#World_News
Published 22 January 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ပဋိပက္ခရေးရာတွေကို ဖြေရှင်းရန် ရည်ရွယ်ကာ သူ့ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဝင်ရောက်ပူးပေါင်းကြဖို့ ကမ္ဘာ့ခေါင်းဆောင်ဒါဇင်ခန့်ကို ဖိတ်ခေါ်လိုက်ပါတယ်။
■ ဒါပေမဲ့ ဒါဟာ ကုလသမဂ္ဂလုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်လို့ သံတမန်တွေ ပြောနေကြပါတယ်။
■ အချို့သော အမေရိကန်မဟာမိတ်တွေက သတိကြီးစွာ တုံ့ပြန်ခဲ့ကြသလို အနည်းငယ်ဆိုရင် ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ကြပေမယ့် အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာနေခဲ့တဲ့ ဘီလာရုစ်လို နိုင်ငံအချို့ကတော့ လက်ခံထားပါတယ်။
■ ထရမ့်က ဂါဇာစစ်ပွဲအဆုံးသတ်ရေး အစီအစဉ်ကြေညာခဲ့စဉ် ပြီးခဲ့တဲ့စက်တင်ဘာလက ငြိမ်းချမ်းရေးဘုတ်အဖွဲ့အကြောင်း ပထမဆုံး အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
■ အမေရိကန်သမ္မတက ဘုတ်အဖွဲ့ရဲ့ ပထမဆုံးဥက္ကဌနေရာ ဖြစ်လာကာ ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးတာဝန်များ ပေးအပ်ခံရမှာ ဖြစ်ပါတယ်။
■ အဖွဲ့ဝင်နိုင်ငံတွေဟာ ဘုတ်အဖွဲ့အတွက် ရန်ပုံငွေ ဒေါ်လာတစ်ဘီလီယံမပေးလို့ အမြဲတမ်းအဖွဲ့ဝင် မဖြစ်ဘူးဆိုပါက ၃ နှစ်သက်တမ်းကာလသာ ရရှိမှာဖြစ်ပါတယ်။
■ အမှုဆောင်ဘုတ်အဖွဲ့များအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ အထူးသံတမန် စတိဗ်ဝစ်ကော့ဗ်၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၊ ထရမ့်ရဲ့သားမက် ဂျရတ်ကုရှ်နာတို့ကို သတ်မှတ်ပေးထားပါတယ်။
■ အရှေ့အလယ်ပိုင်းမဟာမိတ်များနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာနေတဲ့ နိုင်ငံများအပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦးက အဖွဲ့ထဲ ပူးပေါင်းထားပါတယ်။
■ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်အပါအဝင် အချို့နိုင်ငံတွေကတော့ သံတမန်ရေးပြဿနာများကို အကြောင်းပြုပြီး ငြင်းပယ်ထားပါတယ်။
■ ရုရှားနဲ့ တရုတ်တို့ကတော့ ကုလအာဏာလုပ်ပိုင်ခွင့်အပေါ် သက်ရောက်နိုင်တာကို သတိပြုပြီး ဆုံးဖြတ်ချက် မချရသေးပါဘူး။
■ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဂါဇာပြန်လည်ဖွံ့ဖြိုးရေး ဦးတည်ကာ ၂၀၂၇ မတိုင်ခင်အထိ ကုလလုပ်ပိုင်ခွင့်ကို ကန့်သတ်ထားပါတယ်။
Source: Reuters
#World_Health
Published 22 January 2026
■ မနက်အိပ်ရာထလို့ လက်ချောင်းတွေ ပခုံးတွေ စူးရှခြင်း တောင့်တင်းခြင်းတို့ ခံစားရကာ အကြောဆန့်လှုပ်ရှားလိုက်ရင် ပျောက်သွားတယ်လို့ ထင်ရပါတယ်။
■ ဒါပေမဲ့ ဒါဟာ အိပ်စက်တဲ့ပုံစံက ပြဿနာဖြစ်နေနိုင်ပါတယ်။
■ အိပ်နေရင်းနဲ့ လက်တွေက အတွင်းသို့ကွေးပိုက်သွားတဲ့ ပုံစံကို T.Rex ပုံစံလို့ ခေါ်ကြပြီး ညတိုင်းဒီလိုအိပ်စက်နေပါက အာရုံကြောတွေကို ပင်အပ်နဲ့ထိုးသကဲ့သို့ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေ သတိပေးလာပါတယ်။
■ ထိုကနေ သွေးစီးဆင်းမှု နှေးသွားပြီး ထုံကျဉ်စူးရှသလို ခံစားရနိုင်ကာ ပခုံးလည်း တောင့်တင်းလာနိုင်ပါတယ်။
