Published 18 Nov 2021
ဟစ်ဟော့ပ်အသိုင်းအဝန်းက သူ့ရဲ့စစ်မှန်မှုနှင့် လွတ်လပ်မှုကို အားကျရတဲ့ ရက်ပ်အဆိုတော် ယန်းဒေါ့ဟာ သူ့ရဲ့မွေးရပ်မြေ တန်းနက်စ်ပြည်နယ် မမ်းဖစ်မြို့ကလေးက ဘီစကွတ်မုံဆိုင်တစ်ခုအတွင်း ဗုဒ္ဓဟူးနေ့က သေနတ်နှင့် အပစ်ခံရပြီး သေဆုံး သွားရပါတယ်။
ပစ်သတ်သွားတဲ့ သံသယတရားခံနှင့်ပတ်သက်လို့ ဘာသတင်းအချက်အလက်မှ မရသေးဘူးလို့ ရဲတပ်ဖွဲ့က တွစ်တာမှာ သတင်းထုတ်ပြန်ပါတယ်။ မမ်းဖစ်နိုင်ငံတကာလေဆိပ်အနီး မာကေဒါ ဘီစကွတ်ဆိုင်ထဲမှာ သေနတ်နှင့်အပစ်ခံရတာပါ။
အသက်၃၆နှစ်အရွယ် ရက်ပ်အဆိုတော် ယန်းဒေါ့ဗ်ဟာ တနင်္လာနေ့ကတည်းက သူ့မြို့ကလေးက ကင်ဆာရောဂါ သည်အဒေါ်ရှိရာကို ရောက်နေတာဖြစ်တယ်လို့ သူ့ညီအစ်ကိုဝမ်းကွဲတော်စပ်သူ မာရီနိုမိုင်ယားစ်က မမ်ဖီးယန်းနေ့စဉ် သတင်း စာကို ပြောပါတယ်။
သူဆိုင်ထဲမှာရှိနေတုန်း လူတစ်ယောက်ဝင်လာပြီး ပစ်သွားတာပဲ လို့ မိုင်ယာစ်က ပြောပါတယ်။
ရက်ပ်အဆိုတော်ဟာ မမ်ဖစ်ကိုရောက်နေရင် သူတို့ဆိုင်ကို ပြန်လာတယ်ဆိုပြီး အဲဒီဘီစကွတ်ဆိုင်က ဆိုင်ကိုအရောင်း တိုးမြှင့်တဲ့ ဗွီဒီယိုတစ်ခု အင်စတာဂရမ်မှာ ပြီးခဲ့တဲ့အပတ်က တင်ခဲ့ပါတယ်။
၂၀၁၉ခုနှစ်တုန်းက လော့အင်ဂျလိမှာ အသတ်ခံရတဲ့ ရက်ပ်အဆိုတော် နစ်ပ်ဆေးဟာဆဲလ်လိုပဲ ယန်းဒေါ့ဗ်ဟာ တေးဂီတ လုပ်ငန်းကို လွတ်လပ်တဲ့ အမြင်နှင့် ချည်းကပ်ဖို့ ကြိုးစားသူဖြစ်ပါတယ်။
သူဟာ ချီကာဂိုမှာ အက်ဘ်ဒိုးလ်သွန်းတွန်ဂျုနီယာအဖြစ် မွေးဖွားခဲ့ပြီး အသက်၂နှစ်အရွယ်မှာ မမ်ဖစ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ သူဟာ ၂၀၀၈ခုနှစ်ကတည်းက Paper Route Campaign နှင့်စတင်ခဲ့ပြီး စတူဒီယိုအယ်လ်ဘမ်များစွာမှာပါဝင်သီဆိုခဲ့ပါတယ်။ အဲဒီအထဲမှာ ၂၀၁၆ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ “King of Memphis လည်းပါဝင်ပါတယ်။
ဘီလ်ဘုတ်ခ်၂၀၀ရဲ့ ထိပ်တန်း၁၀အယ်လ်ဘမ်စာရင်းမှာ သူ့ရဲ့ အယ်လ်ဘ်မ်သုံးခု စာရင်း ဝင်ခဲ့ပါတယ်။၂၀၂၀ခုနှစ်က ထုတ်ခဲ့တဲ့ “Rich Slave ဆိုရင် အဆင့်(၄)ချိတ်ခဲ့တာပါ။
သူဟာ အရင်သေနတ်နှင့်အပစ်ခံရတာတွေတုန်းက လွတ်မြောက်ခဲ့ပါတယ်။ လော့အင်ဂျလိဟိုတယ်တစ်ခုရဲ့အပြင်ဘက်မှာ ၂၀၁၇ခုနှစ်တုန်းက ရန်ပွဲဖြစ်ပြီးနောက် ကြိမ်ဖန်များစွာ သေနတ်ပစ်ခံရပါတယ်။ သူ့ရဲ့ အက်စ်ယူဗွီကားဆိုရင် မြောက်ကာရိုလိုင်းနားမှာ အကြိမ်၁၀၀မက သေနတ်နှင့် အပစ်ခံရပါတယ်။အဲဒါကိုသူကခံစားပြီး “100 Shots.” ဆိုတဲ့ သီချင်းဖြစ်လာပါသေးတယ်။ သူ့ကားမှာ ကျည်ကာတပ်ထားလို့ သူမသေတာလို့လည်း သူကပြောခဲ့ပါသေးတယ်။
Source AP