Published 18 Jan 2023

စပိန်နိုင်ငံ မက်ဒရစ်မြို့တော်အနောက်ဘက် ဆန်တာတိုလိုမီဒီ ပင်နာရက်စ် ရွာငယ်ကလေးမှာ နှစ်စဉ်ကျင်းပတဲ့ 'Las Luminarias' မီးပဒေသာ ရိုးရာပွဲတော်ကို ဒီနှစ်မှာလည်းကျင်းပခဲ့ပါတယ်။

အဲဒီပွဲတော်မှာ ရွာသားတွေဟာ မီးလျှံတွေကြားထဲကို သူတို့မြင်းတွေနှင့် ဖြတ်ဝင်စီးနင်းပြတာဟာ အင်မတန်ကြည့်လို့လှပပြီး ရင်မသည်းဖိုလည်းဖြစ်ကြရပါတယ်။

ဒီပွဲတော်ကို  သူတို့ကိုယ်သန့်ရှင်းစင်ကြယ်စေပြီး သူတော်စင်တွေက သူတို့ကို ကာကွယ်ပေးဖို့ဆိုတဲ့ ယုံကြည်မှုတွေနှင့် ဆင်နွှဲကြတာဖြစ်ပါတယ်။

သူ့အသက် ယခု ၅၄နှစ်ရှိပြီ ငါးနှစ်ခြောက်နှစ်အရွယ်ကတည်းက ဒီပွဲကို နွှဲလာတာ။ ဒီပွဲတော်ဟာ ဘယ်လိုအနှစ်သာရရှိ တယ်ဆိုတာ ပြောမပြတတ်အောင်ပဲလို့ ပွဲတော်လာ အယ်ဒရီဒိုမာတင်ကပြောပါတယ်။

#Las_Luminarias

#Spain_San Bartolome_de_Pinares

#Spain_Culture

Published 18 Jan 2023 စပိန်နိုင်ငံ မက်ဒရစ်မြို့တော်အနောက်ဘက် ဆန်တာတိုလိုမီဒီ ပင်နာရက်စ် ရွာငယ်ကလေးမှာ နှစ်စဉ်ကျင်းပတဲ့ 'Las Luminarias'"/>