#Local_News
Published _ 2 August 2022

 

လူမူဖူလုံရေးအလုပ်သမားတွေ ဆေးကုသမှုခံယူနိုင်ရန် ပုဂ္ဂလိဆေးခန်း(၂၁)ခုဖြင့် ချိတ်ဆက်မှုများပြုလုပ်ထားကြောင်း လူမှုဖူလုံရေးအဖွဲက ထုတ်ပြန်ထားသည်။

 

လူမှုဖူလုံရေးအာမခံ အလုပ်သမားတွေအနေနှင့် ယင်းဆေးခန်းများတွင် အခမဲ့သွားရောက်ဆေးကုသမှုခံယူနိုင်ပြီး ကုန်ကျငွေကို လူမှုဖူလုံရေးအဖွဲ့မှ စိုက်ထုတ်ပေးမှာဖြစ်ကြောင်း သိရသည်။

 

ထိုပုဂ္ဂလိကဆေးရုံဆေးခန်းများနှင့် ပူးပေါင်းဆေးကုသမှုပေးနိုင်ရန် ၂၀၁၉ ခုနှစ် ကထဲက စတင်ကြိုးစားခဲ့တာဖြစ်ပြီး ယခုဆို ပုဂ္ဂလိကဆေးခန်း (၂၁)ခုအထိချိတ်ဆက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းမှသိရသည်။

 

"မြို့နယ်အလိုက် ဖူလုံရေးဆေးခန်းတွေမှာလည်း လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုခံလို့ရတယ်။ ပိုပြီးကျန်းမာရေးစောင့်ရှောက်ပေးနိူင်ဖို့အတွက် ပုဂ္ဂလိကဆေးခန်းတွေနဲ့ထပ်ပူးပေါင်းလုပ်နေတာ"ဟု လူမှုဖူလုံရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ချိတ်ဆက်ထားသည့် ဆေးခန်းများအနက် ရန်ကုန်၊ မန္တလေး၌အများဆုံးဖြစ်ပြီး ပဲခူး၊ မြိတ်၊ မြစ်ကြီးနား၊ တောင်ကြီး၊ နေပြည်တော်စသည့် မြို့များမှ ဆေးခန်းများလည်းပါဝင်ကြောင်း တွေ့ရှိရသည်။

 

လူမှုဖူလုံရေးအဖွဲ့အနေနှင့် အလုပ်သမားဆေးရုံ(၃)ခု၊ ဌာနကြီးဆေးခန်း(၅၇)ခန်း၊ လူမူဖူလုံရေးဆေးခန်း (၉၆)ခုမှနေ၍ ဆေးကုသမှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group