၂၂ ဇူလိုင် ၂၀၂၃

ဖွေထိုင်းပါတီဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့တွင် ရှေ့သို့ပါတီ MFP ဆက်လက်ပါဝင်နေသမျှ အဆိုပါညွန့်ပေါင်းနှင့် ပူးပေါင်း လိမ့်မည်မဟုတ်ကြောင်း နိုင်ငံရေးပါတီ(၄)ခုက ကြေညာလိုက်ပါတယ်။

အဆိုပါနိုင်ငံရေးပါတီ(၄)ခုမှာ Bhumjaithai ၊ United Thai Nation ၊ the Palang Pracharath Party (PPRP) နှင့်  Chartthaipattana တို့ဖြစ်ကပြီး ဖွေထိုင်းဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့နှင့်ပတ်သက်လို့ သူတို့ရပ်တည်ချက်ကို ရှင်းရှင်း လင်းလင်းကြေညာခဲ့ကြတာဖြစ်ပါတယ်။

ဘမ်ဂျိုင်ထိုင်း Bhumjaithai ပါတီခေါင်းဆောင် အန်နုတင်ချန်ပီယာကူလ်က သူ့ပါတီဟာ the lese majeste law ပါ ပုဒ်မ၁၁၂ ကိုပြင်ဆင်မယ့်ကိစ္စ ခိုင်မာစွာကန့်ကွက်ပြီး အဲဒါကိုပြင်ဖို့ စည်းရုံးတဲ့ နိုင်ငံရေးပါတီတစ်ခုနှင့် တွဲအလုပ်မလုပ်နိုင် ဘူးလို့ ပြောလိုက်ပါတယ်။

အဲဒီပါတီကို ညွန့်ပေါင်းထဲပါဖို့ ဖွေထိုင်းက လောလောဆယ်အထိချဉ်းကပ်တာမရှိသေးလို့ ဖွေထိုင်းရဲ့ အစီအစဉ်ကို  မသိရ သေးပါဘူး။ ဒါပေမယ့် အဲဒီမဟာမိတ်ထဲ MFP ရှေ့သို့ပါတီပါနေသမျှ သူတို့ တကယ့်ကို ဝင်ပါမှာမဟုတ်ဘူးလို့ သူက ဖြည့်စွက်ပြောလိုက်ပါသေးတယ်။

“ MFP ဟာ ဥပဒေကို ပြင်ဖို့ကြိုးစားနေတဲ့ တစ်ခုတည်းသောပါတီဖြစ်ပြီး နောက်ဆုတ်မယ့်ပုံလည်းမပေါ်ဘူး။ ပါတီရဲ့ အင်အား၊ တိုးတက်သောလှုပ်ရှးမှုနှင့် သူတို့ကိုထောက်ခံသူတွေဟာ ကန့်ကွက်နေတဲ့ကြားထဲက တစ်ပြားသာမှ လျှော့ကြ မှာမဟုတ်ဘူး” လို့သူကပြောပါတယ်။

ယူနိုက်တက်ထိုင်နေးရှင်း UTN ပါတီခေါင်းဆောင် ပီရာပန် သာလီရာသာဗီဘဂါကလည်း ညွန့်ပေါင်းမှာ ရှေ့သို့ပါတီရှိနေ တုန်းပိုဲရင် သူတို့အနေနှင့် ညွန့်ပေါင်းထဲ ဝင်မှာမဟုတ်သလို ဝန်ကြီးချုပ်လောင်းကို ထောက်ခံမယ်ပေးမှာမဟုတ်ဘူးလို့ သူ့ရဲ့ဖေ့စ်ဘုတ်ခ်ကနေ ရေးသားလိုက်ပါတယ်။

သူတို့ပါတီအနေနှင့် နိုင်ငံမှာ အစိုးရတစ်ရပ်ရှိဖို့လိုတာ သိထားပေမယ့်  နိုင်ငံရဲ့ မဏ္ဍိုင်သုံးခုအအပေါ် အလေးထားတယ်။ ပါတီအနေနှင့် ရှေ့သို့ပါတီခေါင်းဆောင်ပီတကို မထောက်ခံရတာဟာ အဲဒီပါတီအနေနှင့် သူတို့နှင့် တူညီတဲ့ သဘောထား ရပ်တည်ချက်မရှိလို့ဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားပါတယ်။

“ နောက်တစ်ကြိမ်ဝန်ကြီးချုပ်ရွေးတဲ့အခါ ရှေ့သို့ပါတီက ညွန့်ပေါင်းထဲဆက်ရှိနေဦးမယ်ဆိုရင် ပါတီအနေနှင့် အဲဒီ ဝန်ကြီးချုပ်လောင်းကိုမဲပေးမှာမဟုတ်ဘူး။ ရှေ့သို့ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှဒတွေအခြေခံပြီးပြောရရင် သူတို့ဟာ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းနှင့် အတွေးအခေါ်ပြောင်းနိုင်မယ်လို့ မယုံကြည်ဘူး” လို့ သူကရေးသားထားပါတယ်။

ပီပီအာပီ PPRP ပါတီရဲ့ကိုယ်စားအဖြစ် ယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ် ကမ်ဖန်ဖက်ဖိုင်းလစ်က သူတို့ဟာ lese majeste law ပြင်ဆင်ဖို့ကြိုးစားတာမှန်သမျှကိုဆန့်ကျင်ကြောင်းနှင့် ရှေ့သို့ပါတီဆက်ရှိနေမယ့် ညွန့်ပေါင်း မှာပါဝင်လိမ့်မယ်မဟုတ်ဘူးလို့ ပြောကြားပါတယ်။

ချတ်ထိုင်းပါတာနာChartthaipattana ပါတီ ခေါင်းဆောင် ဗာရာဝတ်သီပါအာချာကလည်း  ဖွေထိုင်းဟာ lese majeste law ဥပဒေကို ထောက်ခံတဲ့ ပါတီနှင့် တွဲအလုပ်မလုပ်ဘူးဆိုရင်တော့ ဖွေထိုင်းကတင်မယ့် ဝန်ကြီးချုပ်လောင်းကို မဲပေး ဖို့ ဆန္ဒရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Source Bangkok Post

#ThailandPolitics

#MFP