■ အချို့လူတွေမှာ လက်ကောက်ဝတ်မှာ အာရုံကြောထိမိသလိုဖြစ်တတ်ပါသေးတယ်။
■ ညတိုင်း လက်တွေထုံပြီး အိပ်ရာနိုးပြီးနောက်လည်း ဆက်ပြီးထုံနေရင် အားနည်းနေရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။
■ လက်ထုံခြင်း၊ ပခုံးတောင့်ခြင်း၊ နာကျင်ခြင်း၊ ကိုင်တွယ်ရခက်ခဲခြင်းတို့က သတိပေးလက္ခဏာတွေ ဖြစ်ပါတယ်။
■ စောစောစီးစီး ဆရာဝန်နဲ့ တိုင်ပင်ကုသခြင်းဖြင့် အာရုံကြော အပြီးတိုင်ထိခိုက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
■ ဒီလိုအိပ်စက်ပုံစံက ဖိစီးမှု၊ စိုးရိမ်မှု၊ အာရုံကြောစနစ် တုံ့ပြန်မှုမြင့်မားခြင်းတို့နဲ့ ဆက်စပ်နိုင်ပါတယ်။
■ ဖက်လုံးအသုံးပြုခြင်း၊ လက်ကောက်ဝတ် ပတ်ခြင်းတို့ဖြင့် ခန္ဓာကိုယ်အိပ်စက်ပုံစံကို ကူညီစေနိုင်ပါတယ်။
■ အိပ်ရာမဝင်ခင် စိတ်ဖြေလျှော့ခြင်း၊ အကြောလျှော့ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ဖြင့် အာရုံကြောစနစ် ငြိမ်သက်စေနိုင်ပါတယ်။
Source: Huff Post
#World_Health
Published 22 January 2026
■ လူပျိုဖော်ဝင်စ အရွယ်ရောက်ချိန်မှာ ခန္ဓာကိုယ်ထဲ ဇီဝကမ္မဖြစ်စဉ်တွေ၊ စိတ်ခံစားချက်ပိုင်း၊ ဟော်မုန်း၊ စိတ်ကျန်းမာရေးအခြေအနေတို့ များစွာ အပြောင်းအလဲဖြစ်တာကြောင့် ခန့်မှန်းရခက်ပါတယ်။
■ အက်စတာဝှိုက်ဖီးလ်ဆေးရုံမှ ကလေးအထူးကု ဒေါက်တာ ဂျိုသီရက်ဂ်ဟူရမ်က "အသက် ၁၁ နှစ်အရွယ်မှာ အရွယ်ရောက်တာဟာ သာမန်အသက်အပိုင်းအခြားအတွင်း ရှိနေတယ်" လို့ ဆိုပါတယ်။
■ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာတော့ ကမ္ဘာတဝှမ်း ကလေးတွေ အရွယ်ရောက်တဲ့အချိန် တဖြည်းဖြည်း စောစောလာတယ်လို့ တွေ့ရှိခဲ့ပါတယ်။
■ မိန်းကလေးတွေမှာ ပထမဆုံး အပျိုဖော်ဝင်စလက္ခဏာက ရင်သားဖွံ့ဖြိုးမှုဖြစ်ပြီး ၉ နှစ်မှ ၁၃ နှစ်အတွင်း ဖြစ်တတ်ကြပါတယ်။
■ ဒါကြောင့် ၁၁ နှစ်ဆိုတာ ဒီအသက်အပိုင်းအခြားအတွင်း ကြားထဲမှာရှိနေပါတယ်။
■ ယောက်ျားလေးတွေမှာ အနည်းငယ် နောက်ကျတတ်ပြီး အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြား လူပျိုဖော်ဝင်တတ်ကာ အဓိကစိုးရိမ်စရာက အသက်အရွယ်မဟုတ်ဘဲ ဖွံ့ဖြိုးမှုအဆင့်က ရင့်ကျက်မှုနဲ့အညီ ဖြစ်ဖို့ပါပဲလို့ ပြောပါတယ်။
■ မိန်းကလေးမှာ ၈ နှစ်ထက်စောခြင်း၊ ယောက်ျားလေးမှာ ၉ နှစ်ထက်စောခြင်းတို့ကတော့ ဟော်မုန်းမညီမျှခြင်း၊ ဗဟိုအာရုံကြောစနစ်ဖြစ်စဉ်များနဲ့ အခြားသောကိုယ်တွင်းပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။
■ အရွယ်ရောက်ချိန်က အချက်အလက်အများကြီးအပေါ် မူတည်ပြီး မျိုးရိုးဗီဇ၊ အစားအသောက်၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ နာတာရှည်ဖျားနာခြင်း၊ လှုပ်ရှားမှုပြင်းထန်ခြင်း၊ ဖိစီးမှု စတဲ့အချက်တွေက သက်ရောက်နေနိုင်ပါတယ်။
■ အသက် ၁၁ နှစ်အရွယ်လောက်မှာ အရွယ်ရောက်တဲ့ ကလေးအများစုက ရေရှည်ကျန်းမာရေးပြဿနာများ မခံစားရတတ်ဘဲ သူများတွေထက် စောစီးစွာ အရွယ်ရောက်သူတွေကတော့ ပူပန်ခြင်း၊ အရှုံးပေးတတ်ခြင်းတို့ ခံစားရတတ်ပါတယ်။
Source: Indian Express
ဆူဒန်မှာ စွမ်းအင်ပြဿနာ ပိုမိုဆိုးရွားလာခြင်းရဲ့ သက်ရောက်မှု ကြုံတွေ့နေရပြီး ပဋိပက္ခတွေ သုံးနှစ်နီးပါးဖြစ်နေတာကြောင့် ရေနံမြေတွေ ပိတ်သိမ်းထားရကာ ရေနံချက်စက်ရုံတွေ မလည်ပတ်ဘဲရှိနေပါတယ်။
