သုခဒဂုံအငှားအိမ်ရာမှာ အိမ်ခန်းရမယ်လို့ပြောဆိုပြီး ငွေကြေး လိမ်လည်သူတွေရှိနေတာကြောင့် ပြည်သူတွေ သတိပြုကြဖို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကအသိပေးထားပါတယ်။
#Local_News
Published 11 December 2024
#သုခဒဂုံအငှားအိမ်ရာ #ငွေကြေးလိမ်လည်သူများရှိနေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ တရုတ်ယွမ် ၉ သိန်းနီးပါးကို ယမန်နေ့က ထပ်မံထုတ်ရောင်း လိုက်ပါတယ်။
#Local_News
Published 11 December 2024
#တရုတ်ယွမ် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
တစ်နိုင်ငံလုံးရှိ လူကြီး၊ လူငယ်မရွေး တိုင်းရင်းသားအားလုံးပါဝင်ဆင်နွှဲနိုင်တဲ့ ပွဲ တော်ဖြစ်တာကြောင့် မြန်မာ့သင်္ကြန်ပွဲတော်အနေနဲ့ ကမ္ဘာ့ရှေးဟောင်းဒြပ်မဲ့အမွေအနှစ်အဖြစ် ယူနက်စကိုဝင်ခဲ့တယ်လို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 11 December 2024
#မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် #ယူနက်စကိုဝင်
#YMG/NN #Yangon_Times
ယခုဒီဇင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ထုတ်ပြန်ချက်အရ ပြည်တွင်းစားဆန်ဈေးကို ကျပ်၈၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး သတ်မှတ်စျေးအပေါ် ၈ ရာခိုင်နှုန်းထက်ပိုရောင်းချခြင်းမပြုရဘူးလို့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 11 December 2024
#ဈေးကွက်ဈေးနှုန်း #ပိုရောင်းချခြင်းမပြုရ
#YMG/SW #Yangon_Times
#World_News
Published 11 December 2024
▪️ အမေရိကန် ဒုံးကျည်ကာကွယ်ရေးအေဂျင်စီ (MDA)ဟာ ဂူအမ်ကျွန်းမှာ ပထမဆုံးစမ်းသပ်မှုအနေနဲ့ ဝေဟင်သို့ပစ်လွှတ်လိုက်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ပစ်မှတ်ကို အောင်မြင်စွာ ဖြတ်တောက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပင်တဂွန်က အင်္ဂါနေ့မှာ ပြောပါတယ်။
▪️ အနောက်ပစိဖိတ်ဒေသရှိ အမေရိကန်နယ်မြေ ဂူအမ်ကျွန်းဟာ ဗျူဟာမြောက် စစ်ရေးစခန်းတစ်ခုဖြစ်ပြီး တရုတ်ပြည်အနီးမှာ တည်ရှိပါတယ်။
▪️ ထိုဒေသမှာ အမေရိကန်ရဲ့ ရပ်တည်မှု ထိန်းသိမ်းဖို့နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ရန်လိုမှုများကို ဟန့်တားဖို့ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
▪️ ဒီစမ်းသပ်အောင်မြင်မှုဟာ ပြောင်းလဲတိုးတက်လာတဲ့ ဒုံးကျည်ခြိမ်းခြောက်မှုများကနေ ဂူအမ်ကာကွယ်ရေး မြှင့်တင်ဖို့အတွက် ပင်တဂွန်မှ ကတိကဝတ်ပြုထားတာကို ဖော်ပြနေပါတယ်။
▪️ Flight Experiment Mission-02(FEM-02) လို့ခေါ်တဲ့ Aegis Guam စနစ်ကို AN/TPY-6 ရေဒါအသစ်၊ ထောင်လိုက်ပစ်လွှတ်စနစ်တို့ဖြင့် ပေါင်းစပ်ကာ Standard Missile-3 Block IIA ဒုံးကျည်ကို ပစ်လွှတ်ခဲ့ပါတယ်။
▪️ အန်ဒါဆန်လေတပ်စခန်းကနေ ဝေဟင်သို့ ပစ်လွှတ်လိုက်တဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို RTX Corpမှ ထုတ်လုပ်တဲ့ ဒုံးကျည်ဖြင့် အောင်မြင်စွာ ဖြတ်တောက်နှောင့်ယှက်နိုင်ခဲ့ပါတယ်။
