#WorldHealth

Published 9 December 2021

 

အိုမီခရွန်မျိုးဗီဇကွဲက SARS-CoV-2 ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံစားဖူးတဲ့သူတွေမှာ ထပ်မံကူးစက်နိုင်ခြေပိုမြင့်မားနိုင်ကြောင်း၊ အခြားမျိုးဗီဇကွဲတွေထက်စာရင် အိုမီခရွန်ကြောင့် ရောဂါထပ်မံကူးစက်မှုဖြစ်ပေါ်နိုင်ကြောင်း ပဏာမတွေ့ရှိထားပါတယ်။

 

အိုမီခရွန်ကို စတင်တွေ့ရှိခဲ့တဲ့ တောင်အာဖရိကနိုင်ငံမှာ ကူးစက်မှုပေါင်း ၂.၈ သန်းနီးပါးကို သုတေသနပြုလုပ်ကြရာ ဘီတာနဲ့ ဒယ်လ်တာမျိုးဗီဇကွဲတွေက ပထမဆုံးအကြိမ်ကူးစက်မှုမှာ အဖြစ်များခဲ့ပေမယ့် ရောဂါပြန်လည်ဖြစ်ပွားမှုနှုန်းကတော့ နည်းပါးကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ အိုမီခရွန်မျိုးဗီဇကွဲ ပေါ်ပေါက်လာတဲ့အချိန်မှာတော့ ရောဂါပြန်လည်ကူးစက်မှုနှုန်းတွေ မြင့်တက်လာခဲ့ကြောင်း သုတေသီတွေက ကြာသပတေးနေ့မှာ ဖော်ပြထားပါတယ်။

 

ပထမဆုံးအကြိမ်ကူးစက်နိုင်ချေထက် ကိုဗစ်ရောဂါဖြစ်ဖူးသူတွေမှာ ရောဂါထပ်မံကူးစက်နိုင်ချေက သိသိသာသာများလာကြောင်း ဆိုပါတယ်။

 

SARS-CoV-2 ရောဂါပိုးကူးစက်မှုတွေမှာ ကူးစက်တဲ့မျိုးဗီဇကွဲကိုသိရှိဖို့အတွက် မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေ မပါဘဲ ရောဂါပိုးကိုရှာဖွေကြပါတယ်။

 

ဒါကြောင့် ရောဂါကူးစက်မှုကြောင့် ခန္ဓာကိုယ်မှာရလာတဲ့ ရောဂါခုခံအားနဲ့ ကာကွယ်ဆေးကရတဲ့ ခုခံအားတွေကို အိုမီခရွန်က ရှောင်ရှားသွားနိုင်တယ်ဆိုတာကို သက်သေပြလို့မရသေးပါဘူး။

 

အိုမီခရွန်မျိုးဗီဇကွဲ ထွက်ပေါ်လာကာ ရောဂါပြန်လည်ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် သုတေသီတွေလည်း အာရုံစိုက်လုပ်ဆောင်နေရကြောင်း ဆိုပါတယ်။

 

Source: Reuters.

#Yangon_Media_Group