#Local_News
Published_ 6 May 2022
၂၀၂၂ ခုနှစ် ဧပြီလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၄၀၃၄ တန်နှင့် ဆန်ကွဲတန်ချိန် ၁၀၆၉၁၂ တန် စုစုပေါင်း ၂၅၀၉၄၆ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆန်တင်ပို့မှုတွင် ကင်မရွန်းနိုင်ငံသို့ တန်ချိန် ၃၄၀၀၀ ဖြင့် အများဆုံး တင်ပို့ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ တန်ချိန် ၂၃၂၈၇ တန်၊ အင်ဂိုလာနိုင်ငံသို့ တန်ချိန် ၁၅၀၀၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၁၆၅၀ တန်၊ ပိုလန်နိုင်ငံသို့ ၁၁၁၂၅ တန်နှင့် အခြားနိုင်ငံ ၁၇ နိုင်ငံသို့ ဆန်တန်ချိန် ၄၈၉၇၂ တန် တင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် ဆန်ကွဲကို ဘယ်ဂျီယံနိုင်ငံသို့ တန်ချိန် ၃၂၉၀၄ ဖြင့် အများဆုံးတင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ ၃၀၇၅၄ တန်၊ စပိန်နိုင်ငံသို့ တန်ချိန် ၂၅၀၀၀ ၊ နယ်သာလန်နိုင်ငံသို့တန်ချိန် ၁၃၉၀၀၊ ပိုလန်နိုင်ငံသို့ တန်ချိန် ၃၀၀၀ နှင့် အခြား ၃ နိုင်ငံသို့ တန်ချိန် ၁၃၅၄ တန်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 6 May 2022
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ မြန်မာအမျိုးသားဘောလုံးအသင်း၏ အုပ်စုပထမပွဲစဉ်ကို မေ ၈ ရက်တွင် တီမောဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘရူနိုင်းနိုင်ငံမှလွဲ၍ ကျန်အရှေ့တောင်အာရှ ၁၀ နိုင်ငံက ငါးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် လက်ရှိချန်ပီယံနှင့် အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တီမောတို့ ပါဝင်ပြီး အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် လာအိုအသင်းတို့ ပါဝင်ပါတယ်။
အုပ်စုပွဲစဉ်များကို မေ ၆ ရက်မှ ၁၆ ရက် အထိ ပြုလုပ်မှာဖြစ်ပြီး မေ ၆ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် တီမောအသင်း၊ ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Published 5 May 2022
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါ ယင်းတို့လိုချင်တာတွေကို တတ်နိုင်သလောက်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
ဒီကနေ့မေလ(၅)ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က နစကအစိုးရအဖွဲ့ဝင်တွေကို အမှာစကားပြောကြားရာမှာ အဆိုပါစကားကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
တစ်ဖက်တည်းကနေပြီးတော့ တင်းနေလို့မရဘဲ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညှိနှိုင်းဖြေရှင်းရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
“ရိုးရိုးရှင်းရှင်းလေးပဲ ခင်ဗျားတို့ ကျွန်တော် ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်။ ခေါင်းဆောင်တွေ ကိုယ်တိုင်၊ အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် ကျွန်တော်တွေ့ပါမယ်၊ တစ်ဖွဲ့ချင်း ကျွန်တော် တွေ့မယ်၊ ခေါင်းဆောင်တွေကိုယ်တိုင် တစ်ဖွဲ့ချင်းတွေ့ပါမယ်။ အဲ့ဒီခေါင်းဆောင်တွေ လာတဲ့ အခါမှာလည်း တိုင်ပင်လို့ရအောင် အဖွဲ့ဝင်နှစ်ယောက်နဲ့ လာခဲ့ပါ။ ကျွန်တော်နဲ့ ပထမဦးဆုံး ကျွန်တော် စတွေ့မယ်၊ တွေ့ပြီးလို့ရှိရင် ကျွန်တော်က နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီအဖွဲ့ဝင် ၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်း ဆွေးနွေးမယ်။ တစ်ဖွဲ့ချင်း ဆွေးနွေးပြီး အဲ့ဒီအပေါ်မှာ သူတို့ ရအောင် ကျွန်တော်တို့ ရှင်းလင်းပြောမှာပေါ့” လို့ နစကဥက္ကဋ္ဌက တွေ့ဆုံရာမှာ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုပါ အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ထို့အပြင် ပြည်သူတစ်ရပ်လုံးလိုချင်တဲ့ဆန္ဒဟာ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော်ဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင်သွားရမယ်လို့လည်း သူက ကတိပေးပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အုပ်ချုပ်မှု ပုံစံသည် ဆင့်ကဲ ဆင့်ကဲ အုပ်ချုပ်မှု၊ ခွဲဝေပေးတဲ့ အုပ်ချုပ်မှုစနစ်ပုံစံ မျိုးနီးပါး ပဲ လုပ်တာကို ကျွန်တော်တို့ တွေ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ဖက်ဒရယ် အုပ်ချုပ်မှုစနစ်ကို သွားတာ ပိုကောင်းလိမ့်မယ်ဆိုတာကို ဖော်ထုတ်လို့ ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သေချာ နားလည်အောင် ရှင်းလင်းပြပြီးလို့ရှိရင် သူတို့ဘယ်လိုဖြစ်ချင်တာလဲ၊ ကျွန်တော်တို့က ဘယ်လို၊ တိုင်းပြည်အခြေအနေ ဒီလိုရှိတယ်၊ ရှင်းလင်းကြမယ်၊ တွေ့ကြမယ်။ သူတို့ ပြောတာ ကျွန်တော်နားထောင်ပါ့မယ် အကုန်လုံး၊ နားထောင်ပြီးရင်လည်း ဖြစ်သင့် ဖြစ်ထိုက်တာကို ဆန္ဒနဲ့ ဘဝနဲ့ ဒီလိုပြန်ပြီးတော့ ကြည့်ရမယ်” လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေနှင့် တိုက်ရိုက်ဆွေးနွေးပြောဆိုဖို့ဖိတ်ခေါ်ကြောင်း နစက ဥက္ကဋ္ဌက ဧပြီ၂၂ရက်မှာ ရုပ်သံမိန့်ခွန်းတစ်ရပ်ပြောကြားပြီးကြေညာခဲ့တာဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့၁၀ဖွဲ့ထဲတွင်၉ဖွဲ့၊မထိုးရသေးသည့်အဖွဲ့၁၁ဖွဲ့ထဲက ၈ဖွဲ့နှင့် အဆက်အသွယ်ရရှိပြီး တက်ရောက်ဖို့များတယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဧပြီ(၂၇)ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖိတ်ခေါ်ထားမှုအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
#LocalNews
Published - 5 May 2022
သင်္ကြန်ပြီးကာလမှစလို့ ပုဂံ - ညောင်ဦးဒေသသို့ ခရီးသွားဝင်ရောက်မှုတွေ ပြန်လည်နည်းပါးလာခဲ့တယ်လို့ ပုဂံမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_5 May 2022
လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လကစပြီး ကိုဗစ်အကြောင်းပြချက်နဲ့ ပိတ်ထားခဲ့ရတဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ကျိုင်းလပ်မြို့ လာအို- မြန်မာချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ခွင့် ရမယ်ဆိုရင်လည်း လတ်တလောမှာ ကုန်ပို့တဲ့ယာဉ်တွေကိုပဲ နေ့ချင်းပြန်သွားခွင့်ပေးဖို့ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local News
Published-5 May 2022
ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားစာကြည့်တိုက်အတွင်းရှိ ကလေးစာကြည့်တိုက်မှာ ကလေးငယ်တွေအတွက် အပတ်စဥ်စနေနေ့တိုင်း ပုံပြောအစီအစဥ်နှင့် ဆေးရောင်ခြယ်ခြင်းအစီအစဥ်တွေဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Page 2035 of 2201