▪️ MDA ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး ဟိသ်ကောလင်းစ်က ဒုံးကျည်လိုက်စနစ်နဲ့ ဂူအမ်အတွက် လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် အောင်မြင်မှုနဲ့ ပတ်သက်ပြီး ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
▪️ ယခု ဖြတ်တောက်ဖျက်ဆီးစမ်းသပ်မှုဟာ ဂူအမ်ကာကွယ်ရေးစနစ် (GDS) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် ပူးပေါင်းမြှင့်တင်ရန် ရည်ရွယ်ထားပါတယ်။
▪️ MDA က ယခုစမ်းသပ်ချက်မှ အချက်အလက်များ ရယူကာ အနာဂတ် GDS လိုအပ်ချက်များ ထပ်မံမွမ်းမံသွားဖို့ စီစဉ်နေပါတယ်။
#Source: Reuters
#Local_News
Published 11 December 2024
▪️ ထိုင်းဘုရင့်သမီးတော်ဖလား၊ အသက်(၁၄)နှစ်မှ(၁၈)နှစ်အတွင်း၊မြင်းစီးတန်းခုန်ပြိုင်ပွဲတွင် မြန်မာလူငယ်မြင်းစီးသမား ဖြိုးကျော်မြင့်သန်းသည် ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။
▪️ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် ထိုင်းနိုင်ငံ၊ပတ္တယားမြို့၌ ဒီဇင်ဘာ ၇ရက်မှ ၁၀ရက်အထိ ကျင်းပသည့် ထိုင်းဘုရင့်သမီးတော်ဖလား၊ အသက်(၁၄)နှစ် မှ(၁၈)နှစ်အတွင်း၊မြင်းစီးတန်းခုန်ပြိုင်ပွဲ "Princess Cup - FEI SEA Cup (CSIJ-B PATTAYA 2024) သို့ ဖြိုးကျော်မြင့်သန်းအားဝင်ရောက်ယှဥ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ(Junior တန်း)မှ မြန်မာ့လက်ရွေးမြင်းစီးအားကစားသမား ဖြိုးကျော်မြင့်သန်းသည် ဒီဇင်ဘာ ၁၀ရက်နေ့ပြိုင်ပွဲနောက်ဆုံးနေ့ ယှဥ်ပြိုင်ရာ၌ ကြေးတံဆိပ်ဆုကြီးအား တိုင်းပြည်ဂုဏ်ဆောင်လျှက် ပိုင်ဆိုင်ရယူလာပြီဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌဦးပြုံးမောင်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ လိုက်ပါအားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 December 2024
▪️ ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှ သိရသည်။
▪️ အဆိုပါ ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော 6.6/0.4 kV,(315kV) ထရန်စဖော်မာအား (၂၄)နာရီ ဓာတ်အားရရှိရေး အတွက် 6.6kV မြေအောက်ဓာတ်ကြိုးပေ (၁၄၅၀)ခန့် ချမြှုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိသောကြောင့် လုပ်ငန်း
အားဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များဈေးပြိုင်တင်ဒါစနစ်ဖြင့်ခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ခေါ်ယူရာတွင် (တင်ဒါပုံစံနှင့် စည်းကမ်းချက် တစ်စုံလျှင် ၃၀,၀၀၀/- (နှုန်း)ဖြင့် ဒီဇင်ဘာလ (၁၀)ရက် (အင်္ဂါနေ့) မှစ၍ ရုံးချိန်အတွင်း ဂေါပကအဖွဲ့ရုံး လျှပ်စစ်နှင့် ရေသန့်ဌာနတွင် ဝယ်ယူပြီး ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁၄) ရက် (အင်္ဂါနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ ဈေးပြိုင် (တင်ဒါ) တင်သွင်းနိုင်ကြောင်း၊ အသေးစိတ်အချက်အလက်များကို လျှပ်စစ်နှင့်ရေသန့်ဌာနရုံးခန်းတွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
