Published 16 March 2022

ရေနံစိမ်းထုတ်လုပ်မှု ပြန်တောက်မယ့်အပေါ် စိုးရိမ်ပူပန်မှုတွေ လျော့ကျလာတဲ့အလျောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေဟာ အင်္ဂါနေ့က  ကျဆင်းလာနေပါတယ်။

ဧပြီလပေးပို့မယ့် WTI ရဲ့ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို ၆.၅၇ဒေါ်လာလျော့ကျသွားပြိး ၉၆.၄၄ ဒေါ်လာဖြစ်သွားပါတယ်။ ဈေးနှုန်း ၆.၃၈ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ နယူးယောက် ကုန်သွယ်အိတ်ချိန်းရဲ့ သတင်းအချက်အလက်အရသိရပါတယ်။ မေလပေးပို့မယ့်ဘရန့်ရေနံစိမ်းဈေးနှုန်းဟာ ၆.၅၄ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ ငွေအားဖြင့်  ၆.၉၉ ဒေါ်လာကျသွားတာ ဖြစ်ပါတယ်။ရေနံစိမ်းတစ်စည်ဟာ ၉၉.၉၁ ဒေါ်လာဖြစ်သွားတယ်လို့ လန်ဒန်ရဲ့ ICE Futures အိတ်ချိန်းကသိရပါတယ်။

တနင်္လာနေ့မှာ WTI နှင့် ဘရန့် တို့ရဲ့ ရေနံစိမ်းဈေးနှုန်းဟာ ၅.၈ရာခိုင်နှုန်းနှင့် ၅.၁ရာခိုင်နှုန်းစီ အသီးသီးကျဆင်းခဲ့တာပါ။

Source CMG

Published 16 March 2022 ရေနံစိမ်းထုတ်လုပ်မှု ပြန်တောက်မယ့်အပေါ် စိုးရိမ်ပူပန်မှုတွေ လျော့ကျလာတဲ့အလျောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေဟာ အင်္ဂါနေ့က "/>