#Local_News
Published_ 19 January 2023
ပြည်တွင်းခရီးသွားအများဆုံး သွားရောက်လည်ပတ်လေ့ရှိတဲ့ အင်းလေးဒေသခရီးစဉ်ကို ခရီးသွားအချို့ ဖျက်သိမ်းမှုတွေရှိနေတယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 January 2023
တရုတ်မှ ပြန်လည် ဝင်ရောက်လာသူပြည်တော်ပြန် ၁၀၀ ကျော်အနက် ၃ ဦးတွင် ဇန်နဝါရီ ၁၈ရက်က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်က သိရသည်။
"၁၈ရက်နေ့က နန်းတော်ဂိတ်ပေါက်က မူဆယ်မြို့ကို ပြည်တော်ပြန် ၁၀၀ ကျော် ပြန်လည်ဝင်ရောက်လာတယ်။ စစ်လိုက်တော့ ၃ယောက် မှာ ကိုဗစ်ပိုးတွေ့တယ်။ သူတို့ကို ကိုဗစ်စင်တာမှာ စနစ်တကျ ကုသပေးနေတယ်"ဟုဆိုသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး ၃ဦးကို မူဆယ် ၁၀၅မိုင် ကုတင် ၁၀၀၀ဆေးရုံတွင် အသွားအလာကန့်သတ်၍ စနစ်တကျထားရှိကုသပေးနေကြောင်းလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက်က သိရသည်။
ဇန်နဝါရီ ၈ရက်တွင် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးပြီးနောက်ပိုင်း နှစ်နိုင်ငံအစိုးရ၏သဘောတူညီမှုဖြင့် နေရပ်ပြန်များ ပြန်လည်လက်ခံပေးနေပြီးဇန်နဝါရီလ (၁၄) ရက်ကလည်း နေရပ်ပြန် မြန်မာနိုင်ငံသားပြည်တော်ပြန် (၁၄၀) ကျော်ရှိခဲ့ကြောင်းလည်း သိရသည်။
ပထမအကြိမ်ဝင်ရောက်လာသူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ၊ လဝကကိစ္စရပ်များအား စစ်ဆေးမှုများပြုလုပ်ပြီး မိမိတို့၏ နေရပ်များသို့ ပြန်လည်ထွက်သွားပြီးဖြစ်ကြောင်းနှင့် ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 19 January 2023
ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် အထည်ချုပ်စက်ရုံတွေ၏ ထက်ဝက်ခန့်သည် ဘဏ်စာရင်းမဖွင့်ဘဲ လည်ပတ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၏ ပြောပြချက်အရ သိရသည်။
ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် အထည်ချုပ်စက်ရုံများတွင် ဘဏ်စာရင်းမဖွင့်မထားသည့် အထည်ချုပ်စက်ရုံတွေနှင့် ဘဏ်စာရင်းဖွင့်ပြီးနိုင်ငံခြားငွေမရောက်သည့် စက်ရုံတွေကို အရေးယူခံရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။
ပြည်တွင်း၌ အထည်ချုပ် လုပ်ငန်းပေါင်း ၇၀၀ ကျော် လည်ပတ်နေတဲ့အနက် ဘဏ်စာရင်းဖွင့်လှစ်ကာ နိုင်ငံခြားငွေ ဝင်ရောက်တဲ့ စက်ရုံ ၃၆၂ ရုံသာရှိကြောင်း သိရသည်။
လက်ရှိတွင် အထည်ချုပ်စက်ရုံတွေ၏ နိုင်ငံခြားငွေဝင်ရောက်မှု ကုန်စီးဆင်းမှုတွေကို စစ်ဆေးရာတွင် ယခုနှစ်နိုဝင်ဘာလ ၁၄ ရက်ထိ ဘဏ်ငွေစာရင်းဖွင့်လှစ်ထားပြီး နိုင်ငံခြားငွေဝင်ရောက်သည့် အထည်ချုပ်စက်ရုံ ၃၆၂ရုံ၊ နိုင်ငံခြားငွေဝင်ရောက်မှုမရှိသည့် စက်ရုံ ၂၈၄ ရုံနှင့် ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသည့် စက်ရုံ ၉၂ ရုံ ကို စိစစ်တွေ့ရှိထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 19 January 2023