၁၁ ဒီဇင်ဘာ ၂၀၂၄
◾️ စုံစမ်းစစ်ဆေးရေး ၁၈ ဦးပါဝင်တဲ့ ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ အမှု နှင့်ဆက်စပ်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ယိုးရဲ့ ရုံးကို ဒီဇင်ဘာ ၁၁ရက် ဗုဒ္ဓဟူးနေ့က ဝင်ရောက်စီးနင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
◾️ သူတို့ဟာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်တာနှင့်ဆက်စပ်တဲ့ အရာတွေကိုရှာဖွေခဲ့ကြပြီး အဲဒီအထဲမှာ ယွန်းအနေနှင့်စစ်အုပ်ချုပ်ရေးမကြေညာခင်ကလေးမှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးအဖွဲ့အစည်းအဝေးအသံမှတ် တမ်းလည်းပါဝင်ပါတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲတပ်ဖွဲ့ရဲ့ အမျိုးသားစုံစမ်းစစ်ဆေးရေးရုံးက ပြောပါ တယ်။
◾️ရှာဖွေဝရမ်းမှာ သမ္မတယွန်းကို သံသယရှိသူအဖြစ်ဖော်ပြထားပြီး သမ္မတရုံး၊ဝန်ကြီးအဖွဲ့ အစည်းအဝေး ခန်းမနှင့် သမ္မတလုံခြုံရေးဌာတို့ကို စီးနင်းဝင်ရောက်တဲ့နေရာများအဖြစ်သတ်မှတ်ထားပါတယ်။
◾️စီးနင်းမှုတွေလုပ်ချိန်မှာ ယွန်းဟာ ရုံးအဆောက်အဦမှာရှိမနေဘူးလို့သိရပြီး နောက်ပိုင်းဘာတွေဖြစ် သလဲ ဆိုတာတော့ အတည်ပြုလို့မရသေးပါဘူး။
◾️ယွန်းကို ပုန်ကန်ခြားနားမှုသံသယတရားခံတစ်ဦးအဖြစ်သတ်မှတ်ထားပြီး သူ့ကို နိုင်ငံမှထွက်ခွာခွင့် တားမြစ်ထားပါတယ်။သူဟာ နိုင်ငံခြားသွားခွင့်အပိတ်ခံရတဲ့ ပထမဆုံး အာဏာလက်ကိုင်သမ္မတ ဖြစ်ပါတယ်။
◾️ရဲတွေက သူဟာ ဒီအမှုကြီးတစ်ခုလုံးရဲ့ နောက်ကွယ်ကဆရာကြီးအဖြစ်သံသယဝင်နေပါတယ်။ ပြီးခဲ့တဲ အပတ်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာပြီးနောက် ပါလီမန်အဆောက်အဦထဲကနေ အမတ်တွေကို ဆွဲထုတ် ပစ်ဖို့ ယွန်းက သူ့ကိုအမိန့်ပေးခဲ့တယ်လို့ စစ်တပ်အထူးစစ်ရေးတပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး ကွပ်ဂျွန် ကွန်းက အမတ်တွေကိုပြောပြခဲ့ပါတယ်။
◾️ရဲတွေဟာ ရဲချုပ် ဂျီဟိုနှင့် ပါလီမန်ရဲအစောင့်ဌာနမှူး ကင်မ်ဘွန်ဆစ်တို့ကိုလည်း ဗုဒ္ဓဟူးနေ့ ခပ်စော စောပိုင်းမှာဖမ်းဆီးခဲ့ပြီး ရဲချုပ်ရုံး၊ ဆိုးလ်မြို့ပြရဲဌာနနှင့် ပါလီမန်ရဲအစောင့်တပ်တွေကိုလည်း စီးနင်းရှာ ဖွေမှုတွေပြုလုပ်ခဲ့ကြပါတယ်။
Source: Yonhap
#Local_News
Published 11 December 2024
▪️ ယနေ့ ဒီဇင်ဘာလ ၁၁ရက် နံနက်ပိုင်းက မော်လိုက်မြို့အနီး ရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ထုတ်ပြန်ချက်တွင်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၅၅)မိနစ်၊ (၅၈) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၄၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့ဘက် (၃) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၆၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၆)ဒီဂရီ၊ အနက် (၇၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု ဖော်ပြထားသည်။
