Published 23 March 2022

ထိုင်ဝမ်ကျွန်း၊ တိုင်တွန်ခရိုင်ရေပြင်မှာ မတ်၂၃ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁)နာရီ(၄၁)မိနစ်ခန့်က အင်အား ၆.၆အဆင့်ရှိ ငလျင်တစ်ခု  လှုပ်ရှားသွားပါတယ်။

ငလျင်ဗဟိုချက်ဟာ မြေပြင်အောက် အနက်၂၀ကီလိုမီတာအကွာနှင့် မြောက်လတ္တီကျူ၂၃.၄၅ဒီဂရီနှင့် အရှေ့လောင်ဂျီတွတ် ၁၂၁.၅၅ ဒီဂရီနေရာကနေ လှုပ်ရှားသွားတာဖြစ်ပါတယ်လို့ တရုတ်မြေငလျင်ကွန်ယက်စင်တာက ပြောပါတယ်။

ထိုင်ဝမ် အရှေ့ပိုင်းမှာ ဆက်တိုင်လှုပ်ရှားခဲ့တဲ့ ငလျင်တွေရဲ့လှုပ်ရှားမှုကို ထိုင်ဝမ်တစ်ကျွန်းလုံးခံစားရတယ်လို့ ထိုင်ဝမ် မိုးဇလ ဌာနကပြောပါတယ်။

လူတစ်ဦးဒဏ်ရာအနည်းငယ်ရပြီး ငလျင်ဒဏ်ခံရတဲ့ နေရာအတော်များများမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ခဲ့တယ်။ ပြီးတော့ ဟောလျန်ခရိုင်က တံတာတစ်စီးလည်းကျိုးသွားတယ်လို့ ဒေသခံ မီးသတ်ဌာနက သိရပါတယ်။

ငလျင်ကြီးလှုပ်ရှားပြီးနောက် နောက်ထပ် ၆.၁အဆင့်ရှိငလျင်နှင့်  အဆင့်၅ ကျော်ကျော်ရှိတဲ့ ငလျင်ငါးခုထပ်မံလှုပ်ရှားသွား တယ်လို့လည်း ထိုင်ဝမ်မိုးဇလဌာနကပြောပါတယ်။

ဒီနှစ်အတွင်းမှာ ယခုငလျင်ဟာ အပြင်းထန်ဆုံးဖြစ်ပြီး ဆက်လှုပ်တဲ့ငလျင်တွေဟာ ငလျင်ကြီးရဲ့လှုပ်ခတ်မှုကြောင့် ပေါ်ပေါက်တဲ့ ငလျင်တွေဖြစ်နိုင်တယ်လို့ ဌာနက ပြောပါတယ်။

Source Xinhua/CMG

Published 23 March 2022 ထိုင်ဝမ်ကျွန်း၊ တိုင်တွန်ခရိုင်ရေပြင်မှာ မတ်၂၃ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁)နာရီ(၄၁)မိနစ်ခန့်က အင်အား ၆.၆အဆင့်ရှိ ငလျင်တစ်ခု "/>