#Daily_News
Published 30 September 2024
၁။ မိုးပါးသွား၍ရေပိုလွှဲမှ ရေကျော်သည့် ရေလှောင်တမံ (၄၇) ခုသာရှိတော့၊ အရင်ထက်လျော့နည်းလာ
၂။ ရေဘေးသင့် ကျေးရွာသားရာချီကို ကယ်ဆယ်ပေးခဲ့သည့်(၁၂)နှစ်အရွယ် 'မောင်ပေါများ'ကို ဂုဏ်ပြုဆုနှင့် လက်ဆောင်များချီးမြှင့်ခဲ့
၃။ အရဟံဖောင်ဒေးရှင်း၏ လေးနှစ်ပြည့်အခမ်းအနား၌ စာတမ်းလေးစောင်ဖတ်ကြားခဲ့
၄။ ယူကရိန်းစစ်ပွဲတွင်ထဲထဲဝင်ဝင် ပတ်သက်နေသည့် အနောက်တိုင်းနိုင်ငံများအား သတိပေးသည့်အနေဖြင့် ရုရှားနျူကလီးယားမူဝါဒလမ်းစဉ်ပြောင်းလဲဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
WatchVideo>>>
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 September 2024
၁။ ရန်ကုန်မြစ်ရေ ထူးကဲဒီရေတက်နိုင်၍ မြစ်ကမ်းဘေးနေသူများ သတိထားရန်ထုတ်ပြန်
၂။ သီတင်းကျွတ်ပိတ်ရက် ချောင်းသာကိုသွားရန် ဘိုကင်တင်ထားသူ(၆၀)ရာခိုင်နှုန်းပြည့်နေ
၃။ နိုဝင်ဘာလကုန် မတိုင်မီ ပို့ကုန်ရငွေများ အမြန်ဆုံးပေးသွင်းရန်နှင့် ပျက်ကွက်သူများအား အရေးယူမည်ဟု ဗဟိုဘဏ်ထပ်မံအသိပေး
၄။ တရုတ်ယွမ်ငွေ (၁၆)လအတွင်း ပထမဆုံးအနေဖြင့် တစ်ဒေါ်လာကို(၇)ယွမ်ကျော်ထိမြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 27 September 2024
၁။ မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ နိုဝင်ဘာလ၌ ကျင်းပမည်
၂။ စက်သုံးဆီ ဈေးနှုန်းများမြင့်တက်
၃။ မိုးတိမ်တောင်ကြောင့် ဒေသ(၇)ခု၌ မိုးသက်လေပြင်းများတိုက်ခတ်နိုင်
၄။ လူ့အခွင့်အရေးဘန်းပြကာ နိုင်ငံရေးခုတုံးလုပ်နေသည်များကို ဆန့်ကျင်သည့်တရုတ်ရပ်တည်ချက်အား ကုလသမဂ္ဂတွင် နိုင်ငံပေါင်းတစ်ရာကျော်ထောက်ခံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 September 2024
၁။ အခုရက်ပိုင်းရန်ကုန်မိုးများလာ၍ ငမိုးရိပ်ဆည်ရေပိုလွှဲမှ (၃)ပေနီးပါးကျော်လာ
၂။ ခရမ်းချဉ်သီးလေးဆခန့်နှင့် ဂေါ်ဖီပန်းပွင့်ဈေးနှုန်း ၅ ၀ရာခိုင်နှုန်းအထိ မြင့်တက်
၃။ လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ချောင်းနားနီးသည့်ရပ်ကွက်အချို့ရေဝင်ရောက်မှုရှိ
၄။ အမေရိကန်၌အတိုးနှုန်းများလျှော့ချသွားသော်လည်း ပြည်သူအများစုစားဝတ်နေရေးကြပ်တည်းနေဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 September 2024
၁။ EV ကားများအပါအဝင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေပေါင်း ၆ သန်းကျော်ရှိ
၂။ ရှမ်းကုန်များ ရန်ကုန်ပြန်ဆင်းလာသော်လည်း ကုန်စိမ်းအချို့ဈေးဆက်တက်
၃။ နောက်(၄၈)နာရီအတွင်း ဒေသ(၁၂)ခု၌ မိုးကြီးပြီး လေပြင်းတိုက်ခတ်မည်
၄။ နှစ်၃၀လုံးလုံး ဘတ်စ်ကားမောင်းခဲ့သည့် ယာဉ်မောင်းကြီးကို အငြိမ်းစားမယူခင် နောက်ဆုံးအခေါက် ခရီးသည်များက ကားပေါ်တွင်နှုတ်ဆက်ပွဲကျင်းပပေးခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၅ စက်တင်ဘာ ၂၀၂၄
ပင်းမြစ်ရေလျှံတဲ့အတွက် ချင်းမိုင်ရဲ့ မောင်ခရိုင်ရဲ့ မြို့လယ်နှင့် စီးပွားရေးအချက်အခြာနေရာတွေမှာ အင်္ဂါ နေ့ညကကစပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။
ဗုဒ္ဓဟူးနေ့ညမှာ ချန်တောင်ခရိုင်ဘက်မှာ ရေကြီးရေလျှံမှဒကြီးနောက်ထပ်တစ်ခု ထပ်ဖြစ်ဦးမယ်လို့ ဒေသခံတွေကို သတိပေးထားပါတယ်။