▪️ ယခုလအတွင်း ငလျင် လေးကြိမ်ခန့်လှုပ်ခတ်ခဲ့ပြီး ၉ရက်နေ့က သိန္နီမြို့အနီးလှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိမြေငလျင်တွင် နေအိမ်တချို့ အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 11 December 2024
▪️ ယခုခေတ်မှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းက အဖြစ်များလာကြပြီး ဖြစ်တဲ့အခါမှာ နာရီပိုင်းကြာနိုင်သလို ဆိုးရွားတဲ့အခါ ရက်ပိုင်းအထိပင် ကြာမြင့်နိုင်ပါတယ်။
▪️ ဒီဝေဒနာကို အိမ်တွင်းကုထုံးနဲ့လည်း ခေါင်းကိုက်ခြင်းသက်သာအောင် ပြုလုပ်နိုင်ပါတယ်။
▪️ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ သက်သာစေနိုင်မယ့် အကြမ်းရည်တစ်မျိုးမှာဆိုရင် ပါဝင်ပစ္စည်းများအနေနဲ့..
- အာရုံကြောစနစ် ငြိမ်သက်စေတဲ့ ပူဒီနာရွက်
- ရောင်ရမ်းဆန့်ကျင် အာနိသင်ရှိတဲ့ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်
- အယ်လ်ကာလီဓာတ် ထိန်းညှိပေးတဲ့ သံပယိုသီး တဝက်အရည်
- သွေးကြောကျဉ်းစေကာ ခေါင်းကိုက်မှုသက်သာစေမယ့် ရေခဲတုံးတို့ ပါဝင်ပါတယ်။
▪️ ဘယ်လိုပြုလုပ်ရမလဲဆိုတော့..
- ပူဒီနာပြုတ်ရည် တစ်ခွက်ကို အအေးခံပါ
- ဂျင်းမှုန့် ဇွန်းတဝက်ကို ထည့်မွှေပါ
- သံပယိုတခြမ်း အရည်ညှစ်ထည့်ပါ
- ရေခဲတုံးထည့်ပြီး သုံးဆောင်ပါ
ဘာကြောင့် အသုံးဝင်သလဲဆိုတော့..
▪️ (၁) ပူဒီနာက အတွင်းစိတ် ငြိမ်သက်စေကာ အာရုံကြောစနစ်ကို ပြေလျော့စေပါတယ်။
▪️ (၂) ဂျင်းက ရောင်ရမ်းခြင်းနဲ့ ကိုက်ခဲခြင်းကို ဖြစ်စေတဲ့ ဓာတုပစ္စည်းများကို တားဆီးပေးပြီး ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။
▪️ (၃) သံပယိုက ခန္ဓာကိုယ်မှာ အယ်လ်ကာလီဓာတ် ဖြစ်စေပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
▪️ (၄) ရေခဲတုံးက သွေးကြောများကို ကျုံ့စေသဖြင့် ကိုက်ခဲမှုအာရုံကို လျှော့ချပေးပါတယ်။
#Source: DoctorNDTV
#Local_News
Published 11 December 2024
▪️ ပြည်သူအားလုံးက လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မလွဲမသွေ ရှေ့ဆက်လျှောက်လှမ်းရမည်ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးသွား မည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်မည့် တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥကက္ကဌက ပြောသည်။
