#Daily_News
Published_ 17 August 2023
၁။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိစ္စ အများစိတ်ဝင်စားနေကြ ဟုဆို PPST ပြောခွင့်ရတစ်ဦး
၂။ ကြက်ဘဲဝက်မွေးမည့်သူများကို ချေးငွေ သိန်း(၁၅၀)နှင့်သိန်း(၃၅၀)ထုတ်ချေးမည်ဟုဆို
၃။ ယနေ့ည မြန်မာယူ (၂၃) အသင်း အိမ်ရှင်ထိုင်းအသင်းဖြင့် ယှဉ်ပြိုင်ကစားမည်
၄။ ဗြိတိန်တွင်ငွေကြေးဖောင်းပွမှုနှုန်းစံချိန်တင်မြင့်တက်လာကာ ပြည်သူများစားဝတ်နေထိုင်ရေးခက်ခဲကြပ်တည်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Daily_News
Published_ 16 August 2023
၁။ EV ကားများနှင့် EV ဆိုင်ကယ်(၈၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ
၂။ မဲခေါင်-လန်ချန်းစီမံကိန်းဖြင့် အထက်မြန်မာပြည်ရှိ မြန်မာလုပ်ငန်းရှင် (၁၀၀)ဦးကိုစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများမျှဝေမည်
၃။ မုတ်သုံလေ ဆက်လက်အားကောင်းနေခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးသက်လေပြင်ကျရောက်နိုင်ဟု မိုးဇလအသိပေး
၄။ တရုတ်လျှပ်စစ်ကားထုတ်လုပ်တင်ပို့မှုများ ဥရောပအထိ ထိုးဖောက်ချဲ့ထွင်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
16 August 2023
ထိုင်းပါလီမန်အမတ်များက လာမည့်အပတ်တွင် ဝန်ကြီးချုပ်အသစ်ကိုရွေးချယ်ကြတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ အမတ်အများဆုံးရထားတဲ့ ရှေ့သို့ပါတီ Move Forward- MFP က သူတို့ရဲ့ ဝန်ကြီးချုပ်လောင်းကို ပါလီမန်မှာ ပိတ်ပင်လိုက်တဲ့ အပေါ်စိန်ခေါ်ပြီး ဖွဲ့စည်းပုံအခြေခံခုံရုံးကို ကန့်ကွက်ခဲ့တာနှင့်ပတ်သက်ပြီး ခုံရုံးက ပယ်ချလိုက်ပြီးနောက် အောက်လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်ရွေးချယ်ပွဲပြန်လည်ပြုလုပ်မှာကို ကြေညာခဲ့တာပါ။
ထိုင်းနိုင်ငံဟာ မတ်လကတည်းက အိမ်စောင့်အစိုးရက အုပ်ချုပ်နေခဲ့တာဖြစ်ပြီး အစိုးရအသစ်ဖွဲ့စည်းဖို့ကိစ္စ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနှင့် ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။ ရှေ့သို့ပါတီဟာ ပါလီမန်မှာ ရှေးရိုးစွဲ အမတ်တွေနှင့် စစ်တပ်ကိုသစ္စာရှိတဲ့ မဟာမိတ်တွေရဲ့ တင်းမာတဲ့ ဆန့်ကျင်မှုတွေနှင့် ရင်ဆိုင်ခဲ့ရပါတယ်။
ရှေ့သိုပါတီ MFPဟာ ပြီးခဲ့တဲ့မေလရွေးကောက်ပွဲမှာ ထင်မထားဘဲ အမတ်နေရာအများဆုံးရရှိခဲ့ပါတယ်။ ပါတီကို မြို့ပြ နှင့် လူငယ်အမြောက်အများက လစ်ဘရယ်မူဝါဒပလက်ဖောင်းအတွက် ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။
တရားရုံးက ပယ်ချလိုက်တာဟာ ရှေ့သို့ပါတီအတွက် နောက်ဆုံးအတိုက်အခိုက်ခံရမှဒတစ်ခုဖြစ်ပေမယ့် ပါတီဟာ အစိုးရဖြစ်ဖို့အတွက် အရှုံးပေးမှာမဟုတ်ဘူးလို့ ပါတီခေါင်းဆောင် ပီတ, ကပြောပါတယ်။
“ပြဿနာကပါလီမန်ပဲဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ပါလီမန်ကို ပြုပြင်မယ်” လို့ သူကပြောပါတယ်။
