Nay Pyi Taw, October 2, 2025
Myanmar Oil and Gas Enterprise (MOGE) and a Russian state-owned oil company are reportedly collaborating on the exploration and production of oil and natural gas in an onshore block located in Padaung Township.
Union Minister for Energy U Ko Ko Lwin inspected the location of Test Well No. 1 in the onshore block on October 2, according to a press release from the Ministry of Energy.
During a meeting with officials, the Union Minister emphasized the need to accelerate oil and gas exploration and production activities. He also mentioned that plans are being formulated to enhance cooperation with both domestic and international companies.
The Union Minister and his delegation also met with officials at the meeting hall of the Pyay Oil Field, which is under the supervision of MOGE. Discussions focused on the situation and future plans to increase oil and gas output from the Pyay Oil Field.
The General Manager of the Pyay Oil Field presented data regarding the field, the current status of oil and gas production through exploration and development wells, and the work plans of HNA Myanmar Oil & Gas Ltd., the joint venture partner.
The Union Minister stated that while the Pyay Oil Field is a mature field, it holds significant potential to boost the production of oil and natural gas required by the state.
He further noted that the Pyay Oil Field is capable of producing both oil and natural gas and that measures are being implemented to provide modern technology and equipment to facilitate production.
#ymg/knl
နေပြည်တော်၊ ၃ အောက်တိုဘာ၊၂၀၂၅
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရုရှားနိုင်ငံပိုင် ရေနံကုမ္ပဏီတို့ ပူးပေါင်း၍ ပန်းတောင်းမြို့နယ်ရှိ ကုန်းတွင်းလုပ်ကွက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော် ထုတ် လုပ်ရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။
အဆိုပါ ကုန်းတွင်းလုပ်ကွက်ရှိ လုပ်ငန်းဆောင်ရွက်လျက်ရှိသော အစမ်းတွင်းအမှတ်(၁) နေရာသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် အောက်တိုဘာ၂ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး အစီအမံများချမှတ် ဆောင်ရွက်နေပါတယ်လို့ တာဝန်ရှိသူတွေနှင့်တွေ့ဆုံရာမှာ ပြောကြားပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက် ရှိ ပြည်ရေနံမြေအစည်းအဝေးခန်းမတွင်လည်း တာဝန်ရှိသူများနှင့်တွေ့ဆုံကာပြည်ရေနံမြေတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ရေနံမြေအထွေထွေမန်နေဂျာမှ ရေနံမြေဆိုင်ရာအချက်အလက်များ၊ ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးတွင်းများတူးဖော်၍ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်လျက်ရှိသည့် အခြေအနေ များအားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် HNA Myanmar Oil & Gas Ltd. မှ လုပ်ငန်း ဆောင်ရွက်နေသည့် အစီအမံများတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ပြည်ရေနံမြေသည် သက်တမ်းရင့်ရေနံမြေတစ်ခုဖြစ်သော်လည်း နိုင်ငံတော်မှလိုအပ် လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အလားအလာ ကောင်းများစွာရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ယင်းအပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့နှစ်မျိုးလုံးအား တူးဖော်ထုတ်လုပ်နိုင်သည့် ရေနံမြေတစ်ခု ဖြစ်ပြီးခေတ်မီနည်းပညာနှင့် စက်ကိရိယာများ အသုံးပြုထုတ်လုပ်နိုင်ရေးအတွက် အစီအမံများ ချမှတ်၍ ဖြည့်ဆည်းပေးလျက်ရှိတယ်လို့လည်း ဝန်ကြီးက ဆက်လက်ပြောကြားတယ်လို့ သိရပါတယ်။
#ymg/knl
ကျီနန်၊ စက်တင်ဘာ ၁၂ (ဆင်ဟွာ) — တရုတ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်ကုန်အထိ မှတ်ပုံတင်ထားသော စွမ်းအင်သစ်သုံး ဘတ်စ်ကား စုစုပေါင်း ၅၄၄,၀၀၀ ခန့်ရှိလာပြီး နိုင်ငံတစ်ဝန်း မြို့ပြဘတ်စ်ကားအားလုံး၏ ၈၂.၇ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သယ်ယူပို့ဆောင်ရေးအရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။
အရှေ့ပိုင်း ရှန်တုန်းပြည်နယ်၊ ကျီနန်မြို့တွင် ကျင်းပသည့် အစိမ်းရောင်သယ်ယူပို့ဆောင်ရေးမြှင့်တင်ရေး အခမ်းအနား၌ သယ်ယူပို့ဆောင်ရေးဒုတိယဝန်ကြီး လီယန်က အထက်ပါအတိုင်း မှတ်ချက်ပြု ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်ကုန်အထိ မြို့ပြဘတ်စ်ကားပြေးဆွဲသည့် စုစုပေါင်းလမ်းကြောင်းအရှည်သည် ကီလိုမီတာ ၁.၇၅ သန်းအထိရှိပြီး မြို့ပြရထားလမ်း ပြေးဆွဲနိုင်သည့် စုစုပေါင်းအရှည်သည် ကီလိုမီတာ ၁၁,၀၀၀ ခန့်အထိ ရှိလာရာ ကမ္ဘာပေါ်တွင် ပထမနေရာ၌ ရပ်တည်နေကြောင်း လီယန်က ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးတွင် လူသန်း ၂၀၀ ကျော်သည် နေ့စဉ် အစိမ်းရောင်ခရီးသွားလာမှုနည်းလမ်းကို ရွေးချယ်အသုံးပြုကြကြောင်း လီယန်က ပြောကြားခဲ့သည်။ ယင်းတို့အနက် လူသန်း ၁၀၀ သည် ရထားလမ်းဖြင့် သွားလာကြပြီး လူသန်း ၁၀၀ က မြို့ပြဘတ်စ်ကားများကို အသုံးပြုကြကာ ၂၄ သန်းသောသူတို့သည် စက်ဘီးမျှဝေစီးနင်းခြင်းကို ရွေးချယ်ကြကြောင်း လီယန်က ပြောကြားခဲ့သည်။
လီယန်သည် ဒေသဆိုင်ရာအာဏာပိုင်များကို မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ ပိုမိုတိုးတက်စေရန်နှင့် အစိမ်းရောင် ခရီးသွားလာမှုအတွက် ပိုမိုသင့်လျော်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် တိုက်တွန်းခဲ့သည်။ ■