▪️ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ ၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေခြင်းများသည် တိုင်းရင်းသားပြည်သူများရရှိမည့် လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ လူ့အခွင့်အရေးများကို လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ချိုးဖောက်နေကြခြင်းပင်ဖြစ်သောကြောင့် တိုင်းရင်းသားလူမျိုးများတန်းတူအခွင့်အရေးရရှိရန်နှင့် အေးချမ်းသာယာစွာနေထိုင် နိုင်ကြရန်အတွက် အဖျက်အမှောင့်လုပ်ရပ်များကို ဆန့်ကျင်တိုက်ဖျက်သွားကြရန်လည်း နစက ဥက္ကဌက တိုက်တွန်းခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 11 December 2024
▪️ နိုင်ငံရေး၊ စီးပွားရေးအင်အားကြီးအုပ်စုများက ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြဟု နစက ဥက္ကဌကပြောသည်။
▪️ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ပြောကြားလိုက်ခြင်း ဖြစ်သည်။
▪️ ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီး သည့် အုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက် စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာ ကြသည့်နည်းကို အသုံးပြုနေကြသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ယင်းမီဒီယာ သမား များမှတစ်ဆင့် ပြည်သူများ၏ သဘောထားခံစားချက်များ၊ နစ်နာချက်များကို ပစ်ပယ်ပြီး ၎င်းတို့လိုလားသည့်ပုံစံများအတိုင်း ပုံဖော်သွတ်သွင်းထုတ်လွှင့် ဖော်ပြနေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အဆိုး ရွားဆုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများကို မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခများကြီးထွားလာအောင်၊ ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြုလုပ်နေကြခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
▪️ ဒီမိုကရေစီ၏ သဘောတရားများအနက် လူတိုင်း နားလည်လက်ခံ ထားကြသည့် သဘောတရားတစ်ခုမှာ “မတူကွဲပြားမှုကို လက်ခံနိုင်ခြင်း”ပင်ဖြစ်ကြောင်း၊ မိမိနှင့်အမြင်မတူ၊ အတွေးမတူ၊ အလုပ်မတူခြင်းများကို နားလည်လက်ခံပြီး အပြန်အလှန် ရပ်တည်နိုင်ခွင့်ကို လေးစားအသိအမှတ်ပြုသည့် ယဉ်ကျေးမှု တစ်ရပ်ကို မီဒီယာသမားတိုင်း လက်ခံကျင့်သုံးရန်လည်း လိုအပ်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
▪️ မြန်မာနိုင်ငံသည်လွတ်လပ်ရေးကြိုးပမ်းမှုကာလတလျှောက်နှင့် လွတ်လပ်ရေး ရပြီး ကာလတလျှောက်တို့တွင် ခေတ်အမျိုးမျိုး ဖြတ်သန်းခဲ့ရပြီး အမျိုးမျိုးသောဖိအား များကြောင့် ပြည်သူလူထုအတွင်း အသိပညာ၊ အတန်းပညာ၊ အတတ်ပညာ ကွာဟမှု များ ရှိနေကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ တပ်မတော်သည်နိုင်ငံ့တာဝန်အရပ်ရပ်ကို ထမ်းဆောင်နေရချိန်လည်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နေချိန်တွင် ကျင့်ဝတ်သိက္ခာမဲ့သည့် ပြည်ပ ဩဇာခံမီဒီယာသမားများသည် ခေတ် အမျိုးမျိုးကဖြတ်သန်းလာခဲ့ရသည် ပြည်သူ လူ ထုကို သတင်းတု၊ သတင်းမှားများ၊ အမုန်းစကား များနှင့် မှိုင်းတိုက်ပြီး အတွေးအမြင်များ မှားလာအောင်၊ အယူအဆများ လွဲလာအောင်လုပ်ဆောင်ခြင်းဖြင့်သာ ထုတ်လွှင့်ဖော်ပြနေမည်ဆိုပါက ဖြောင့်မတ်တည်ကြည်မှုကင်းမဲ့သည့် သတင်း မီဒီယာသမားများအဖြစ် မှတ်ယူခံရနိုင်သည်ကို သတိပြုပေးကြရန် အသိပေး ပြောကြား လိုကြောင်းလည်း ၎င်းက ပြောသည်။
