#World_Health
Published 3 November 2022

 

ဘော့စ်တွန်တက္ကသိုလ်မှ သုတေသီအဖွဲ့ဟာ သူတို့ရှာဖွေတွေ့ရှိထားတဲ့သီအိုရီအရ အစားအသောက်ထိန်းသိမ်းရန် ဘယ်လောက်အထိခက်ခဲကြောင်း၊ စိတ်ဆန္ဒအပြုအမူတွေကို တွန်းလှန်ရဘယ်လောက်ခက်ခဲကြောင်း ရှင်းပြနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

 

"ကျွန်တော်တို့သီအိုရီမှာ ဦးနှောက်က မသိစိတ်ကနေ လိုက်လျော ညီထွေဖြစ်အောင် တီထွင်ကြံဆတဲ့ မှတ်ဉာဏ်စနစ်တစ်ခုအနေနဲ့ တီထွင်ခဲ့တာဖြစ်ပါတယ်" လို့ အာရုံကြောပရော်ဖက်ဆာ'အန်ဒရူးဘတ်ဒ်ဆန်'က ရှင်းပြခဲ့ပါတယ်။

 

"စစချင်းမှာ မသိစိတ်က ဦးဆောင်သွားပြီးတော့ နောက်ပိုင်းကျမှ ပြန်လည်သိရှိလာကြတာဖြစ်ပါတယ်"

 

အသိစိတ်နဲ့ပတ်သက်တဲ့ သီအိုရီတွေ မကြာသေးမီနှစ်များအတွင်း များစွာတွေ့ရှိခဲ့ကြပါတယ်။

 

ဦးနှောက်ဟာ သတိရှိသည်ဖြစ်ဖြစ် သတိမရှိစွာဖြစ်ဖြစ် သိမြင်မှုဆိုင်ရာဖြစ်စဉ်များကို အားပေးခြင်း နှိမ့်ချခြင်းတို့နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံကိုတွေ့နိုင်ပါတယ်။

 

လှုံ့ဆော်မှုများက အဖြစ်အပျက်များပေါ်မူတည်ပြီး ဦးနှောက်ကနေ သတိလက်လွတ်ဖြစ်သွားတဲ့ ဖြစ်ရပ်ဆီဝင်ရောက်ကာ သတိရှိနေတယ်လို့ယုံကြည်ထားတဲ့ လုပ်ဆောင်ချက်များကို လုံးဝထိန်းချုပ်ထားကြောင်း သီအိုရီအသစ်မှာ ဖော်ပြထားပါတယ်။

 

ဒီလိုကြောင့်ပဲ လူတွေဟာ အငမ်းမရစားမိတာမျိုးကို မလုပ်သင့်ဘူးဆိုတာသိပေမယ့် လုပ်လိုက်မိတာဖြစ်ကြောင်း သိရပါတယ်။

 

"လူတွေရဲ့အတွေးတွေက ထိန်းချုပ်နိုင်စွမ်းမရှိတာများပါတယ်၊ ဒါကြောင့်ပဲ အိပ်ချင်တဲ့စိတ်တွေ၊ စားချင်တဲ့စိတ်တွေကို ရပ်တန့်ဖို့ခက်နေတာပါ" လို့ 'ဘတ်ဒ်ဆန်'က ရှင်းပြခဲ့ပါတယ်။

 

မှတ်ဉာဏ်ချို့တဲ့တဲ့ရောဂါတွေလို အာရုံကြောရောဂါတွေကို ဥပမာကြည့်ပြီး သုတေသီတွေက သက်ရောက်မှုရှိမယ်လို့ ဖော်ပြခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group