Source Xinhua
"ကမ္ဘာ့လျှပ်စစ်ကား ထုတ်လုပ်မှုလုပ်ငန်းများတွင် ဘက်ထရီနည်းပညာများက မည်မျှအကျိုးသက်ရောက် မှုရှိနေကြောင်းနှင့် လက်ရှိနှင့်နောင်လာမည့် ဘက်ထရီနည်းပညာများ အကြောင်းကို လေ့လာရေးသား ထားသည့် သုံးသပ်ချက်ဆောင်းပါး"
ဩဂုတ် ၂၅ (ရိုက်တာ) - ကမ္ဘာတစ်ဝန်းရှိ စွန့်ဦးတီထွင်ကုမ္ပဏီများသည် လျှပ်စစ်ကားများ (EVs) အတွက် ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် အချို့သော အရေးကြီးသည့် သတ္တုတွင်းထွက်များအပေါ် မှီခိုမှုကို လျှော့ချရန် ရည်ရွယ်၍ ဆိုဒီယမ်နှင့် ဆာလဖာကဲ့သို့သော ပစ္စည်းများ သို့မဟုတ် အခြားသော ဆန်းသစ်သည့် ဓာတုဗေဒနည်းလမ်းများ အသုံးပြုထားသည့် ဘက်ထရီနည်းပညာသစ်များကို အပြိုင် အဆိုင် တီထွင်ထုတ်လုပ်နေကြသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဘက်ထရီဆဲလ် ထုတ်လုပ်မှု၏ ၈၅% နှင့် ယနေ့ခေတ် EV ဈေးကွက်ကို လွှမ်းမိုးထားသော လီသီယမ်-အိုင်းယွန်း အမျိုးအစားနှစ်ခုတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ ကို ပြုပြင်ခြင်း၏ ၉၀% ကို ထိန်းချုပ်ထားသည်။
ဘက်ထရီနည်းပညာသည် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော်လည်း အခြေခံနည်းစဉ်မှာမူ မပြောင်းလဲဘဲ - ကက်သုတ် (cathode)၊ အန်နုတ် (anode) နှင့် အီလက်ထရိုလိုက် (electrolyte) ဟူသော အဓိက အစိတ်အပိုင်း သုံးခုဖြင့် ဖွဲ့စည်းထားဆဲ ဖြစ်သည်။
ကားထုတ်လုပ်သူများက ရေရှည်အတွက် ရွေးချယ်စရာများကို ချိန်ဆနေကြသည်နှင့်အညီ၊ လက်ရှိ အသုံးပြုနေသော သို့မဟုတ် တီထွင်နေဆဲဖြစ်သော ဘက်ထရီအမျိုးအစားအမျိုးမျိုးကို အောက်တွင် လေ့လာနိုင်ပါသည်။
လိဒ် LEAD
ကားစက်နှိုးရန်အတွက် လက်ရှိအသုံးပြုနေသော ၆ ဗို့ သို့မဟုတ် ၁၂ ဗို့ ဘက်ထရီများတွင် အသုံးပြုသည်။
အားသာချက်များ- ဈေးသက်သာပြီး အစွန်းရောက် ရာသီဥတုအခြေအနေများတွင် အလုပ်လုပ်နိုင်သည်။
အားနည်းချက်များ- လေးလံပြီး စွမ်းအင်နည်းပါးသည်။
နီကယ်-ကက်မီယမ် (NI-CD)
အားပြန်သွင်းနိုင်သော ဘက်ထရီများ ဖြစ်သည်။
နီကယ်-မက်တယ် ဟိုက်ဒရိုက် (NI-MH)
၁၉၉၇ ခုနှစ်တွင် Toyota ၏ ပထမဆုံး Prius တွင် အသုံးပြုခဲ့သော နည်းပညာဖြစ်ပြီး ဟိုက်ဘရစ် ကားများ၏ ရှေ့ပြေးဘက်ထရီဖြစ်သည်။
ဆိုဒီယမ် နီကယ် ကလိုရိုက်
ပြင်သစ်စာတိုက်လုပ်ငန်း၏ Venturi ကားများတွင် အသုံးပြုခဲ့သည်။
အားသာချက်များ- ပိုမိုသေးငယ်ပြီး လက်ရှိကားများကို ပြောင်းလဲရန်မလိုဘဲ တပ်ဆင်နိုင်သည်။
အားနည်းချက်များ- အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၁၀၀ နှင့် သွားနိုင်သည့် အကွာအဝေး ကီလိုမီတာ ၁၀၀ သာ ကန့်သတ်ထားသည်။
လီသီယမ် မက်တယ် ပိုလီမာ (LMP)
ယခု ရပ်ဆိုင်းသွားပြီဖြစ်သော Bolloré Pininfarina BlueCar မော်ဒယ်နှင့် ပါရီမြို့၏ ကားအငှား ဝန်ဆောင်မှုလုပ်ငန်း Autolib တွင် အသုံးပြုခဲ့သည်။ ယခုအခါတွင် ယင်းနည်းပညာကို အများအားဖြင့် စွမ်းအင်သိုလှောင်မှု၊ ဘတ်စ်ကားများနှင့် ဓာတ်ရထားများတွင် အဓိကအသုံးပြုသည်။
