#World_Health
Published 22 July 2023


ဝမ်းဗိုက်မအီမသာဖြစ်ခြင်းဟာ အဖြစ်များတဲ့ အစာချေပြဿနာတစ်ခုဖြစ်ပြီး လူသန်းပေါင်းများစွာကို သက်ရောက်နေပါတယ်။


အများစုကတော့ အစားအစာကြောင့် ဖြစ်တတ်ကြပြီး အာဟာရဆိုင်ရာ ကုသနည်းများ လတ်တလော နာမည်ကြီးလာပါတယ်။

 

ထိုဝေဒနာခံစားရပါက ဝမ်းဗိုက်နာခြင်း၊ အူလမ်းကြောင်း ပုံမှန်အလုပ်မလုပ်နိုင်ခြင်းတို့ကြောင့် နေ့စဉ်လုပ်ဆောင်မှုဘဝတွေမှာ ထိခိုက်လာပါတယ်။

 

အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်ဖောခြင်းတို့ အလှည့်ကျဖြစ်နေတတ်ပါတယ်။

 

ဖြစ်ရတဲ့ အကြောင်းအရင်းတွေက ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ပေါင်းစပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။

 

ဒီဝေဒနာအတွက် သက်သာစေမယ့် အစားအသောက်နည်းလမ်းကတော့ FODMAP လို့အတိုကောက်ခေါ်တဲ့ အချဉ်ဖောက်နိုင်တဲ့ အော်လီဂိုဆက်ခရိုက်၊ ဒိုင်ဆက်ခရိုက်၊ မိုနိုဆက်ခရိုက်၊ ပိုလီအောလ်တို့ ဖြစ်ပါတယ်။

 

ရည်ရွယ်ချက်ကတော့ အစားအစာထဲက ထိုဓာတ်ပစ္စည်း သကြားတွေကို လျှော့ချဖို့ပဲဖြစ်ပါတယ်။

 

လုပ်ဆောင်ရမယ့် အဆင့်တွေကတော့.. ပထမဆုံးအဆင့်မှာက သကြားဓာတ်ပါဝင်တဲ့ အစားအစာအားလုံးကို ရှောင်ရှားရပါမယ်။

 

ဒီလိုမျိုးလျှော့လိုက်တဲ့အခါ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ သက်သာစေသလားဆိုတာကို ကြည့်သွားရပါမယ်။

 

တိုးတက်မှုရှိတယ်ဆိုရင် ဒီနည်းလမ်းက မိမိနဲ့သင့်လျော်တယ်လို့ ဆိုရမှာပါ။

 

ဒုတိယအဆင့်ကတော့ ၆ ပတ်ပြီဂနောက် သိသိသာသာတိုးတက်လာတယ်ဆိုရင် ပထမအဆင့်မှာ ရှောင်ရှားခဲ့တဲ့ သကြားဓာတ်အစားအစာတွေကို ဖြည်းဖြည်းချင်း ပြန်စားသုံးကြည့်ရမှာပါ။

 

ဒါကတော့ ဘယ်အစားအစာတွေက ဘယ်လောက်ပမာဏစားရင် ရောဂါလက္ခဏာဖြစ်လဲဆိုတာကို ရှာဖွေ့ဖို့ဖြစ်ပါတယ်။


တတိယအဆင့်ကတော့ မိမိနဲ့တည့်တဲ့ အစားအစာတွေကိုသာ ကျင့်ကြံစားသုံးသွားဖို့ပဲဖြစ်ပါတယ်။

 

FODMAP နည်းလမ်းက ဗိုက်မအီမသာဖြစ်ခြင်း လက္ခဏာတွေ ပိုမိုဆိုးရွားစေတဲ့ အရာတွေကို သိရှိလာစေနိုင်ပြီး စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။

 

အချို့လူတွေကတော့ ပထမအဆင့်မှာပင် မတက်နိုင်ဘဲ ရောဂါလက္ခဏာဖြစ်မှာကို စိုးရိမ်ပြီး အစားရှောင်ကြပါတယ်။

 

FODMAP နည်းလမ်းဖြင့် အဆင်မပြေရင် အခြားနည်းလမ်းများ အစားထိုးအသုံးပြုဖို့ ကြိုးစားသင့်ပါတယ်။

 

#World_Health #ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကိုသက်သာစေမည့်နည်းလမ်း
Source: The Jerusalem Posth