#WorldHealth
Published 24 April 2022

 

ကိုဗစ်ကပ်ရောဂါစတင်ပျံ့ပွားချိန်ကစလို့ အင်္ဂလန်ရှိ လူ ၁၀‌ ယောက်မှာ ၇ ယောက်ခန့်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနေပြီဖြစ်တယ်လို့ မှတ်တမ်းမှတ်ရာများအရ သိရှိရပါတယ်။

 

လူဦးရေအားလုံးရဲ့ ၇၀.၇ ရာခိုင်နှုန်း သို့မဟုတ် လူနေအိမ်များရှိ လူပေါင်း ၃၈.၅ သန်းဟာ ၂၀၂၀ ဧပြီလနောက်ပိုင်း အနည်းဆုံးတစ်ကြိမ်တော့ ရောဂါကူးစက်ခဲ့ပြီးဖြစ်ပါတယ်။

 

နိုင်ငံတော်စာရင်းအင်းပြုစုဌာန(ONS)က ကိုဗစ်ရောဂါ ကူးစက်မှုစစ်တမ်းများကိုကြည့်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

အဆိုပါစစ်တမ်းကို အင်္ဂလန်မှာ ၂၀၂၀ ဧပြီလကစပြီး ကောက်ယူခဲ့တာကြောင့် အစောပိုင်းမတ်လက ကူးစက်မှုတွေကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။

 

ဒါပေမယ့် ကိုဗစ်ကပ်ရောဂါပျံ့ပွားမှုကာလတလျှောက်လုံးက ကူးစက်သူအားလုံးနီးပါးပါဝင်ခဲ့တဲ့ ပထမဦးဆုံးစစ်တမ်းဖြစ်နေပါတယ်။

 

ONS ကကောက်ယူခဲ့တဲ့မှတ်တမ်းများက ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ပါဝင်နေပါတယ်။

 

ယူကေပြည်ထောင်စုမှ နောက်ထပ် ၃ နိုင်ငံရဲ့အချက်အလက်တွေကိုလည်း ဖော်ပြထားပါသေးတယ်။

 

ဝေးလ်စ်နိုင်ငံမှာ ၂၀၂၀ ဇွန်လ ၃၀ ရက်နေ့မှ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ လူဦးရေ ၅၆ ရာခိုင်နှုန်း ကို‌ဗစ်ရောဂါကူးစက်ခဲ့ပါတယ်။

 

စကော့တလန်နိုင်ငံမှာ ၂၀၂၀ စက်တင်ဘာ ၂၂ ရက်နေ့မှ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ လူဦးရေ ၅၁.၅ ရာခိုင်နှုန်း ကိုဗစ်ရောဂါကူးစက်ခဲ့ပါတယ်။

 

မြောက်အိုင်ယာလန်နိုင်ငံမှာ ၂၀၂၀ ဇူလိုင် ၂၇ ရက်နေ့မှ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ လူဦးရေ ၇၂.၂ ရာခိုင်နှုန်း ကိုဗစ်ရောဂါကူးစက်ခဲ့ပါတယ်။

 

အထက်ပါမှတ်တမ်းဖော်ပြချက်များမှာ လူနေအိမ်များရှိ ကူးစက်သူအရေအတွက်သာဖြစ်ပြီး ဆေးရုံတက်ရောက်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှလူများ၊ လူအများနေထိုင်ရာနေရာများမှလူများ မပါဝင်ပါဘူး။

 

Source: Bloomberg.
#Yangon_Media_Group