အားသာချက်များ- ကက်ပစီတာ (capacitor) နိယာမပေါ် အခြေခံထားသော "ခြောက်သွေ့သည့်" နည်း ပညာဖြစ်ပြီး စက်မှုလုပ်ငန်းစဉ် ပိုမိုလွယ်ကူသည်။
အားနည်းချက်များ-ဘက်ထရီကို ကြိုတင်အပူပေးရန်နှင့် သတ်မှတ်အပူချိန်တစ်ခုတွင် ယင်းကိုထိန်းသိမ်း ထားရန် လိုအပ်သည်။
လီသီယမ်-အိုင်းယွန်း (LITHIUM-ION)
ယနေ့ခေတ်တွင် အတွင်ကျယ်ဆုံး နည်းပညာဖြစ်ပြီး ဖုန်းနှင့် လက်ပ်တော့ဘက်ထရီများ၊ လျှပ်စစ် ကားများနှင့် အခြားကိရိယာများတွင် အသုံးပြုသည်။ ၁၉၉၁ ခုနှစ်တွင် Sony မှ ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်ခဲ့သည်။
အားသာချက်များ- လီသီယမ်သည် ယူရေနီယမ်ပြီးလျှင် ဒုတိယမြောက် စွမ်းအင်အပြည့်ဝဆုံး သတ္တု ဖြစ်သည်။ အမြင့်ဆုံးအမြန်နှုန်းနှင့် သွားနိုင်သည့် အကွာအဝေး တိုးတက်လာခြင်း၊ အားသွင်းမှတ်ဉာဏ် (charge memory) မရှိဘဲ အားအမြန်သွင်းခြင်းနှင့် အနှေးသွင်းခြင်း နှစ်မျိုးလုံး ပြုလုပ်နိုင်သည်။
အားနည်းချက်များ-အလေးချိန်နှင့် ပြင်ပအခြေအနေများ (အအေး၊ တုန်ခါမှု) ကို ခံနိုင်ရည်နည်းပါးခြင်း၊ အပူလွန်ကဲမှုအန္တရာယ်ကို အနီးကပ် ထိန်းချုပ်ရန် လိုအပ်သော "အရည်" ဘက်ထရီများဟု ခေါ်ဆိုနေ ကြသည့် အမျိုးအစားဖြစ်သည်။
EV ဈေးကွက်ကို လွှမ်းမိုးထားသော LI-ION နည်းပညာ မိသားစု နှစ်ခု
NMC (နီကယ် မန်းဂနိစ် ကိုဘော့)
စွမ်းအင်သိပ်သည်းဆ မြင့်မားသော်လည်း ဈေးနှုန်းမှာ ကြီးမားသော ယာဉ်ကြီးများအတွက် ပိုမို သင့်တော်သည်။ ကိုဘော့ကို အဓိကအားဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ရရှိပြီး အဆိုပါသတ္တုကို ထုတ်ယူသည့် အခြေအနေများမှာ မဟာဗျူဟာမြောက်နှင့် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ရှိနေသည်။
LFP (လီသီယမ် အိုင်ယွန်း ဖော့စဖိတ်)
အားသာချက်များ- ကိုဘော့ကို အသုံးပြုရန်မလိုအပ်ဘဲ၊ ဈေးနှုန်းပိုမိုသက်သာသောကြောင့် ယာဉ်ငယ်များ အတွက် သင့်တော်သည်။
အားနည်းချက်များ-NMC ထက် စွမ်းအင်သိပ်သည်းဆ နည်းပါးသည်။
ဆိုဒီယမ်-အိုင်းယွန်း (SODIUM-ION)
အားသာချက်များ- လက်ရှိတွင် ဝယ်လိုအားမြင့်မားနေသော လီသီယမ်၊ နီကယ် သို့မဟုတ် ကိုဘော့တို့ကို အသုံးပြုရန်မလိုအပ်ဘဲ အလူမီနီယမ်၊ သံနှင့် မန်းဂနိစ် manganese တို့ဖြင့် အစားထိုးထားသည်။ ဆိုဒီယမ်သည် လီသီယမ်ထက် ပိုမိုပေါများသောကြောင့် ထုတ်ယူခြင်းနှင့် ထောက်ပံ့ခြင်းတို့မှာ ပိုမို လွယ်ကူပြီး ကုန်ကျစရိတ်သက်သာသည်။
မီးမလောင်ကျွမ်းနိုင်၊ အားပြန်သွင်းသည့် အကြိမ်ရေ ၅၀,၀၀၀ အထိ ခံနိုင်ရည်ရှိပြီး လီသီယမ်-အိုင်းယွန်း ထက် ၅ ဆ မှ ၁၀ ဆ အထိ ပိုမိုခံနိုင်ရည်ရှိသည်။
LNMO (လီသီယမ် နီကယ် မန်းဂနိစ် အောက်ဆိုဒ်)
အားနည်းချက်များ- စွမ်းအင်သိပ်သည်းဆ နည်းပါးခြင်း၊ လက်ရှိတွင် ဤဘက်ထရီအမျိုးအစားကို ထောက်ပံ့မှု မရှိနီးပါးဖြစ်နေသည်။ လီသီယမ်ဈေးနှုန်းကို စိတ်ဝင်စားမှုရှိနေသည်။
