Published 02 May 2022

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မေ(၂)ရက် တနင်္လာနေ့က

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကလေးငယ်(၆)ဦးအပါအဝင် လူ(၈)ဦးသေဆုံးခဲ့ရပါတယ်။

အဲဒီအပြင်  နောက်ထပ်လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး အိမ်ခြေပေါင်း ၈၀ လည်း

မီးထဲပါသွားတယ်လို့ မီးသတ်ဌာန အရာရှိတစ်ဦးက ပြောပါတယ်။

ဖိလစ်ပိုင်တက္ကသိုလ်ရဲ့ ပြန့်ကျဲနေတဲ့ ဝင်းထဲက တရားမဝင်ဆောက်လုပ်ထားတဲ့ ပြွတ်သိပ်နေတဲ့ အိမ်ရာတွေထဲက အိမ်တစ်လုံးကို  တနင်္လာနေ့ မနက်၅နာရီမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးစွယ်ကျိုးဖို့အတွက် နှစ်နာရီခန့်ကြာအောင် မီးငြိမ်းသတ်ခဲ့ရပြီး သေဆုံးသူတွေဟာ အိမ်ထဲမှာပိတ်မိနေသူတွေဖြစ်တယ်လို့ အကြီးတန်းမီးသတ်အရာရှိ ဂရက်ဘီချေဒါက အေအက်ဖ်ပီကိုပြောပါတယ်။

မီးလောင်ကျွမ်းရတဲ့အကြောင်းရင်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

Source AFP

Published 02 May 2022 ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မေ(၂)ရက် တနင်္လာနေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ"/>