Published 30 June 2022
SAC Chairman Senior General Min Aung Hlaing received the special envoy of the ASEAN chair to Myanmar, Deputy Prime Minister and Minister for Foreign affair and International Cooperation of Cambodia Mr. PRAK Sokhonn and delegation in Nay Pyi Taw on June 30 according to government’s source.
With SAC Chairman, SAC Joint Secretary Lt-Gen Ye Win Oo; Union Minister for Foreign Affairs U Wunna Maung Lwin and Union Minister for International Cooperation U Ko Ko Hlaing attended.
The Deputy secretary general of ASEAN (Socio-Cultural Community) Mr Ekkaphab Phanthavong and senior officials also attended the meeting.
Published 30 June 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ PRAK Sokhonn နှင့်ကိုယ်စားလှယ်အဖွဲ့ကို ဇွန်၃၀ ရက် ဒီကနေ့ မွန်းလွဲ(၂)နာရီက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစကဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်နှင့်အတူ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်(လူမှုယဉ်ကျေးမှုအသိုက်အဝန်း) မစ္စတာ Ekkaphab Phanthavongနှင့် အရာရှိကြီးများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။
#DailyNews
Published - 30 June 2022
၁။ မြန်မာ့အိုးစည်၊ ဒိုးပတ်များကို ပြည်ပရောက်မြန်မာများ အော်ဒါမှာယူမှုများနေ
၂။ မြဝတီနယ်စပ်မှ ပြည်ပပို့ကုန်များအတွက် ကန်ဒေါ်လာဖြင့်သာ ဈေးနှုန်းသတ်မှတ်ခွင့်ပြုမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပီရူးနိုင်ငံချန်ချန်မြို့ရှိ စပိန်ခေတ်မတိုင်မီ ရဲတိုက်ခံတပ်တွင် ရှေးဟောင်းပန်းပုရုပ်ထုတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published_29 June 2022
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲသည် ရန်ကုန်မြိုသို့ရောက်ရှိလာကြောင်း သိရပါတယ်။
အဆိုပါကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဗဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.CHHOUK Bunna နှင့် သံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြပါတယ်။
H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ၏ ခရီးစဉ်အတွင်း ၂၀၂၂-ခုနှစ်၊ မေ ၆ ရက်က ကျင်းပခဲ့သော အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစည်းအဝေးရလဒ်များနှင့် အာဆီယံဘုံသဘောတူညီမှုငါးရပ် အကောင်အထည်ဖော်ဆောင်ရန်၊ ခရီးစဉ်အတွင်း တွေ့ဆုံမှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေရန်၊ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခများတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အမျိုးသားရေးပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ymg_mnn
#DailyNews
Published - 29 June 2022
၁။ မူဆယ်-မန္တလေးမီရထားလမ်းစီမံကိန်းပြန်လည်စတင်မည်
၂။ စစ်ကိုင်းတိုင်းအတွင်း ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ တူးဖော်ရောင်းချနေကြောင်း သတင်းထွက်ပေါ်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တရုတ်နိုင်ငံတွင် BMW မော်တော်ကားထုတ်လုပ်ရေး တတိယမြောက်စက်ရုံအသစ်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 28 June 2022
၁။ မေလ ၁၆ ရက်နောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာ
၂။ လစဥ်သင်္ဘောတက်သူ(၃၀၀၀)လောက်ရှိလာ၊ မြန်မာသင်္ဘောသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု(၄၀)%ကျော် ထပ်တိုးလာနိုင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စပါးရာသီဖိတ်ခေါ်သည့် ထိုင်းရိုးရာကျွဲပြိုင်ပွဲ ချောင်ဘူရီတွင် ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 28 June 2022
၁။ မွန်ပြည်နယ်တွင် ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများပြား
၂။ ဗုဒ္ဓဆင်းတုတော်များအပါအဝင် မြန်မာမှုအနုပညာပစ္စည်းများ သယ်ဆောင်လိုပါက ထောက်ခံချက်လျှောက်ထားရမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ခြေလက်မရှိသည့် ဘောလုံးသမားများဖြင့် ဖွဲ့စည်းထားသည့် အီရတ်ဘောလုံးအသင်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 116 of 136