့် ပါဝင်မှုပမာဏကိုတိုင်းတာခြင်း၊ အဏုဇီဝပိုးမွှားများစသည်တို့ကို စမ်းသပ်စစ်ဆေးနိုင်ပြီး မူလဓာတုဗေဒဓာတ်ခွဲခန်းထူထောင်ခြင်းဖြင့် ပြည်ပမှတင်သွင်းလာ မည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများကို စနစ်တကျ ဓာတ်ခွဲတိုင်းတာ စစ်ဆေးပေးနိုင်ခြင်းအားဖြင့် သက်ရှိများ၏ အသက်အန္တရာယ်နှင့် ပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ဂေဟစနစ်အပေါ် ဆိုးရွားသောထိခိုက်မှုများ လျော့နည်းစေခြင်း၊ ဓာတုပစ္စည်းများ၏ အန္တရာယ်အဆင့်အပေါ်မူတည်၍ တားမြစ်ဓာတုပစ္စည်းနှင့် ကန့်သတ်ဓာတုပစ္စည်းစာရင်း ထုတ်ပြန် ပေးခြင်းဖြင့် ဆိုးရွားသည့်ထိခိုက်မှုများကို ကာကွယ်ပေးနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်း များကို ကြီးကြပ်ခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ပါးစေခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်လမ်းညွှန်ခြင်း၊ လုပ်ငန်းရှင်များအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်သက်ဆိုင်သော သင်တန်းများနှင့်အသိပညာပေးခြင်းဖြင့် ဓာတုဗေဒပညာရပ်ကို မှားယွင်းအသုံးပြုမှု မရှိစေခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာနအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သုတေသနဌာနအနေဖြင့် ဆေးဝါးအမယ်သစ်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ထုပ်ပိုးမှုစနစ်များကိုလည်း ခေတ်မီဒီဇိုင်းနည်းပညာများဖြင့် ဈေးကွက်အတွင်း ထိုးဖောက်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်သူများ ကျန်းမာရေးအတွက် သုံးစွဲမှုများပြားသည့် ဆေးဝါးများကို လုံလောက်စွာ ဝယ်ယူအသုံးပြုနိုင်ရေး လိုအပ်ချက်ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ်ပေးသွားရန်၊ MSME ထုတ်ကုန်ပစ္စည်းများကိုလည်း စစ်ဆေးပေးသွားရန်နှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကိုလည်း အများပြည်သူ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရေး လိုအပ်သလိုစစ်ဆေးပေးသွားရန် မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 December 2025
▪️ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်ရှိလွယ်ဆမ်ဆုန်တောင်တက်လမ်းတွင် ယာဉ်တစ်စီး ဘရိတ်ပေါက်တိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
▪️ ၂၃.၁၂.၂၀၂၅ ရက်နေ့၊ ညနေ၆နာရီ အချိန်ခန့်က ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းနယ်မြေ၊ လွယ်ဆမ်ဆုန်တောင်တက်လမ်း မိုင်းဆတ်ဘက်မှ တာချီလိတ်သို့ မောင်းနှင်လာသော MITSUBISHI CANTER FUSOအမျိုးအစား(၆)ဘီး(အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါယာဉ်တိမ်းမှောက်မှုအားမိုင်းဆတ်ခရိုင်မီးသတ်စခန်းမှ ကရိန်းယာဉ်(၁)စီး၊ မိုင်းဆတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မိုင်းတွမ်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၃)ဦး စုစုပေါင်း(၆)ဦးအနက်၊ မ(၂)ဦး(ေ-သဆုံး)ခဲ့ပြီး ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိုင်းဆတ်မြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 December 2025
#ရုက္ခဗေဒဥယျာဉ် #ပြင်ဦးလွင်
#YMG/NN #Yangon_Times
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးဆောင်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာနိုင်ငံလယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပတဲ့ လယ်ယာသုံးစက်ကိရိယာပြပွဲကို ယခုလ(၂၂)ရက်မှ(၂၄)ရက်အထိ ကျင်းပလျှက်ရှိပါတယ်။
#Local_News
Published 23 December 2025
#စက်ကိရိယာပြပွဲ
#YMG/SW #Yangon_Times
ရန်ကုန် - ပဲခူး ပြေးဆွဲနေတဲ့ Diesel Electric Multiple Units DEMUs ( DEMU ) ရထားခရီးစဉ်ပြေးဆွဲမှုတွေကို ဒီဇင်ဘာ ၂၂ရက်နေ့က စတင်ပြီး ရပ်ဆိုင်းလိုက်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
#Local_News
Published 23 December 2025
#DEMU #ရန်ကုန်_ပဲခူး
#YMG/NN #Yangon_Times
#Daily_News
Published 23 December 2025
၁။ ရန်ကုန်-ပဲခူး DEMU ရထားများ ပြေးဆွဲမှုရပ်ဆိုင်း
၂။ စက်ကိရိယာအမျိုးပေါင်း ၃၀၀ ကျော်ပြသသည့်လယ်ယာသုံးစက်ကိရိယာပြပွဲကျင်းပနေ
၃။ ရုက္ခဗေဒဥယျာဉ်သို့ တစ်ရက်လျှင်ပြည်တွင်း၊ပြည်ပခရီးသွား လေးသောင်းခန့် လာရောက်လည်ပတ်
၄။ နီကယ်၊ကိုဘော့၊ဘစ္စမက်တိုပါဝင်ဖွဲစည်းထားသောသတ္တုအသစ်တစ်မျိုးအား တရုတ်တောင်ပိုင်း၌တူးဖော်တွေ့ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးနဲ့အတူ မြန်မာရွှေဈေးလည်း ဆက်တိုက်မြင့်တက်လျှက်ရှိရာမှာ မြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ တစ်ရက်အတွင်း ကျပ်၁၄၀၀၀၀မြင့်တက်ခဲ့ပြီး တစ်ကျပ်သား ကျပ်(၉၃)သိန်းခန့်သို့ရောက်ရှိလာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းမှ သိရပါတယ်။
#Local_News
Published 23 December 2025
#ကမ္ဘာ့ရွှေဈေး #ရွှေ
#YMG/SW #Yangon_Times
Page 224 of 2480