Published 6 May 2022

မာရီယူပူး ဆိပ်ကမ်းမြို့မှာရှိတဲ့ အာဇော့စတယ်လ် သံမဏိစက်ရုံမှာ ရုရှားတပ်တွေ၊ ဒွန်နက်စ်ပြည်သူ့စစ်တွေနှင့် ယူကရိန်းပ်တွေအကြား  တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ စီစဉ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုစင်္ကြံကနေ အရပ်သားတွေ ထပ်မံကယ်ထုတ်တာလည်း မရှိခဲ့ပါဘူး။

CGTN သတင်းထောက် ဒီမစ်ထရီမာဆလက် ဒရုန်းနှင့် ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုမှာ  ယခုရက်များအတွင်း အကြီးအကျယ် အမြောက်တွေနှင့်တိုက်ခိုက်ခဲ့တဲ့ အဝိုင်းခံနေရတဲ့ သံမဏိစက်ရုံကနေ မီးခိုးလုံးကြီးတွေ လိပ်တက်လာတာကိုတွေ့ကြရပါတယ်။

စက်ရုံထဲမှာ ယူကရိန်းစစ်သားတွေ ပိတ်ဆို့ထားတာကနေ အပြင်ထွက်ဖို့ကြိုးစားနေကြတာ တွေ့ရပြီးနောက် သူတို့ဟာအမြောက်တွေနှင့် ပစ်မှတ်ကို အတိအကျတိုက်ခိုက်ခဲ့ကြတယ်လို့ ဒွန်နက်စ်ပြည်သူ့စစ်တွေက‌ပြောပါတယ်။ တစ်ပြိုင်တည်းမှာပဲ ရုရှားတပ်တွေကလည်း ယူကရိန်းတပ်တွေကို ပစ်ခတ်ခဲ့ပါတယ်။

အရပ်သား ၂၀၀ကျော်ဟာ စက်ရုံထဲမှာ ဆက်လက်ပိတ်မိနေဆဲလို့ ခန့်မှန်းထားကြတယ်လို့ ရုရှားမီဒီယာက သတင်းထုတ်ပြန်ပါတယ်။

ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာကြက်ခြေနီအသင်းတို့ဟာ မာရီယူပူးလ်နှင့် သံမဏိစက်ရုံက အရပ်သားတွေကို  တတိယအကြိမ်ကယ်ထုတ်ခဲ့ကြတယ်လို့ ကုလထွေချုပ် အန်တိုနီယိုဂူတာရက်စ်ကပြောပါတယ်။

ယခုအထိ အရပ်သား ၅၀၀ခန့် ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။

Source CMG