အားသာချက်များ- ကိုဘော့ လိုအပ်မှုကို ဖယ်ရှားပေးသည်။ Renault ကုမ္ပဏီက ၂၀၂၈ ခုနှစ်တွင် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားသော ဤနည်းပညာသည် NMC ၏ စွမ်းအင်သိပ်သည်းဆ၊ LFP ၏ ဈေးနှုန်းသက်သာမှုနှင့် ဘေးကင်းလုံခြုံမှု၊ နှင့် ၁၅ မိနစ်အောက် အားပြန်သွင်းနိုင်သည့်အချိန်တို့ကို ပေါင်းစပ်ထားသည်ဟု ဆိုသည်။
အားနည်းချက်များ- ဖန်တီးဆဲအဆင့်တွင်သာ ရှိသေးသည်။
လီသီယမ်-ဆာလဖာ (LITHIUM-SULFUR)
အားသာချက်များ- ဒေဝါလီခံသွားသော ဆွီဒင်ဘက်ထရီထုတ်လုပ်သူ Northvolt ၏ ပိုင်ဆိုင်မှုအများစုကို ဝယ်ယူခဲ့သည့် Stellantis ၏ ကျောထောက်နောက်ခံပြုထားသော အမေရိကန် စွန့်ဦးတီထွင်ကုမ္ပဏီ Lyten က ဤနည်းပညာသည် လီသီယမ်-အိုင်းယွန်းထက် စွမ်းအင်သိပ်သည်းဆ နှစ်ဆကျော် ပိုမိုများပြားသည်ဟု ဆိုသည်။ ၎င်းသည် နီကယ်၊ ကိုဘော့နှင့် မန်းဂနိစ်တို့ကို အသုံးပြုရန် မလိုအပ်ဘဲ ကုန်ကြမ်းပစ္စည်းအချို့ကို မြောက်အမေရိကနှင့် ဥရောပတွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်သောကြောင့် ပိုမိုအမှီအခိုကင်းစွာ ရပ်တည်နိုင်မည် ဖြစ်သည်။
အားနည်းချက်များ- ၂၀၂၈ ခုနှစ်မတိုင်မီ အသုံးပြုနိုင်ဦးမည် မဟုတ်သေးပါ။
SOLID-STATE ဘက်ထရီများ
အစိုင်အခဲ အီလက်ထရိုလိုက် (ပိုလီမာ၊ ကြွေ)သည် လီသီယမ်-အိုင်းယွန်းနည်းပညာ၏ အရည် အီလက် ထရိုလိုက်နေရာတွင် အစားထိုးဝင်ရောက်သည့်နည်းပညာဖြစ်သည်။
အားသာချက်များ- စွမ်းအင်သိပ်သည်းဆ ပိုမိုမြင့်မားခြင်း၊ ပိုမိုပေါ့ပါးခြင်း၊ မီးမလောင်ကျွမ်းနိုင်ခြင်း။
အားနည်းချက်များ: ဖန်တီးဆဲအဆင့်တွင်သာ ရှိသေးပြီး အကြီးစားထုတ်လုပ်နိုင်မှု မရှိသေးပါ။
Sources: Reuters with futura-sciences.com, Plastec , Saft (TotalEnergies), Renault, Arkema, other companies.
ဟန်ဆာလ်ပူရ်၊ အိန္ဒိယ (Reuters) – ဂျပန် ဆူဇူကီး ကားကုမ္ပဏီ Suzuki Motor သည် လာမည့် ငါးနှစ်မှ ခြောက်နှစ်အတွင်း အိန္ဒိယတွင် ၇၀၀ ဘီလီယံ ရူပီး (အမေရိကန် ဒေါ်လာ ၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဟု မန်နေဂျင်းဘုတ်ဥက္ကဌက အင်္ဂါနေ့က ကြေညာခဲ့ပြီးထိုနေ့တွင်ပင် ကုမ္ပဏီ၏ ပထမဆုံး လျှပ်စစ်ကား ထုတ်လုပ်မှုကို ပထမဆုံး စတင်ခဲ့သည်။
ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံးကားဈေးကွက်ရရှိထားသည့် ဆူဇူကီး သည် အိန္ဒိယတွင် ယင်း၏ ဈေးကွက်ဦးဆောင်ထားမှုကို ထိန်းသိမ်းရန် ကြိုးပမ်းနေပြီး၊ Maruti Suzuki (MRTI.NS) တွင် ရှယ်ယာ အများစုပိုင်ဆိုင်ထားသည့် ဆူဇူကီးသည် အိန္ဒိယတွင် အရောင်းနှင့်ဝင်ငွေ အများဆုံးရရှိထားသည်။
လျှပ်စစ်ကားများ အရောင်းကျဆင်းနေသော်လည်း အိန္ဒိယသည် ဆူဇူကီးကား၏ လျှပ်စစ်ကားများ ထုတ် လုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ပင်မဗဟိုဖြစ်လာမှာဖြစ်ပြီး အဆိုပါကားများကို ဂျပန်သို့ပါ ပြန်လည် တင်ပို့မည့်အပြင် ဥရောပနှင့် အခြားနိုင်ငံ ၁၀၀ခန့်သို့ တင်ပို့ရန်လည်း စီစဉ်ထားသည်။
