Published 19 May 2022

၁၉၅၅ခုနှစ်က၁၉၇၅အထိ ဗီယက်နမ်စစ်ပွဲရဲ့ ကြောက်ဖက်ဖွယ်ရာတွေကြားထဲ တိုက်ခိုက်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲ စစ်ပြန်ကြီးတစ်ဦးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရက်စက်တဲ့ စစ်ရာဇဝတ်တွေကျူးလွန်ခဲ့တာ ထုတ်ဖော်ပြသတဲ့ ပြပွဲပြတိုက်တစ်ခုကို တည်ထောင်ခဲ့ပါတယ်။

နှစ်ဆယ်ရာစုမှာ ဗီယက်နမ်စစ်ပွဲဟာ အဆိုးရွားဆုံး ပဋိပက္ခတွေထဲကတစ်ခုဖြစ်ပါတယ်။ အရပ်သား နှစ်သန်းကျော် သေဆုံးခဲ့ရပြီး လူသုံးသန်းကျော် ဒုက္ခသည်တွေဖြစ်ခဲ့ရပါတယ်။ စစ်ပြီးတာ နှစ်ပေါင်း ၅၀နီးပါးခန့်ရှိလာပေမယ့် ဗီယက်နမ်စစ်ပွဲရဲ့ စစ်ပြန်ကြီးတွေအဖို့ ရက်စက်ကြမ်းကြုတ်တဲ့ ဒီစစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ အကင်းမသေသေးဘဲရှိနေပါတယ်။

တွန်ကင်ပင်လယ်ကွေ့မှာ ၁၉၆၄ခုနှစ်တုန်းက အမေရိကန်စစ်သင်္ဘောတစ်စီးကို ဗီယက်နမ် ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ တော်ပီဒိုသင်္ဘောတွေကနေ တိုက်ခိုက်ခဲ့တယ်လို့  အမေရိကန်သမ္မတ လင်ဒွန်ဂျွန်ဆင်က ပြောခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်စစ်တပ်ဟာအဲဒီကိစ္စကိုအကြောင်းပြုပြီး  ဗီယက်နမ်မြောက်ပိုင်းကို တိုက်ခိုက်မှုတွေစတင်ခဲ့ပါတော့တယ်။

၁၉၄၃ ခုနှစ်မှာ မွေးဖွားတဲ့ လမ်ဗန်ဘန်ဟာ အမေရိကန်တို့ကျူးကျော်မှုစတင်ပြီး မကြာမီမှာပဲ တပ်ထဲဝင်ခဲ့ပါတယ်။ယခု ဟနွိုင်းမြို့ ဖူချန်မှာနေထိုင်တဲ့ လမ်ဟာ သူ့ရဲ့အိမ်ဟောင်းမှာ မနက်တိုင်း စစ်ပွဲမှာ ကျရှုံးခဲ့တဲ့ သူ့ရဲဘော်ရဲဘက်တွေကို တိတ် ဆိတ်စွာနှင့် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဗီယက်နမ်စစ်ပွဲအတွင်း ရက်စက်ကြမ်းကြုတ်မှုတွေကို သတိပြုမိကြစေဖို့အတွက် အိမ်ဟောင်းကို ပြတိုက်အဖြစ် အသွင်ပြောင်းခဲ့ခြင်းဖြစ်ပါတယ်။

Source CCTV Plus

Published 19 May 2022 ၁၉၅၅ခုနှစ်က၁၉၇၅အထိ ဗီယက်နမ်စစ်ပွဲရဲ့ ကြောက်ဖက်ဖွယ်ရာတွေကြားထဲ တိုက်ခိုက်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲ စစ်ပြန်ကြီးတစ်ဦးဟာ"/>