ချင်းမိုင်မြို့ကို ဖြတ်သန်းစီးဆင်းတဲ့ ပင်းမြစ်ရဲ့ ရေမျက်နှာပြင်ဟာ ခပ်မြန်မြန်ကိုမြင့်တက်လာနေပါတယ်။ မြစ်ရေဟာ ယမန်နေ့ညက စိုးရိမ်ရေမှတ် ၄.၂ မီတာထက် ကျော်လွန်ရောက်ရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက် ၅နာရီတိုင်းတာချက်အရ မြစ်ရေဟာ ၄.၄၅ မီတာအမြင့်ကိုရောက်ရှိလာပြီး အဲဒီအမြင့်မှာ ငြိမ်နေပါတယ်။
မြစ်ရေလျှံမှုမကြောင့် ချန်ခန်နှင့် ချရွန်ဖရာသက်လမ်းတွေရှိတဲ့ စီးပွားရေးအချက်အခြာနေရာတွေနှင့် ညဈေးဘက်ကိုပါ ရေတွေမြင့်တက်ရောက်ရှိလာခဲ့ပါတယ်။
မြေနိမ့်ပိုင်းက ပါဒက်နှင့် နွန်ဟွိုင်းအရပ်တွေမှာ ရေတွေလွှမ်းသွားပါတယ်။
ချင်းမိုင်းမြူနီစပါယ်နှင့် ပြည်နယ်အေဂျင်စီတွေဟာ မြစ်ကမ်းနဖူးမှာ သဲအိတ်တွေချပြီး ရေကိုတားဆီး နေကြပါတယ်။ အဲဒီအပြင် ဒေသခံတွေကလည်း သူတို့ရပ်ကွက်အလိုက်မှာ သဲအိတ်တွေချထားနေကြ ပါတယ်လို့သတင်းကရေးသားပါတယ်။ ဒီတစ်ခါရေကြီးတာ ၂၀၂၂တုန်းက အဆိုးရွားဆုံးရေကြီးခဲ့တာလိုပဲ လို့ဒေသခံတော်တော်များများကပြောနေကြပါတယ်။
ချင်းမိုင်မြူနီစပါယ်က ဒေသဆေးရုံမှာ ရေဘေးဒုက္ခသည်တွေ အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို ကူညီဖို့အတွက် ယာယီအမိုးအကာ တစ်ခု တည်ဆောက်ပေးထားပါတယ်။
#ymg/knl
၂၄ စက်တင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် ယူထိုင်းခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးစခန်းတစ်ခုကို ဒေသအရာရှိတွေက အင်္ဂါနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရုတ်တရက် ဝင်ရောက်စီးနင်းရာ တရားမဝင်မြန်မာအလုပ်သမား ၂၇၂ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကရေးသားပါတယ်။
အရာရှိတွေဟာ တမ်ဘွန်နွမ်နမ်ဆွမ်မှာရှိတဲ့ အဲဒီဆောက်လုပ်ရေးစခန်းကို အင်္ဂါနေ့ မနက် ၆နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲဒီ မြန်မာ ၂၇၂ ဦးမှာ အမျိုးသမီးတွေပါ ပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံ ထဲကို တရားမဝင် ဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ယူထိုင်းခရိုင်ရုံးကပြောပါတယ်။
မြန်မာတစ်ဦးက သူနှင့်အတူ မြန်မာ ၃၀၀ ခန့်ဟာ မဲဆောက် နယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အလုပ်ပွဲစားကို ခရီးစရိတ်အဖြစ် တစ်ဦးကို ဘတ်နှစ်သောင်းပေးခဲ့ ရတယ်လို့ အာဏာပိုင်တွေကို ပြောပြပါတယ်။
ဆောက်လုပ်ရေးစခန်းထဲမှာ သူတို့ဟာ တစ်ရက်ကို ဘတ်ငါးရာရရှိကြပြီး ကျွမ်းကျင်သူတွေကတော့ ဘတ် ၆၀၀ ရရှိတယ်လို့လည်းသူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် သူတို့ဟာ နိုင်ငံထဲမှာ ရွေးချယ်စရာနည်းလွန်းတာကြောင့် ထိုင်းမှာ အလုပ်လုပ်ဖို့လာခဲ့တာလို့ အလုပ်သမားတွေကပြောပါတယ်လို့ ဘန်ကောက်ပို့စ်ကရေးပါတယ်။
ဒီဆောက်လုပ်ရေးစခန်းကိုစီးနင်းပြီး တရားမဝင်အလုပ်သမားတွေရှာဖွေတာ ဒါဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးက လွန်ခဲ့တဲ့ (၂)နှစ်ကဖြစ်တယ်လို့ အကြီးတန်းပြည်နယ်အရာရှိတစ်ဦးဖြစ်တဲ့ ဆူပါခွန်အန်နက် သာရက်ကပြောပါတယ်။
အဲဒီအလုပ်သမားတွေအားလုံးကို တရားစွဲဆိုပြီးရင် မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့လည်း သူကပြောပါတယ်။
@ymg/knl
Page 38 of 149