#WorldHealth

Published 9 December 2021

 

ကိုဗစ်ရောဂါဖြစ်ပွားရာကနေ ပြန်လည်သက်သာလာတဲ့ လူနာတွေမှ သွေးရည်ကြည်ကိုအသုံးပြုပြီး ရောဂါခံစားနေရတဲ့သူတွေကို ကုသပေးခြင်းမျိုး မပြုလုပ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က တနင်္လာနေ့မှာ အကြံပြုပြောကြားလိုက်ပါတယ်။
သွေးရည်ကြည်ဖြင့်ကုသခြင်းဟာ လူနာတွေရဲ့ အသက်ဆုံးရှုံးနိုင်မှုနဲ့ အသက်ရှူကိရိယာအရေးပေါ်လိုအပ်မှုတွေကို မသက်သာစေနိုင်ဘူးလို့ လက်ရှိအချက်အလက်တွေအရ သိရပါတယ်။

 

သွေးရည်ကြည်မှာပါဝင်တဲ့ antibody တွေဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားခြင်းကို တိုက်ဖျက်ပြီး တစ်ရှူးတွေထိခိုက်မှုမဖြစ်အောင် ကုသနိုင်မယ်လို့ အစက ယူဆထားခဲ့တာဖြစ်ပါတယ်။

 

ကိုဗစ်ရောဂါမှ သက်သာလာတဲ့ လူနာတွေရဲ့ သွေးရည်ကြည်ဟာ ကိုဗစ်ရောဂါအပြင်းအထန်ခံစားရသူတွေမှာ ဘာအကျိုးသက်ရောက်မှုမှ မပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

 

သွေးရည်ကြည်က ကိုဗစ်ရောဂါအပျော့စားမှ အလယ်အလတ် ရောဂါလက္ခဏာတွေခံစားရတဲ့လူနာတွေမှာ ဘာသက်ရောက်မှုမှမရှိကြောင်း တွေ့ရှိခဲ့ကြပြီးနောက် အမေရိကန်က စမ်းသပ်လေ့လာချက်ကိုလည်း မတ်လက ရပ်တန့်ပစ်ခဲ့ပါတယ်။

 

ဒီနည်းလမ်းက အကုန်အကျများပြီး ထိုးနှံဖို့အချိန်ကြာကြောင်း WHO က ဖော်ပြထားပါတယ်။

 

ရောဂါသက်သာလာတဲ့လူနာတွေရဲ့ သွေးရည်ကြည်ကို ရောဂါပြင်းထန်ခြင်းမရှိတဲ့လူနာတွေရော ရောဂါဆိုးရွားနေတဲ့လူနာတွေမှာပါ အသုံးမပြုသင့်ဘူးလို့ ကျွမ်းကျင်သူတွေက ခိုင်ခိုင်မာမာအဆိုပြုထားပါတယ်။

 

ကိုဗစ်ရောဂါပြင်းထန်းခြင်းမရှိတဲ့ လူနာတွေနဲ့ ရောဂါဆိုးရွားနေတဲ့လူနာ ၁၆,၂၃၆ ဦးကို စမ်းသပ်စစ်ဆေးမှု ၁၆ ခုပြုလုပ်ခဲ့ပြီး ရရှိလာတဲ့အချက်အလက်တွေကို British Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

Source: The Jerusalem Post.

#Yangon_Media_Group