Published: 8 December 2021

 ပါပူဝါးနယူးဂီနီနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးခဲ့ပြီး  ပိုင်ရှင်မပေါ်ဘဲ ထားခဲ့ရတဲ့ လူ၅၄ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ ၈ရက်က ပထမဆုံးအဖြစ် အစုလိုက်အပြုံလိုက် မြှပ်နှံသင်္ဂြိုဟ်ပေးခဲ့ပါတယ်။

ပို့တ်မော့စ်ဘီအထွေထွေဆေးရုံက ရေခဲတိုက်ထဲမှာ ရုပ်အလာင်း၃၀၀ကျော်စုပုံနေပြီးနောက် ဆေးရုံနှင့်အစိုးရအာဏာပိုင်တွေက ယခုလို မြှပ်နှံသင်္ဂြိုဟ်ဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ အဲဒီရေခဲတိုက်ဟာ တကယ်တမ်းတော့ ရုပ်အလောင်း၆၀လောက်ပဲ ထိန်းသိမ်းထားနိုင်တာပါ။အဲဒီအကြောင်းရုပ်သံတင်ဆက်ထားပါတယ်။

Source AFP