#WorldHealth
Published 19 July 2022

 

ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူတွေကို လေဖိအားမြင့်ပတ်ဝန်းကျင်မှာ သန့်စင်တဲ့အောက်ဆီဂျင်ရှူခိုင်းခြင်းဖြင့် အခြေအနေတိုးတက်လာနိုင်ဖွယ်ရှိကြောင်း အစ္စရေးလ်လေ့လာချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

 

သုတေသီတွေက အနည်းဆုံး ၃ လတိုင်အောင် ကိုဗစ်နောက်ဆက်တွဲဝေဒနာခံစားနေရသူ ၇၃ ဦးကို လေဖိအားမြင့်နေရာမှာ အောက်ဆီဂျင်ပေးခြင်း (HBOT) ကုသနည်းဖြင့် စမ်းသပ်ခဲ့ကြပါတယ်။

 

ထိုလူနာတွေကို ပုံမှန်ထက်အောက်ဆီဂျင်ပိုရစေရန် ပုံမှန်လေဖိအားထက် ၂ ဆ ၃ ဆပိုများတဲ့ အခန်းထဲမှာ အောက်ဆီဂျင်ရှူသွင်းခြင်းမျိုးကို အကြိမ် ၄၀ ခန့်ပြုလုပ်ခိုင်းခဲ့ပါတယ်။

 

နောက်ဆုံးကုသမှု အကြိမ်ပြီးဆုံးနောက်ခဏအကြာမှာပဲ HBOT ကုသနည်းခံယူတဲ့ လူတွေဟာ ကုသမှုမခံယူတဲ့လူတွေထက် ဝေဒနာလက္ခဏာခံစားရမှုအပိုင်းတွေမှာ သိသိသာသာတိုးတက်လာကြောင်း အင်္ဂါနေ့က Scientific Reports မှာ ဖော်ပြထားပါတယ်။

 

လက္ခဏာခံစားရမှုသက်သာလာခြင်းက ဦးနှောက်တည်ဆောက်ပုံနဲ့လုပ်ဆောင်ပုံရဲ့ သံလိုက်ပဲ့တင်ရိုက်ခတ်မှုအထောက်အထားတွေနဲ့ ဆက်စပ်နေပြီး ဦးနှောက်သို့ အောက်ဆီဂျင်ပါဝင်မှုများတဲ့ သွေးတွေကို ပိုဆောင်ပေးကြောင်း ဖော်ပြထားပါတယ်။

 

HBOT နည်းလမ်းက ဒဏ်ရာကောင်းစွာ မသက်သာတဲ့အနေအထားမှာ အသုံးပြုလေ့ရှိပြီး ဦးနှောက်ထိခိုက်ဒဏ်ရာအတွက် ကုသနည်းအဖြစ်လည်း မကြာသေးမီကမှ စမ်းသပ်ခဲ့ပေမယ့် ကိုဗစ်နောက်ဆက်တွဲဝေဒနာအတွက်ကတော့ ပထမဆုံးစမ်းသပ်မှုဖြစ်ပါတယ်။ တွေ့ရှိမှုများကို အတည်ပြုနိုင်ဖို့နဲ့ အသုံးပြုနိုင်မယ့်လူနာအမျိုးအစားတွေကို သိရှိဖို့ နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း သုတေသီတွေပြောကြားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group