Maruti က အင်္ဂါနေ့တွင် ဂူဂျာရတ် စက်ရုံ၌ အလယ်အလတ်အရွယ် SUV မော်ဒယ် "e Vitara" ကို စတင် ထုတ်လုပ်ခဲ့ပြီး၊ ထိုကားသည် Hyundai၏ Creta နှင့် Mahindra ၏ XEV 9e တို့နှင့် အပြိုင်အဆိုင်ဖြစ်လာ လိမ့်မည်။
ဆူဇူကီးကားကုမ္ပဏီဥက္ကဋ္ဌ တိုရှီဟိရိုဇူဆူကီးက ယခုစက်ရုံကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ထုတ်လုပ်ရေးပင်မဗဟိုဖြစ်လာပြီး တစ်နှစ်လျှင် ကားအစီး တစ်သန်းထုတ်လုပ်ရန် စီစဉ်ထားသည်ဟု ပြောဆိုသည်။
အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ကလည်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ ထိုစက်ရုံကို "Make in India" ပန်းတိုင်အတွက် ကြီးမားသော ခုန်ကျော်လွှားမှုအဆင့်တစ်ခုဟု သုံးနှုံးခေါ်ဆိုခဲ့သည်။
မိုဒီသည် ဂျပန်နိုင်ငံသိုု့ မကြာမီ သွားမည့်အစီအစဉ်ရှိပြီး၊ Maruti သည် အိန္ဒိယ-ဂျပန် စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေး ချည်နှောင်မှုများ အတွက် ဥပမာကောင်းကြီးတစ်ခုဖြစ်ကြောင်း သူက ပြောသည်။
ထို့အပြင်သူက အိန္ဒိယပြည်တွင်းထုတ်ကုန်များကို ပြည်သူများ အားပေးဝယ်ယူရန် တိုက်တွန်းခဲ့ပြီး မည်သည့်နေရာက ရင်းနှီးမြှပ်နှံမှုများလာပါစေ ယင်းသည် အမှုထားးစရာမလိုဘဲ အိန္ဒိယမြေပေါ်တွင် ထုတ်လုပ်သည့် မည်သည့်ပစ္စည်းမဆိုပါဝင်ကြောင်းလည်း သူကဆက်လက်ပြောဆိုသည်။
(အမေရိကန် ၁ ဒေါ်လာ = ၈၇.၅၀၆၀ အိန္ဒိယ ရူပီး)

၂၅ ဩဂုတ်၊၂၀၂၅-
တရုတ်နိုင်ငံရှိ တရားရုံးတစ်ခုတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးက သူမ၏ အသက် ၁၉ နှစ် အရွယ် ချစ်သူကောင်လေးကို မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတစ်ခုသို့ ယွမ် ၁၀၀,၀၀၀ (အမေရိ ကန်ဒေါ်လာ ၁၄,၀၀၀) ဖြင့် ရောင်းချခဲ့သည့်အမှုအား ကြားနာစစ်ဆေးမည်ဖြစ်သည်။
ဟွမ်ဟု လူအများကသိကြသည့် အဆိုပါလူငယ်သည် ၎င်း၏မိသားစုမှ ယွမ် ၃၅၀,၀၀၀ (အမေရိကန် ဒေါ် လာ၄၈,၀၀၀)ပေးပြီးပြန်ရွေးခဲ့သဖြင့် ယခုနှစ်ဇွန်လကုန်တွင် လိမ်လည်သူဂိုဏ်းမှ ပြန်လည်လွတ်မြောက် လာခဲ့သည်။
သူသည် ထိုနေရာတွင် လေးလနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မကြာခဏ ရိုက်နှက်ခံရကာ နောက်ဆုံးတွင် နားမကြားဖြစ်ခဲ့ရသည်။
ဟွမ်၏အစ်မက သူမ၏အစ်ကို ကြုံတွေ့ခဲ့ရသည့် ဒုက္ခများကို အွန်လိုင်းတွင် မျှဝေခဲ့ပြီးနောက် ဤအမှု သည် တရုတ်ပြည်မကြီးရှိ လူမှုမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် လူအများ စိတ်ဝင်စားခြင်း ခံခဲ့ရကြောင်း တရုတ်နိုင်ငံထုတ် Xiaoxiang Morning Herald သတင်းစာက ဖော်ပြသည်။

