Published 27 Sept 2022

နာဆာရဲ့ DART အာကာသယာဉ်(ဒုံး)ဟာ တနင်္လာနေ့က Dimorphos  ဂြိုဟ်သိမ် ဂြိဟ်ငယ်ကလေးတစ်လုံးကို ဝင်တိုက်ဖျက်ဆီးပစ်ခဲ့နိုင်ပါတယ်။

ငွေအကြွေဖြင့်ပစ္စည်းဝယ်စက် vending machine စက်တစ်လုံးအရွယ်အစားခန့်သာရှိတဲ့ အဆိုပါ နာဆာရဲ့  DART အာကာသယာဉ်ဟာ ဘောလုံးကွင်းတစ်ကွင်းစာအရွယ်ရှိတဲ့ Dimorphos ဂြိုဟ်သိမ်ကို အောင်မြင်စွာ ဝင်တိုက်ဖျက်ဆီးလိုက်နိုင်တာကို DART မစ်ရှင်မှာ တပ်ဆင်ပေးလိုက်တဲ့ DRACO ကင်မရာကနေတစ်ဆင့်  မြင်တွေ့ကြရပါတယ်။

ဒါဟာ ကမ္ဘာပေါ်က သက်ရှိတွေ ဂြိုဟ်သိမ်ဂြိုဟ်မွှားကျရောက်မှုကြောင့် သေကြေပျက်စီးရမယ့် အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ဖြစ်ပါတယ်။

“ ကမ္ဘာ့ပထမဆုံး ကမ္ဘာ့လေ ကာကွယ်ရေးစမ်းသပ်မစ်ရှင်အတွက် အကျိူးသက်ရောက်မှု အတည်ပြုခဲ့ပါပြီ” လို့ နာဆာရဲ့ တိုက်ရိုက်ရုပ်သံထုတ်လွှင့်တဲ့ဗွီဒီယိုဂရပ်ဖစ်မှာ ဖော်ပြထားပါတယ်။စောင့်ကြပ်ကြည့်ရှုနေကြတဲ့အင်ဂျင်နီယာတွေနှင့် သိပ္ပံပညာတွေဟာ အောင်မြင်မှုကို လက်ခုပ်လက်ဝါးတီး ဂုဏ်ပြုခဲ့ကြပါတယ်။

Source: AFP/NASA

#Moonlet_asteroid

#Dimorphos

#DART_spaceship_NASA

Published 27 Sept 2022 နာဆာရဲ့ DART အာကာသယာဉ်(ဒုံး)ဟာ တနင်္လာနေ့က Dimorphos ဂြိုဟ်သိမ် ဂြိဟ်ငယ်ကလေးတစ်လုံးကို ဝင်တိုက်ဖျက်ဆီးပစ်ခဲ့နိုင်ပါတယ်။ "/>