#DailyNews
Published _ 22 December 2022
၁။ ရွှေတိဂုံစေတီတော်သို့ တစ်ရက်ကိုနိုင်ငံခြားသားဧည့်သည် (၁၀၀)မှ (၂၀၀)ခန့် ဝင်ရောက်
၂။ နာမကျန်းနှင့်ချို့တဲ့သည့် စာပေလောကသားများကို မျှတူမျှအစီအစဉ်ဖြင့် ထောက်ပံ့ပေးနေ
၃။ မြဝတီအမှတ် (၁) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ရန် မသေချာသေးဟုဆို
၄။ အာရေဗျစာအုပ်များရောင်းချနေသည့် လန်ဒန်မှအထင်ကရစာအုပ်ဆိုင် ပိတ်သိမ်းတော့မည်ဟုကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 21 December 2022
၁။ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒထွက်ရှိထားသော်လည်း ကားဈေးကွက်အတွင်း အပြောင်းအလဲမရှိဟုဆို
၂။ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇ ဘီလီယံရရှိထား
၃။ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုများသည့်အတွက် ITPEC စာမေးပွဲဖြေဆိုသူ ရာချီတိုး
၄။ (၁၇)ရာစုခန့်မှ စာမူများအား အီရတ်အမျိုးသားပြတိုက်တွင် ထိန်းသိမ်းမွမ်းမံလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 20 December 2022
၁။ တရုတ်ထက် ထိုင်းနိုင်ငံနှင့် ပမာဏအများဆုံး နယ်စပ်ကုန်သွယ်မှု ပြုလုပ်ထား
၂။ ခရစ္စမတ်နှင့် နှစ်သစ်ကူးညများတွင် ထိခိုက်ဒဏ်ရာရသူများကို ကူညီပေးနိုင်ရန်အသင့်ပြင်ဆင်ထားဟုဆို
၃။ ဘိုးဘွားဂေဟာများထံ ခိုနားရာမဲ့ဘိုးဘွားများ ပို့ဆောင်ရန် ဆက်သွယ်လာမှုအများအပြားရှိနေ
၄။ အမြင်အာရုံချို့တဲ့သူများအတွက် အသံဖြင့်သရုပ်ဖော်ထားသောအစီအစဉ်ပါဝင်သည့် ရုပ်ရှင်ပွဲတော်စတုတ္ထအကြိမ်မြောက်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 19 December 2022
၁။ ခရစ္စမတ်နားနီးလာလေ အေးလာလေဖြစ်ပြီး ဇန်နဝါရီလတွင် အအေးဆုံးဖြစ်လာနိုင်ဟုဆို
၂။ ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ၂၁ သန်းကျော်လျော့ကျ
၃။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုပိုများလာပြီး ဈေးကွက်ရနေသည့် ငွေနှင်းမှို
၄။ အလုပ်ချိန်များလွန်းသည့် ဂျပန်ကျောင်းဆရာများအတွက် အလုပ်ချိန်စနစ်ပြုပြင်ပြောင်းလဲရန်လိုအပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 19 Dec 2022
ထိုင်းရေတပ်စစ်သင်္ဘောတစ်စီး တနင်္ဂနွေညနေက ထိုင်းပင်လယ်ကွေ့မှာနစ်မြုပ်ခဲ့ရာ ရေထဲက သင်္ဘောသားတွေကို သင်္ဘောတွေ၊ရဟတ်ယာဉ်တွေနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။
ဒီမနက်ခင်းအထိ ရေတပ်သင်္ဘောသား ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၃၁ ဦး ပျောက်ဆုံးနေတုန်းပဲလို့ ရေတပ်က ပြောပါတယ်။
တနင်္ဂနွေမနက်မှာ လေပြင်းကြောင့် ပင်လယ်ရေတွေဟာ အိတ်တီအမ်အက်စ် ဆူခိုထိုင်း လို့အမည်ပေးထားတဲ့ ရေတပ်သင်္ဘောရဲ့ လျှပ်စစ်စနစ်တွေ ထိခိုက်ခဲ့ရပါတယ်။အဲဒါကြောင့် ထိုင်းတော်ဝင်ရေတပ်က ဖရီးဂိတ်စစ်သင်္ဘောကြီး (၃)စီးနှင့် ရဟတ်ယာဉ်(၂)စီးတို့ကို ရွှေ့ပြောင်းရေစုပ်စက်တွေနှင့်အတူ အခင်းဖြစ်တဲ့နေရာကို ပို့လွှတ်ခဲ့ပါတယ်။ သင်္ဘောထဲက ရေတွေကို စုပ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် လေပြင်းတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။
မီးပျက်သွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေဟာ သင်္ဘောထဲပိုဝင်လာခဲ့ပြီး နောက်ဆုံးမှာ သင်္ဘောဟာ နစ်မြုပ်သွာပါတယ်။
အဲဒီစစ်သင်္ဘောဟာ ပရာချပ်ကီရီကန်ပြည်နယ် ဘန်ဆာဖန်ခရိုင်က ဆိပ်ကမ်းနှင့် မိုင် ၂၀ ဝေးကွာတဲ့နေရာမှာ ကင်းလှည့်တာဝန်ထမ်းဆောင်နေစဉ် မတော်တဆမှုဖြစ်ခဲ့ရတာပါ။
ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်အလယ်ပိုင်းမှာ ယခုနှစ် အအေးဆုံးဖြစ်နေပါတယ်။ တောင်စွန်းပိုင်းမှာတော့ မကြာသေးခင်ရက်တွေက မုန်တိုင်းတွေနှင့် ရေကြီးရေလျှံတွေဖြစ်ပေါ်ခဲ့ပါတယ်။ သင်္ဘောတွေကို ဆိပ်ကမ်းမှာဆိုက်ကပ်ထားဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။
Source: AP
#Thai_Navy_ship_sink
#Thai_Royal_Navy
#Thai_Navy_accident
#DailyNews
Published _ 16 December 2022
၁။ ဝယ်လက်နည်းပြီး အအေးခန်းလိုအပ်ချက်များကြောင့် မွေးမြူရေးငါးဈေးကွက် ကျဆင်းနေ
၂။ မူဆယ်နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ထက်တိုးတက်လာသော်လည်း ကိုဗစ်မတိုင်ခင်ကထက် လျော့နည်း
၃။ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီယံကျော်ပိုမိုရရှိခဲ့
၄။ အနောက်နိုင်ငံများမှ မှာယူမှုများလျော့နည်းလာခြင်းကြောင့် ဗီယက်နမ်စက်ရုံအလုပ်သမများ အလုပ်အကိုင်ဆုံးရှုံးလာရ
#Yangon_Media_Group
#DailyNews
Published _ 15 December 2022
၁။ ငလျင်ကြောင့် မြသိန်းတန်ဘုရားနှင့်မင်းကွန်း၊ အင်းဝတို့တွင် ထိခိုက်ပျက်ဆီးမှုရှိ
၂။ ကုန်သွယ်ရေးလမ်းကြောင်းများဖြေလျော့ပေးမည်ဆိုလျှင် ပြည်တွင်းမှာတင် ဝဥဈေးကွက် အလားအလာကောင်းနိုင်ဟုဆို
၃။ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁၇ ဘီလီယံရရှိထား
၄။ ရောမခေတ်သင်္ချိုင်းအား ဂါဇာသုတေသီများတူးဖော်တွေ့ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 62 of 110