#Local_News
Published_ 4 May 2022
ရန်ကုန်နဲ့မန္တလေးအတွက် စက်သုံးဆီလက်ကားဈေးနှုန်းနှင့် တိုင်းနဲ့ပြည်နယ် မြို့တော်များအတွက် စက်သုံးဆီလက်လီဈေးနှုန်းတွေကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။
အဆိုပါ စက်သုံးဆီ ဈေးနှုန်းများမှာ MOPS ဈေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီး၊ သုံးစွဲသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက ကော်မတီရဲ့ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေးတိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ မေ ၄ ရက်တွင် ရန်ကုန်မြို့အတွက် ရည်ညွှန်းစက်သုံးဆီ လက်လီစျေးနှုန်းများ အနေဖြင့် အောက်တိန်း ၉၂ တစ်လီတာကို ၁၉၆၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၀၂၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၃၂၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၃၅၀ ကျပ် ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#Local News
Published-4 May 2022
၂၀၂၃ခုနှစ်အတွက် ဂျပန်နိုင်ငံအစိုးရရဲ့ Full Scholarship Program အနေနဲ့ MEXT ပညာသင်ဆုကို မေလ(၁၆)ရက်က စတင်လျှောက်ထားနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကထုတ်ပြန်ထားပါတယ်၊၊
MEXT ပညာသင်ဆုမှာ ဂျပန်အစိုးရက ပေးအပ်တဲ့ ကျောင်းလခ၊ လစဥ်ကြေးနဲ့ အသွားအပြန်လက်မှတ်တွေရရှိမှာဖြစ်ပြီး MEXT Scholarship 2023 intake လျှောက်လွှာတွေကို မေလ (၁၆)ရက်က စတင်ပြီးမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး Page မှာ ထုတ်ပြန်ထားတဲ့ website တွေကတစ်ဆင့် လေ့လာလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်၊၊
လျှောက်ထားနိုင်တဲ့ ပညာသင်ဆု ပရိုဂမ်လေးမျိုးရှိပြီး မိမိတို့ပညာအရည်အချင်းအပေါ် မူတည်ပြီး လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်၊၊
ပညာသင်ဆု Scholarship လျှောက်ထားလိုသူတွေ အနေနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို Myanmar Association of Japan Alumni (MAJA)ကို ပေးပို့ပြီး ပထမဦးဆုံးပြုလုပ်တဲ့ စစ်ဆေးမှုတွေကို ခံယူရမှာ ဖြစ်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#DailyNews
Published -4 May 2022
၁။ ပြည်ပအလှူရှင်များနှင့် NGO များ လှူဒါန်းမှုမရှိ၍ ပြည်ပကဝယ်ယူရသည့် မျက်မမြင်စာရေးလို့ရမည့် စက္ကူများလိုအပ်နေ။
၂။ မြန်မာ့ပြောင်းဈေး အတက်ဖက်ကို ဆက်လက်ဦးတည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဘဂ္ဂဒက်မြို့နံရံများတွင် အီရတ်ပန်းချီဆရာမ နံရံဆေးရေးပန်းချီများဖြင့် အလှဆင်ရေးခြယ်။ ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published 4 May 2022
ကိုဗစ်-၁၉ ကြောင့် ပိတ်ထားရသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ လာအို- မြန်မာချစ်ကြည်ရေးတံတားကို မေလဒုတိယပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးနေကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
"လာအိုဘက်က မေလ ၉ ရက် နေ့နဲ့ ၁၃ ရက် အတွင်း ပြန်ဖွင့်ဖို့ ကမ်းလှမ်းထားတယ်။ မေလ ၃ ရက်နေ့က ကျိုင်းလပ်မြို့ အစည်းအဝေးခန်းမမှာ လာအိုနိုင်ငံတာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့တယ်။ မြန်မာ- လာအို- တရုတ် ကုန်သွယ်ရေး၊ ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ရေးတွေမှာ လိုက်နာရမယ့် အချက်တွေဆွေးနွေးကြတယ်။ ပြန်ဖွင့်ရင်တော့ တံတားကို မနက် ၇ နာရီကနေ ညနေ ၅ နာရီထိ ဖြတ်သန်းခွင့်ပြုမယ်"ဟုအဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။
မြန်မာ−လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတားသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလတ်မြို့နှင့် လာအို ပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ လွန်နသန်ပြည်နယ်၊ လောင်းဝ်ခရိုင်၊ ဟွေဟုန်းကျေးရွာတို့ကို ဆက်သွယ်တည်ဆောက်ထားသည့် နယ်စပ်ဖြတ်ကျော်တံတားတစ်စင်းဖြစ်သည်။ အဆိုပါ တံတားမှာ ဗီယက်နမ်နိုင်ငံ ဟိုင်ဖုန်းဆိပ်ကမ်းမှ လာအိုနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်မည့် မြောက်ပိုင်းစီးပွားရေးစင်္ကြန်ပေါ်တွင် တည်ရှိသည့်အတွက် မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွက် အကျိုးစီးပွား ဖြစ်ထွန်းစေမည့် တံတားကြီးတစ်စင်းဖြစ်ပြီး၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ရာ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်က ပြီးစီးပြီး၂၀၁၅ ခုနှစ် မေလ ၉ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တံတားအမျိုးအစားမှာ သံမဏိသံဘောင်အမျိုးအစား၊ တံတားအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် ၁ ဒသမ ၂ မီတာ၊ အမြင့် ၁၀ မီတာ၊ တံတားခံနိုင်ဝန် မှာ(၇၅) တန်ဖြစ်ပြီး တံတားအရှည် ၂၂၆၉ ဒသမ ၂၇ပေ ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local News
Published- 4 May 2022
၂၀၂၂ခုနှစ်၊ မေလ(၃)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ အမှတ် (၁)ရပ်ကွက်၊ (၁၀)ရပ်ကွက်နှင့် (၁၂)ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ ပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်၊၊
အဲဒီလိုပြိုကျပျက်စီးမှုတွေရှိတဲ့အတွက် မအူပင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာ့ဝန်ထမ်းတွေကထိခိုက်ခံစားရတဲ့ အိမ်ထောင်စုတွေကို ပြောင်းရွှေ့ပေးတာ၊ သစ်ပင်၊ သစ်ကိုင်းတွေ ရှင်းလင်းပေးတာတို့ကို ကူညီဆောင်ရွက်ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်မှုတွေလည်းပြုလုပ်ပေးခဲ့ကြပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_3 May 2022
သင်္ကြန်ပြီး နှစ်ပတ်ဝန်းကျင်အကြာမှာ အခေါက်ရွှေ တစ်ကျပ်သားကို ၇ သောင်းစွန်းစွန်း ကျဆင်း လာခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_3 May 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ဘောလုံးကွင်းရပ်ကွက်မှာ တည်ဆောက်နေတဲ့ ပထမဆုံး ခေတ်မီ May Yu Shopping Complex တည်ဆောက်မှု လုပ်ငန်းတွေ ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ ဖြစ်လို့ လာမယ့်သီတင်းကျွတ်မှာ ဖွင့်လှစ်နိုင်တော့မယလို့ သိရပါတယ်
#Yangon_Media_Group
Page 2038 of 2201