ဟွမ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် တောင်ပိုင်း ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့ရှိ ဘိလိယက် ခန်းမတစ်ခုတွင် သူ့ချစ်သူဖြစ်သူ ကျိုးနှင့် တွေ့ဆုံခဲ့သည်။ ဟွမ်သည် သူမအား ချစ်မိသွားပြီးနောက် သူမ ငှားရမ်းထားသည့် တိုက်ခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ကျိုးက သူမသည် အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်မှဖြစ်ကြောင်းနှင့် သူမ၏မိဘများသည် တစ်နိုင်ငံ လုံးတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိကြောင်း ဟွမ်အား ပြောပြခဲ့သည်။
ဟွမ်သည် အလုပ်လက်မဲ့ဖြစ်နေသောကြောင့် ကျိုးက သူ့မိသားစုက လုပ်ငန်းအချို့ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံတွင် အလုပ်ရှာရန် သူမက သူ့ကို စည်းရုံးခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဟွမ်သည် မိသားစုကို မပြောဘဲ ကျိုးနှင့်အတူ ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။
“သူ့ရဲ့ ဆိုရှယ်မီဒီယာပို့စ်ကို မြင်မှပဲ သူ ထိုင်းရောက်နေပြီဆိုတာ သိလိုက်ရတယ်” ဟု ဟွမ်၏အစ်မက ပြောသည်။
ထို့နောက် ထိုစုံတွဲသည် ထိုင်း-မြန်မာနယ်စပ်သို့ သွားခဲ့ကြပြီး လက်နက်ကိုင်အမျိုးသားတစ်ဦးက သူတို့ကို လာရောက်ခေါ်ဆောင်သွားခဲ့ကာ ဟွမ်၏ နိုင်ငံကူးလက်မှတ်နှင့် မိုဘိုင်းဖုန်းကို သိမ်းယူခဲ့သည်။
ဟွမ်က သူ့ဖုန်းနှင့် ခဏလောက် ဆော့ကစားရန် ခွင့်ပြုပေးရန် ကျိုးကို တောင်းပန်ခဲ့ပြီး သူမက သဘော တူခဲ့သည်။ သူသည် မိသားစုကို အကူအညီတောင်းသည့် မက်ဆေ့ချ်ပို့ရန် ဖုန်းကို အသုံးပြုခဲ့ပြီး မိသားစု ကလည်း တရုတ်ရဲတပ်ဖွဲ့ထံ ချက်ချင်းဖုန်းခေါ်ဆိုခဲ့သည်။
ထို့နောက် ဟွမ်သည် မြန်မာနိုင်ငံရှိ Kaixuan ဟုခေါ်သော အဆောက်အအုံဝင်းတစ်ခုသို့ ရောက်ရှိ သွားခဲ့ကြောင်း၊ ထိုနေရာတွင် သူ့ဆံပင်ကို ရိတ်ပစ်ခံခဲ့ရပြီး သူ့ကို တယ်လီကွန်းလိမ်လည်မှုများ လုပ် ဆောင်ရန် လေ့ကျင့်ပေးခဲ့ကြောင်း ဟွမ်က ပြောသည်။
သူသည် တစ်နေ့လျှင် ၁၆ နာရီမှ ၂၀ နာရီအထိ အလုပ်လုပ်ခဲ့ရသည်။ သို့သော်လည်း သားကောင် တစ်ဦးတစ်ယောက်ကိုမျှ အောင်မြင်စွာ လိမ်လည်နိုင်ခြင်း မရှိသည့်အတွက် အဆောက်အအုံဝင်းရှိ မန်နေဂျာများက သူ့ခါးကို သံတုတ်ဖြင့် မကြာခဏရိုက်နှက်ပြီး သူ၏နားရွက်များကိုပါ ဖြတ်ရိုက်ခဲ့ကြသည်။
ရလဒ်အနေဖြင့် ဟွမ်သည် နားမကြားတော့ဘဲ ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ကျော် ကျသွားခဲ့သည်။
ဂိုဏ်းခေါင်းဆောင်က ဟွမ်ကိုဝယ်ရန်အတွက် ကျိုးကို ယွမ် ၁၀၀,၀၀၀ ပေးခဲ့ရသည့်အတွက် ဟွမ်၏ မိသားစုမှ လျော်ကြေးအချို့ပေးနိုင်ပါက ဟွမ်ကို ပြန်လွှတ်ပေးရန် နောက်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံရှိ Chaoshan ကုန်သည်များအသင်း၏ အကူအညီဖြင့် ရွေးရမည့်ငွေပမာဏကို ညှိနှိုင်း ခဲ့ပြီးနောက် ဂိုဏ်းခေါင်းဆောင်က ယွမ် ၃၅၀,၀၀၀ ဖြင့် သဘောတူခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ဟွမ်သည် ဇွန်လတွင် တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူ၏ချစ်သူကောင်မလေးသည် ထိုင်းနိုင်ငံတွင် ၁၀ ရက်ကြာ ခရီးသွားခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ ပြန်ရောက်သည့်အခါ ဖမ်းဆီးခံခဲ့ရသည်။