▪️ သတင်းမီဒီယာကို စောင့်ကြည့်ခြင်းနှင့် အရည်အသွေး မြှင့်တင်ပေးရန်၊ သတင်းမီဒီယာလုပ်ငန်းသုံး ပစ္စည်း များကိုပြည်ပမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့အောင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးရန်၊ သတင်း မီဒီယာ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ စီစဉ်ကျင်းပပေးရန်၊ သတင်းဆိုင်ရာ ထူးချွန်သူများ ကို ဆုချီးမြှင့်ရေးအတွက် စာနယ်ဇင်းအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက်ပေးရန်၊ သတင်းမီဒီယာလုပ်ငန်း တိုးတက်ရေးအတွက် စီမံချက်များ ရေးသား ဆောင်ရွက်ရန် စသည့်အချက်များကို ပြီးခဲ့သည့် သတင်းမီဒီယာ ကောင်စီအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ယခုသတင်းမီဒီယာကောင်စီအနေဖြင့် အောင် မြင်စွာ ထမ်းဆောင်နိုင်မည်ဟု ယုံကြည်တိုက် တွန်းလိုကြောင်း နစက ဥက္ကဌက ပြောသည်။
▪️ သတင်းမီဒီယာသမားများသည် လူသား များပင်ဖြစ်သည့်အတွက် လူ့သ ဘာဝအတိုင်း အကြိုက်မတူခြင်း၊ ပုဂ္ဂလဓိဋ္ဌာန် အစွဲများ ရှိနေတတ်ခြင်းကို မိမိတို့အနေဖြင့် နားလည်လက်ခံသော်လည်း နိုင်ငံ့ အရေး၊ ပြည်သူ့ အရေးကိစ္စများတွင် မိမိအကျိုးစီးပွားအပါအဝင် မိမိယူဆချက်၊ မိမိ သဘောထားကို ရှေ့တန်းမတင်ဘဲ“အတ္တ နောမတိ”ကင်းကင်းဖြင့် အရာရာကို ရေးသား ရှုမြင် ဆင်ခြင် ပေးကြရန် ၊မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းကာစ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ အင်အားကြီးနိုင်ငံအချို့က လူ့ အခွင့်အရေးများ၊ ဒီမိုကရေစီ စံနှုန်းများနှင့် မိမိတို့နိုင်ငံကိုအပြစ်ရှာပြောဆိုပြီး ၎င်းတို့လိုချင်သည့်ပုံစံပေါ်အောင် သွတ်သွင်းပုံဖော်ရန်ကြိုးပမ်းနေကြကြောင်းလည်း ယင်းကပြောသည်။
▪️ စတုတ္ထမဏ္ဍိုင်ဟု အမည်ခံထားကြသည့် သတင်း မီဒီယာ သမားများအနေဖြင့် အမှန်နှင့် အမှား၊ အကောင်းနှင့် အဆိုးကို သမာသမတ်ကျကျ၊ မျှမျှတတရေးသားဖော်ပြ ထုတ်လွှင့်ပေးကြရန်၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်း၏ အသုံးချခံ လက်ကိုင်တုတ်မှ အဖြစ်မခံဘဲ နှောင်ကြိုးမဲ့စွာ ဆောင်ရွက်ပေး ကြရန်၊ ကျင့်ဝတ် သိက္ခာစောင့်ထိန်းပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို ဦးထိပ်ထားပေးကြ ရန်၊ လွတ်လွတ်လပ်လပ် အမှီအခိုကင်း ကင်း အရောင်အသွေးကင်းကင်းဖြင့် သတင်း မီဒီယာလောကအကျိုး သယ်ပိုးပေးကြရန်၊ တိုင်း ပြည်မငြိမ်သက် အောင်၊ ဆူပူအုံကြွအောင်သွေးထိုးမှိုင်းတိုက်ထုတ်လွှင့်နေမှုများကိုလည်း ဝိုင်းဝန်းဆန့်ကျင် တားမြစ်ပေးကြရန်လည်း နစကဥက္ကဌက တိုက်တွန်းခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
Page 251 of 1733