Published 17 Dec 2022

အဆိပ်သင့်တဲ့အရက်ကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်မှာ လူ ၃၇ ဦးသေဆုံးခဲ့ရတယ်လို့ ဒီဇင်ဘာ ၁၇ ရက် စနေနေ့မှာ အရာရှိတွေကပြောပါတယ်။ အဲဒီပြည်နယ်ဟာ အရက်သောက်သုံးခြင်း တားမြစ်ထားတဲ့ပြည်နယ်ဖြစ်ပြီး အတည်မပြုရသေးတဲ့သတင်းတွေအရ သေဆုံးသူအရေအတွက်ဟာ ၆၀ကျော်အထိရှိနေတယ်လို့လည်းသိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နေရာတော်တော်များများမှာ အရက်ကိုရောင်းချသောက်သုံးခြင်းတွေကို တားမြစ်ထားတဲ့အတွက် အရက်ပုန်းသမား ပုရိဿတွေအတွက် မှောင်ခိုဈေးကွက်ဟာ အလုပ်ဖြစ်နေခဲ့ပါတယ်။ အဲဒီမှောင်ခိုအရက်တွေဟာ တစ်ခါတစ်ရံမှာ အက်သနောတွေထည့်ထားလို့ နှစ်စဉ် လူရာနှင့်ချီသေဆုံးနေခဲ့ကြရပါတယ်။

ဒေသကထုတ်တဲ့ချက်အရက် မာဟွာနှင့် ဒေစီဒါရူးတွေကို  တနင်္လာနေ့က မင်္ဂလာဆောင်တစ်ခုနှင့် အခြားပွဲတွေမှာ ရွာတော်တော်များများက ရွာသားတွေ သောက်သုံးခဲ့ကြတယ်လို့ နောက်ဆုံးအဖြစ်ဆိုးမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကပြောပါတယ်။

တော်တော်များများဟာ ဗိုက်အောင့်ပြီး အမြင်အာရုံပျောက်ကုန်တယ်လို့ ပြောဆိုလာကြပြီးနောက် အော့အန်လာကြပါတယ်။ ကြာသပတေးနေ့အထိ နောက်ထပ် ၂၀ ဦးသေဆုံးခဲ့ပြီး စနေနေ့မှာတော့ လူဒါဇင်ခန့်ဟာ‌ ဆေးရုံမှာ အသည်းအသန်ဖြစ်နေကြပါတယ်။

“ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း လူပေါင်း နှစ်ဒါဇင်ကျော် သေဆုံးခဲ့တယ်” လို့ ပုလိပ်အရာရှိ တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ အခုအထိ ၃၇ ဦးသေဆုံးခဲ့ပြီလို့လည်း သူကပြောပါတယ်။  ဒါပေမယ့် ဒေသမီဒီယာတွေက သတင်းရေးနေကြတဲ့ ၆၂ ဦးသေတယ်ဆိုတာကိုတော့ သူက အတည်ပြုမပေးနိုင်ပါဘူး။

တရားမဝင်အရက်ချက်လုပ်ရောင်းချတာနှင့်ပတ်သက်တဲ့ လူ၁၀၀ကျော်ကို လွန်ခဲ့တဲ့ သုံးရက်အတွင်း ရဲက ထိန်းသိမ်းလိုက်ပါတယ်။အရက် ၆၀၀လီတာကျော်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

မှောင်ခိုဈေးကွက်နှိမ်နှင်းဖို့ ဒေသအာဏာပိုင်တွေဟာ ဒရုန်းတွေ၊ရဟတ်ယာဉ်တွေနှင့် မော်တော်ဘုတ်တွေအသုံးပြု ကြိးစားခဲ့ကြပေမယ့် အခုနောက်ဆုံး ဖြစ်ရပ်ဟာ အလားတူဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ခဲ့တာတွေမှာ နောက်ဆုံးဖြစ်ခဲ့ရတာလို အေအက်ဖ်ပီကသတင်းပေးပို့ပါတယ်။

Source AFP

#Toxic_alcohol_kills_37_in_India

#Toxic Alcohol_incident_Bihar

#India_Illegal_Alcohol_business

Published 17 Dec 2022 အဆိပ်သင့်တဲ့အရက်ကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်မှာ လူ ၃၇ ဦးသေဆုံးခဲ့ရတယ်လို့ ဒီဇင်ဘာ ၁၇ ရက် စနေနေ့မှာ"/>