.အဆိုပါအမှုကို မူလက ဇူလိုင်လကုန်တွင် ကြားနာစစ်ဆေးရန် စီစဉ်ထားသော်လည်း လူသိရှင်ကြား မကြေညာထားသည့် ရက်တစ်ရက်သို့ ရွှေ့ဆိုင်းထားသည်။
ဟွမ်၏အစ်မဖြစ်သူ၏ ပြောပြချက်အရ နိုင်ငံခြားတိုင်းပြည်တွင် သက်သေအထောက်အထားများ စုဆောင်းရန် ခက်ခဲသောကြောင့် ဤအမှုသည် ရှုပ်ထွေးကြောင်း ရဲအရာရှိများက သူမကို ပြောခဲ့သည်ဟုသိရသည်။
“အချစ်ရူးရူးနေတဲ့ ကျွန်မမောင်လေးဟာ သူ့ချစ်သူကောင်မလေးရဲ့ ဦးနှောက်အကျင်းခံလိုက်ရတာပါ” ဟု ဟွမ်၏အစ်မက ပြောသည်။ “ဒီကောင်မလေးက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ဒီလောက် ရက်စက် တဲ့အလုပ်မျိုးတွေ လုပ်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ” ဟု သူမက ပြောသည်။
Source : South China Morning Post

၁၉ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံတွင် အနှစ်၂၀ အတွင်း သစ်တောဖုံးလွှမ်းမှု ၇ ရာခိုင်နှုန်းလျော့နည်းသွားတယ်လို့ သိရပါ တယ်။
ယင်းသို့လျော့နည်းသွားကြောင်းကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်( နလအ ကော်မရှင်) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအလယ်ပိုင်း မင်းဘူးမြို့မှာ ဩဂုတ်၁၉ ရက်က ကျင်းပတဲ့ အပူပိုင်းဒေသ (၁၃)ခရိုင်စိမ်းလန်းစိုပြေရေး၊ ၂ဝ၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ်လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“၂၀၀၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင် နှုန်းသာရှိတော့သည့်အတွက် ၇ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည်ကိုတွေ့ရှိရပါတယ်။ သစ်တော ဖုံးလွှမ်းမှုကို ၅၀ ရာခိုင်နှုန်းခန့်တိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၅ - ၂၀၂၆မှ ၂၀၂၉-၂၀၃၀ အထိ ၅ နှစ်စီမံကိန်း တွင် ပျိုးပင်များထပ်မံတိုးချဲ့စိုက်ပျိုးသွားရန် စီမံဆောင်ရွက်ထားရှိပြီး ယင်းတို့ကို အောင်မြင်အောင် စိုက်ပျိုးဆောင်ရွက်သွားမည်ဆိုပါက ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်များစွာအကျိုးဖြစ်ထွန်းစေ ကာရာသီဥတုဖောက်ပြန်မှုများကိုလည်း လျော့ပါးလာစေမည်ဖြစ်ကြောင်းလည်း နလအ ကော်မရှင် ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
ယခင်နှစ်က မင်းဘူးမြို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ စာရင်းတွင် ပါဝင်ခဲ့ပြီး ယင်းဒေသတွင် ရာသီဥတု ပူပြင်းသည့်ဒဏ်များမခံစားရစေရန် အကောင်းဆုံးလုပ်ရပ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းများကိုဆောင်ရွက် ပေးတာဖြစ်တယ်လို့သိရပါတယ်။
သစ်ပင်စိုက်ပျိုးပွဲတွင် တမာ၊ ဖျောက်ဆိပ်၊ ပိတောက်၊ ယင်းမာ၊မဲဇလီ၊ စိန်ပန်းကြီး၊ ထုံးပေါက် စသည့် သစ်မျိုး ၆ မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ပင်ကိုလူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
#ymg/knl
Page 2 of 70