ပြည်ပအာဖရိကရှိ Madagascar နိုင်ငံမှာ အကျဉ်းကျနေခံရတဲ့ မြန်မာသင်္ဘောသားနှစ်ဦးထောင်ဒဏ်နှစ်(၂၀) မကျအောင် ကူညီဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) ဥက္ကဌထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 19 January 2023
ထိုင်း-မြန်မာနယ်စပ်ဝင်ထွက်ပေါက်များမှ တစ်ဆင့်မြန်မာနိုင်ငံသို့ ပြန်ဝင်မည့်သူများကို ကိုဗစ်လက္ခဏာရှိမရှိနှင့် ကိုဗစ်ပိုးရှိမရှိစစ်ဆေးပြီးမှဝင်ခွင့်ပြုမည်ဖြစ် ကြောင်း ဇန်နဝါရီလ(၁၉)ရက်ကထုတ်ပြန်လိုက်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးထားသူများကို ကိုဗစ်နှင့်ပတ် သက်၍ ကိုယ်အပူချိန်ရှိမရှိ ဖျားနာခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူများကို မြန်မာနိုင်ငံသို့ မဝင်ရောက်မီ(၄၈)နာရီအတွင်း ကိုဗစ်ပိုးရှိမရှိ RDTနည်းဖြင့် စစ်ဆေးကာ စစ်ဆေးထားသည့်အဖြေလွှာကို မြန်မာ-ထိုင်းအရာရှိများထံပြကြရမည်ဖြစ်ကြောင်း သိရသည်၊၊
နယ်စပ်ဝင်ထွက်ပေါက်သတ်မှတ်နေရာများတွင် ကိုဗစ်စစ်ဆေးမှုခံယူရမည့်သူများအနေဖြင့် RDTနည်းဖြင့် စစ်ဆေးရန်ကုန်ကျစရိတ်ကျပ်(၁၅၀၀၀)ကို ခရီးသွားများမှမိမိစရိတ်ဖြင့်အကုန်အကျခံစစ်ဆေးမှုခံယူရမည်ဟု ထုတ်ပြန်ထားသည်၊၊
နှစ်နိုင်ငံနယ်စပ်တွင် နေ့ချင်းပြန်သွားလာမည့်သူများကို RDT စစ်ဆေးမှု မှကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်ဟု ဆိုသည်၊၊
ပုံမှန်အားဖြင့် ကိုဗစ်စစ်ဆေးမှုအဖြေကို နှာခေါင်းတို့ဖတ်ယူပြီး တစ်နာရီအတွင်းကျန်းမာရေးမှထုတ်ပေးမည်ဖြစ်ပြီး ခရီးသွားလာသူများဆက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
နိုင်ငံခြားသားခရီးသည်များ အသွားအလာကန့်သတ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ဆေးကုသမှုစရိတ်များကို ကုန်ကျခံရမည်ဖြစ်ကြောင်း၊သံတမန်များ၊ ကုလသမဂ္ဂ ဝန်ထမ်းများနှင့် မိသားစုဝင်များကိုတော့ Home Quarantine ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်ဧည့်သည်တော်များ၊ နိုင်ငံခြားကိုယ်စားလှယ်များအနေဖြင့် ဆိုက်ရောက်ရက်မတိုင်မီ အနည်းဆုံး(၅)ရက်ကြိုတင်၍ ကိုဗစ်ဗဟိုကော်မတီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့တင်ပြ၍ သတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်တောင်းခံနိုင်ကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 19 January 2023
အရက်ချက်စက်ရုံမီးလောင်ပြင်၌ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးပျောက်ဆုံးနေမှုမှာ ၅ ရက်ရှိပြီဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် (၄)ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့က သိရသည်။
