Published 6 Oct 2022

တောင်ကိုရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ ဘူဆန်မှာ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဘူဆန်ရုပ်ရှင်ပွဲတော်ဟာ အာရှရဲ့ အကြီးဆုံးရုပ်ရှင်ပွဲတော်ဖြစ်ပြီး  ကိုဗစ်ကပ်ဘေးအလွန် ဒီနှစ်မှာ ပုံစံအပြည့် ပြန်လည်ကျင်းပပေးခြင်းဖြစ်ပါတယ်။

ဖွင့်ပွဲမှာ အီရန်ရဲ့ရုပ်ရှင်ဇာတ်ကာတစ်ကားကို စတင်ပြသဖွင့်လှစ်ပေးခဲ့ပါတယ်။

အဆိုပါဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖွင့်ပွဲသို့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ဒါရိုက်တာတွေနှင့် ပရိဿတ်တွေ တက်ရောက်ဆင်နွှဲခဲ့ကြပါတယ်။

တက်ရောက်သူတွေထဲမှာ ဟောင်ကောင်အကျော်ဇေယျ သရုပ်ဆောင် Tony Leung အပါအဝင်  ထိပ်တန်း တောင်ကိုးရီယား ရုပ်ရှင်သရုပ်ဆောင်များနှင့် အာရှကြယ်ပွင့်တွေပါတက်ရောက်ခဲ့ကြပါတယ်။

ဒီပွဲတော်ကို ကော်ဇော်နီအခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာ ၁၄ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

Source AFP

#Busan_International_Film_Festival

#South_Korea

#Asia’s_Biggest_Film_Festival

Published 6 Oct 2022 တောင်ကိုရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ ဘူဆန်မှာ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ "/>