ပီတကို ထပ်မံအဆိုပြုတာ ပယ်ချလိုက်ပြီးနောက် ရွေးကောက်ပွဲဒုတိယနေရာအနိုင်ရထားတဲ့ ဖွေထိုင်းပါတီဟာ ရှေ့သို့ MFP ပါတီကို ထောက်ခံခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဖွေထိုင်းပါတီဟာ သူ့ရဲ့ ဝန်ကြီးချုပ်လောင်း အိမ်ခြံမြေသူဋ္ဌေးကြီး သာရက်တာ သာဗစ်ဆင်ကို ထောက်ခံပေးဖို့အတွက် ကွန်ဆာဗေးတစ်တွေနှင့် တပ်ကျောထောက်နောက်ခံရှိထားတဲ့ အမတ်တွေကို စည်းရုံးနေပါတယ်။ ဒါပေမယ့် အတွေ့အကြုံနည်းတဲ့ သာရက်တာကို ထောက်ခံမှုတွေလုံလုံလောက်လောက်ရဖို့ သိပ်မသေမချာဖြစ်နေပါတယ်။
“ တစ်ရက်တည်း အပြတ် ဝန်ကြီးချုပ်ရွေးနိုင်မလားဆိုတာကတော့ အစည်အဝေးပေါ်မှာပဲမူတည်ပါလိမ့်မယ်” လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ ဝန်မိုဟာမက် နို မာသာက သတင်းထောက်တွေကိုပြောပါတယ်။ လာမယ့် ဩဂုတ် ၂၂ ရက်မှာ ပါလီမန်အစည်းအဝေးပြန်လည်ကျင်းပပြီး ဝန်ကြီးချုပ်လောင်းအတွက်မဲပေးကြမှာဖြစ်ပါတယ်။
ဖွေထိုင်းပါတီရဲ့ အကြီးတန်းအရာရှိတွေကတော့ ရှေ့သို့ပါတီ MFP ရဲ့ထောက်ခံမှုမပါဘဲနှင့် သာရက်တာကို ဝန်ကြီးချုပ် အဖြစ်ရွေးချယ်နိုင်မယ်လို့ ယုံကြည်ထားကြကြောင်းပြောပါတယ်။
Source Reuters
#Daily_News
Published_ 15 August 2023
၁။ နိုင်ငံခြားငွေလဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီ(၁၃)ကို လိုင်စင်ထပ်မံရုပ်သိမ်း၊ လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ(၄၅)ခုရှိပြီဖြစ်
၂။ မကွေးတွင်မြေပဲထွက်နှုန်းကောင်းသလို ဆီထုတ်လုပ်ရန် ဝယ်လိုအားလည်းကောင်းနေဟုဆို
၃။ AFC Cup ခြေစစ်ပွဲ ၀င်ကြေးအခမဲ့နှင့် အကြိုအပို့ စီစဉ်ပေးမည်
၄။ ဂျပန်နိုင်ငံ၏ ရိုးရာဆူမိုအားကစားကို နိုင်ငံခြားဧည့်သည်များစိတ်ဝင်စားမှုများပြားလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Daily_News
Published_ 14 August 2023
၁။ မြန်မာ့လက်ဝှေ့ကျော်ဒေဝ အနေဖြင့် လက်ဝှေ့လောကမှ အနားယူတော့မည်ဟု ဆိုထားသော်လည်း ရွှေရာမာန်ကစိန်ခေါ်ထား
၂။ မိုးတွင်းတွင် ကားစီးလုံးငှားပြီး ခရီးထွက်သူအချို့ရှိနေ၊ ပုဂံ၊ ညောင်ဦး၊ မန္တလေး၊ ရှမ်းပြည်နှင့်ကမ်းခြေသို့အသွားများ
၃။ မိုးရာသီကာလ လမ်းချော်ပြီး ယာဉ်တိုက်မှုမဖြစ်အောင် YBS ယာဉ်များ ကားဘီးနှင့်ဘရိတ်ကောင်းအောင်ကြီးကြပ်နေ
၄။ မျှော်လင့်ချက်များစွာဖြင့် အရှိန်ရနေသည့်အိန္ဒိယမှလက်မောင်းလှဲအားကစားပြိုင်ပွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၁၃ ဩဂုတ် ၂၀၂၃
ကမ္ဘောဒီးယားနိုင်ငံ ကရက်တိုင်းပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းရဲ့ မြေကြီးထဲမြှပ်ထားတဲ့ မပေါက်ကွဲသေးသော ဗုံးများရာနှင့်ချီပြီးတွေ့ရလို့ အဆိုပါကျောင်းကိုပိတ်လိုက်ရတယ်လို့ ခမာတိုင်းမ်သတင်းစာ သတင်းအရသိရပါတယ်။
