Published 23 March 2022

တနင်္လာနေ့ မွန်းလွဲပိုင်းက ပျက်ကျခဲ့တဲ့ တရုတ်အရှေ့ပိုင်းလေကြောင်းပိုင် ဘိုအင်း၇၃၇-၈၀၀ ရဲ့ သေတ္တာနက်တွေထဲက တစ်လုံးကို မတ်လ(၂၃)ရက်  ဗုဒ္ဓဟူးနေ့က ရှာတွေ့ပြီလို့ တရုတ်အရာရှိတွေက ပြောပါတယ်။

အဲဒါကြောင့် နှစ်များစွာအတွင်း တရုတ်နိုင်ငဲရဲ့ ကြေကွဲစရာအကောင်းဆုံး လေကြောင်းလေယာဉ်ပျက်ကျမှုဖြစ်ရတဲ့အကြောင်းရင်းကိုသိရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။

တရုတ်အရှေ့ပိုင်းလေကြောင်လိုင်း ခရီးစဉ်အမှတ် MU5735ဟာ ကူမင်းလေဆိပ်ကနေ ခရီးသည် (၁၂၃) ဦး၊ လေယာဉ်အမှုထမ်း(၉)ဦးတို့ကို တင်ဆောင်ပျံသန်းရင်း ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တန်ကျန်းစီရင်စုမှာ တနင်္လာနေ့ မွန်းလွဲပိုင်းက  ပျက်ကျခဲ့တာပါ။

လေယာဉ်ကို ၂၀၁၅ခုနှစ် ဇွန်၂၂ရက်မှာ စတင်ပျံသန်းဖို့ ပေးပို့ခဲ့တာဖြစ်တယ်လို့ အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေကြောင်းပျံသန်းရေးစည်းမျည်းတွေကို တင်းကြပ်စွာလိုက်နာပြီး နည်းပညာပိုင်းလုပ်ဆောင်မှုတွေလည်း ပုံမှန်ကောင်းမွန်တာတွေ့ရတယ်လို့ ပြောပါတယ်။ လေယာဉ်မှူး(၃)ဦးစလုံးဟာ အရည်အချင်းကောင်းစွာပြည့်မီသူတွေ ဖြစ်တယ်။ အတွေအကြုံလည်းများပြီး ကျန်းမာရေးကောင်းသူတွေဖြစ်တယ်လို့ အရာရှိတွေကပြောပါတယ်။

Source CMG

Published 23 March 2022 တနင်္လာနေ့ မွန်းလွဲပိုင်းက ပျက်ကျခဲ့တဲ့ တရုတ်အရှေ့ပိုင်းလေကြောင်းပိုင် ဘိုအင်း၇၃၇-၈၀၀ ရဲ့ သေတ္တာနက်တွေထဲက တစ်လုံးကို မတ်လ(၂၃)ရက်"/>