Published 18 Nov 2021

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဘစ်ကွိုင်ဟာ ငယ်ရွယ်တဲ့မျိုးဆက်တွေအတဠက် အန္တရာယ်ဖြစ်စေတယ်လို့ ပြောကြားလိုက်ပါတယ်။ သူ့အစိုးရအဖွဲ့က ခရစ်ပ်တိုငွေကြေးနှင့်ပတ်သက်ပြီး ဥပဒေတစ်ရပ်ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ အလျောက် သူက မာမာတင်းတင်းပြောကြားလိုက်တာဖြစ်ပါတယ်။

မိုဒီက အွန်လိုင်းဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဖိုရမ်တစ်ခုမှာ စကားပြောကြားတာပါ။ အိန္ဒိယနိုင်ငံမှာ အလွန်ရေပန်းစားနေပြီး ပြည်နယ်တွေနှင့် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုမလုပ်နိုင်တဲ့ အစစ်ယောင်ပိုက်ဆံ virtual moneyကို မိုဒီက ကန့်သတ်နေပါတယ်။ အနီးကပ်စောင့်ကြည့်ဖို့လိုတဲ့ ဒိုမိန်းတစ်ခုလို့သူကပြောပါတယ်။

 Source AFP