Published_ 29 Aug 2022
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ(RCSS) အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ဒီကနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံရာ၌နစကဥက္ကဌက စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေး မျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့ကိုအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမယ့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

ထို့နောက် RCSS အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ဖက်ဒရယ်စနစ်ကျင့်သုံး ဆောင်ရွက်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရေး၊ ပြည်သူလူထုတို့၏ လူနေမှုဘဝမြှင့်တင်ရေး၊ လက်နက်ကိုင် ပဋိပက္ခ နှင့် အကြမ်းဖက်မှုများပပျောက်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ သဘောထားအမြင်များကို တင်ပြဆွေးနွေးကြပါတယ်။
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နစကဉက္ကဌက နိုင်ငံတော်ရဲ့ ပထဝီဝင် အနေ အထားအရ အရေးပါမှုနှင့် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံး ဆောင်ရွက်နေတဲ့ အခြေအနေများ၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်တဲ့နိုင်ငံ အများအပြားရှိကြပြီး မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထား၊ အမျိုးသားရေး စရိုက်လက္ခဏာ၊ ယဉ်ကျေးမှုတို့နှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံးဆောင်ရွက်ရန်လိုအပ်တဲ့ အခြေအနေများ၊ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်များ ပြည့်စုံရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပြီး ပညာတတ်များ ပေါကြွယ်ဝမှ သာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိတဲ့ အခြေအနေများ၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိတဲ့ အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group

#Local_News
Published_29 August 2022
ယာဉ်အန္တရာယ်ကြုံနိုင်တဲ့ယာဉ်မောင်းတိုင်း၊ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားကြီးကြပ်ရေးမှူးတိုင်း ရှေးဦးပြုစုနည်းများ မဖြစ်မနေတတ်မြောက်ထားဖို့လိုတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_29 August 2022
ပုဂံဒေသကို သြဂုတ်လအတွင်းနိုင်ငံခြားသားဧည့်သည် (၄၀) ကျော်ဝင်ရောက်ခဲ့ပြီး (၃)လတာအတွင်း နိုင်ငံခြားသားဧည့်သည်(၁၃၀) ကျော်ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန
(ပုဂံရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းအောင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 29 August 2022
စားအုန်းဆီတစ်ပိသာ ၅၀၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးနေပြီး ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတဲ့အတွက်ဆီမရရှိသူများ ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 29 August 2022
ဒီနေ့ ဘုရင့်နောင်ကုန်စည်ဒိုင် အဖွင့်ဈေးအရ ကြက်သွန်နီဈေးက အသေး တစ်ပိသာကို ၂၂၅၀ကျပ်နဲ့ အကြီးတစ်ပိသာကို ၂၇၅၀ကျပ်အထိ ဆက်လက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 29 August 2022
၁။ ကြက်သွန်ဈေး အမြင့်ပိုင်းတွင်ဆက်လက်ရှိနေ
၂။ စားအုန်းဆီ တစ်ပိဿာ ၅၀၀၀ ကျပ် ဝယ်လိုအားရောင်းလိုအားမမျှ၍ ဆီမရသူများရှိနေ
၃။ ပုဂံဒေသကို (၃)လတာအတွင်း နိုင်ငံခြားသားဧည့်သည် (၁၃၀)ကျော်ဝင်ရောက်
၄။ ခေတ်မီအိုင်ယာလန်ထုံးတမ်းနှင့်အညီ အိုင်ယာလန်အလှမယ်ပြိုင်ပွဲကျင်းပပြီးစီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 29 August 2022
ပို့ကုန်ကြေညာလွှာ (ED) ထုတ်ယူပြီးတဲ့ ကုန်ပစ္စည်းတွေကို ED ထုတ်ယူတဲ့နေ့ကနေ ၁၀ ရက်အတွင်း ပြည်ပတင်ပို့ဖို့ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1989 of 2419