အဆိုပါ တပ်သားမှာ မော်လမြိုင်မြို့နယ် မြိုင်သာယာမှ ရွှေပြည်သာမြို့နယ် (၄)ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့သို့ လာရောက်၍ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်တာဝန်ထမ်းဆောင်နေသူ အသက် ၁၈ နှစ်အရွယ် မောင်ပြည့်ဘုဏ်းမောင်ဖြစ်ကြောင်း၊ တပ်ဖွဲ့ရုံး၌ အဝတ်အစားများနှင့် မှတ်ပုံတင်လည်းကျန်နေခဲ့ကြောင်း သိရသည်။
"သူက စကားမပီဘူး၊ မွေးရာပါစကားမပီတာပါ၊ စကားက လုံးနေတာပေါ့။ အရက်ချက်စက်ရုံ မီးလောင်တဲ့နေ့ကမီးသတ်ကားပေါ်မှာ ရေထိုင်တာဝန်ယူရင်း ပြုတ်ကျလို့ သူ့ဦးခေါင်းဖုရောင်သွားတာကြောင့် ရွှေပြည်သာဆေးရုံမှာတစ်ရက်တက်ရတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့ ဆင်းတယ်။ ဆေးရုံက ဆင်းလာပြီး နောက်နေ့ ဇန်နဝါရီ လ ၁၅ ရက်နေ့ နေ့လယ်လောက်ကပဲ ဘုရားသွားဖူးမယ်ပြောပြီး ထွက်သွားတာ ခုထိ ပြန်မလာ ၅ ရက် ရှိပြီ၊ ထွက်သွားတော့ အဝတ်တထည်ကိုယ်တစ်ခုပဲ ၊သူက မော်လမြိုင်ကပါ။ ဒါပေမဲ့ သူ့အမေအိမ်ကိုလည်း မရောက်ဘူး၊ သူ့အိမ်ကလည်းရှာနေကြတယ်။ အခု ရဲစခန်းမှာ လူပျောက်တိုင်ရမလားဆိုတာကိုလည်း ကျွန်တော်တို့ တိုင်ပင်နေကြတယ်"ဟု ယင်း မီးသတ်တပ်ဖွဲ့၏တာဝန်ရှိသူက ပြောသည်။
ယင်းမောင်ပြည့်ဘုဏ်းမောင်အားတွေ့ရှိပါက ရွှေပြည်သာမြို့နယ်၊ ရွှေပြည်လေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့(၄)ရပ်ကွက်၏ တယ်လီဖုန်း ၀၉၄၀၀၅၄၄၄၀၆ ကို ဆက်သွယ်ပေးကြရန်လည်း ထုတ်ပြန်ထားသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published_ 19 January 2023
ယနေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၂၀၀ ကျော်လာပြီး ကျန်စက်သုံးဆီဈေးနှုန်းများသည်လည်း ဆက်တိုက်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
နှစ်ဆန်းပိုင်းတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာကျဆင်းလာသော်လည်း ဇန်နဝါရီ ၁၂ ရက်နောက်ပိုင်းတွင် ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။
ယနေ့(ဇန်နဝါရီလ ၁၉ ရက်)တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၂၃၀ ကျပ်၊ ၉၅ တစ်လီတာ ၂၃၁၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၀၀ ကျပ်ထိမြင့်တက်လာပြီး ယမန်နေ့တွင် ၉၂ တစ်လီတာ ၂၁၅၅ ကျပ်၊ ၉၅ တစ်လီတာ ၂၂၁၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၁၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာသည့်အတွက် သယ်ယူပို့ဆောင်စရိတ်များကြီးမြင့်လာပြီး ကုန်ဈေးနှုန်းအချို့ အနည်းငယ်ဈေးမြင့်တက်လာကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။
ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း၊ သိုလှောင်ထားရှိခြင်းများ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေး ကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
Page 1802 of 2529