အဆိုပါပြည်နယ် ကရက်တိုင်းမြို့မှာရှိတဲ့ ကွင်းကိုဆိုမက် အထက်တန်းကျောင်းဝင်းထဲမှာ စနေနေ့က ကြိုတင်စီစဉ်ထားတဲ့ ကျောင်းပြုပြင်မှုတွေပြုလုပ်စဉ်အတွင်း မြေကြီးထဲမှာမြှပ်ထားတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ရာနှင့်ချီတွေ့ကြရတာြဖစ်တယ်လို့ ကျောင်းအုပ်ကြီး မစ္စတာ ဘန်းချီက ပြောပါတယ်။
တွေ့ရတဲ့အထဲမှာ အမျိုးအစားလေးမျိုးပါဝင်ပြီး M79s က ၂၅၀၊ DK75s က ၁၆ခု၊ M48 warheads က ၁၇ခု၊ B40s က ၁၇ခု စုစုပေါင်း ၂၈၄ခုဖြစ်ပြီး ထပ်ပြီးရှာတွေ့ဖို့လည်းရှိတယ်လို့ ပညာရေးဌာန၊ လူငယ်နှင့်အားကစား ညွှန်ကြားရေးမှူး မစ္စတာ လေဘိုရာကပြောတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒါကြောင့် အဆိုပါပေါက်ကွဲပစ္ညည်းတွေ အားလုံးဖယ်ရှားပြီးသည်အထိ ကျောင်းတွေပိတ်ဖို့ သူက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းလုပ်ငန်းအမှတ်(၅)တပ်က အဲဒီဗုံးတွေဟာ ပေါက်ကွဲနိုင်ပြီး အသက်အန္တရာယ်ရှိနေတယ်။ပြီးတော့ တွေ့ရတာကလည်း စစ်သလင်းလိုပဲလို့ ပြောပါတယ်။ အဲဒါတွေအားလုံးဘေးကင်းရာ ဖယ်ထုတ်ဖို့ အချိန်နှစ်ရက်ခန့်ကြာမယ်လို့သိရပါတယ်။
Source: Khmer Times
အနားယူတော့မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့သားအကြီးဆုံး ဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲ သူ့ရဲ့ အငယ်ဆုံးသား၊သူ့ရဲ့တူဖြစ်သူတို့ကို အကြီးတန်းနေရာများပေးပြီး အစိုးရအသစ်ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။
ဆယ်စုနှစ်လေးစုနီးပါးမျှ ကမ္ဘောဒီးယားကို အုပ်စိုးခဲ့ပြီးနောက် ဟွန်ဆန်ဟာ ဝန်ကြီးချုပ်အဖြစ်က အနားယူတော့မယ့် အကြောင်း ပြောခဲ့ပြီးနောက် သူ့သားအကြီးဆုံး အသက် ၄၅နှစ်အရွယ် ဗိုလ်ချုပ်ကြီး ဟွန်မန်နက်ကို ဘုရင်မင်းမြတ်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အစိုးရအဖွဲ့အသစ်ထဲမှာ ဟွန်ဆန်ရဲ့ သားအငယ်ဆုံး ဟွန်မန်နီဟာ အစိုးရဌာနများဝန်ကြီးအဖြစ်လည်းကောင်း၊ တူဖြစ်သူ လက်ရှိ ရဲချုပ် နက်ဆာဗိုယမ်ကို ဒုတိယဝန်ကြီးချုပ်အဖြစ်လည်းကောင်း ခန့်အပ်မှာဖြစ်ပါတယ်။ အဲဒီအပြင် အနားယူတော့မယ့်ပြည်ထဲရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတွေရဲ့ သားတွေကလည်း ဖခင်တွေရဲ့ ဝန်ကြီးနေရာတွေမှာ အစားထိုးနေရာယူမှာဖြစ်တဲ့အကြောင်း ထုတ်ပြန်ချက်မူကြမ်းကို ကြည့်ခွင့်ရခဲ့တဲ့ အေအက်ဖ်ပီကရေးပါတယ်။
ဟွန်ဆန်ဟာ လက်ရှိဝန်ကြီးအဖွဲ့နှင့် အသစ်ဖွဲ့မယ့်ဝန်ကြီးအဖွဲ့တွေနှင့်တွေ့ဆုံခဲ့တာကို တယ်လီဂရမ်မှာ ပို့်စ်တင်ခဲ့ပါတယ်။
ဟွန်ဆန်ဟာ ဝန်ကြီးချုပ်အဖြစ်မှ အနားယူပြီးတဲ့နောက် လာမယ့်နှစ်ဆန်းမှာ ဆီးနိတ်ဥက္ကဋ္ဌဖြစ်လာပါလိမ့်မယ်။ အဲဒီ့အပြင် ဘုရင်မင်းမြတ် နိုင်ငံရပ်ခြားသွားနေတဲ့အချိန်မျိုးမှာ ယာယီနိုင်ငံတော်ခေါင်းဆောင် acting head of state အဖြစ် တာဝန်ထမ်းဆောင်မှာလည်းဖြစ်ပါတယ်။ သူဟာ ၂၀၃၃ခုနှစ်အထိ အခြားသော ရာထူးတွေယူဦးမှာဖြစ်တယ်လို့ လည်းဟွန်ဆန်ကပြောကြောင်း CNA သတင်းမှာဖော်ပြထားပါတယ်။
Ref- AFP/CNA
Page 37 of 110