#World_Crisis
Published 21 January 2025
#ဆူဒန် #ရေနံချက်စက်ရုံ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 21 January 2026
■ အမေရိကန်က နေတိုး(NATO) ကွပ်ကဲရေးဌာနတွေမှာ တာဝန်ချထားတဲ့ စစ်မှုထမ်းတွေကို လျှော့ချသွားဖို့ စီစဉ်နေပါတယ်။
■ ဒါဟာ နေတိုးမဟာမိတ်အတွက် အမေရိကန်ရဲ့ အရေးစိုက်မှုအပေါ် ဥရောပရဲ့စိုးရိမ်မှုတွေ ပိုမိုဆိုးရွားလာစေမယ်လို့ သတင်းနီးစပ်သူ ၃ ဦးက ပြောပါတယ်။
■ ထရမ့်အစိုးရအဖွဲ့က ဥရောပမြို့တော်များကို ဆက်သွယ်ကာ စစ်ရေးနဲ့ ထောက်လှမ်းရေးတို့ကို ကြီးကြပ်နေတဲ့ နေတိုးအဖွဲ့တွေမှ နေရာပေါင်း ၂၀၀ ခန့်ကို ဖယ်ရှားသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
■ ဒီထဲမှာ အမေရိကန်အခြေစ်ိုက် NATO Intelligence Fusion Centre ၊ ဘရူဆဲလ်မှာရှိတဲ့ Allied Special Operations Forces Command တို့ ပါဝင်ပါတယ်။
■ ဒါ့အပြင် ရေကြောင်းစစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ ပေါ်တူဂီအခြေစိုက် STRIKFORNATO လည်း ပါဝင်ပါတယ်။
■ ဒီလိုလျှော့ချရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရပေမယ့် ထရမ့်အစိုးရက ရင်းမြစ်တွေကို အနောက်တိုင်းဆီ ပိုမိုရယူလလိုတဲ့ဘဘော တွေ့နေရပါတယ်။
■ ဒါပေမဲ့ ဥရောပမှာ အမေရိကန်စစ်မှုထမ်းအရေအတွက်က ၈ သောင်းခန့် ရှိတာကြောင့် လျှော့ချမယ့်ပမာဏက အနည်းငယ်သာ ဖြစ်နေပါတယ်။
■ လျှော့ချသွားမယ့် အဖွဲ့အစည်းတွေမှာ အမေရိကန်စစ်မှုထမ်း ၄၀၀ ခန့် စခန်းချထားတာကြောင့် တဝက်လောက်လျော့သွားမယ့်သဘော ဖြစ်နေပါတယ်။
■ ထရမ့်ဟာ ပထမအကြိမ် သမ္မတတာဝန် ထမ်းဆောင်စဉ်ကလည်း နေတိုးကနေ နုတ်ထွက်ဖို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
■ ထရမ့်အလိုရှိနေတဲ့ ဂရင်းလန်းသိမ်းယူရေးကိစ္စမှာ ဒိန်းမတ်ကို ထောက်ခံနေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ထရမ့်က ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး အခွန်စည်းကြပ်သွားမယ်လို့ ပြောထားပါတယ်။
Source: Reuters
#World_Health
Published 21 January 2026
■ မာလကာသီးက ဆေးပညာပြဿနာအများအပြားကို ကောင်းစွာထိန်းချုပ်နိုင်တာကြောင့် မာလကာသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၃ မျိုးကို အာဟာရပညာရှင် ဒီ့ဆီခါဂျိန်းက ရှင်းပြထားပါတယ်။
■ မာလကာသီးမှာ လိုင်ကိုပင်းဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် ကိုလက်စထရော လျှော့ချပေးနိုင်သလို သွေးပေါင်ချိန်ကိုလည်း ကျစေနိုင်ပါတယ်။
■ ရောင်ရမ်းဆန့်ကျင်အာနိသင် အားကောင်းတာကြောင့် ဓမ္မတာလာစဉ် ကြွက်သားတောင့်ခြင်းကို လျော့ပါးစေသလို ကိုက်ခဲခြင်းလက္ခဏာများကို လျော့နည်းစေနိုင်ပါတယ်။
■ အမျှင်ဓာတ်ကြွယ်ဝပြီး အူကျန်းမာရေး တိုးတက်စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဗိုက်တာမင်-စီလည်း ကြွယ်ဝတာကြောင့် ဆီးချိုရှိသူတွေအတွက် ကောင်းမွန်ပါတယ်။
■ မာလကာသီးကို အခွံပါစားသုံးရင် ပိုတက်ဆီယံ၊ ဇင့်တို့လို အာဟာရဓာတ်တွေ အပိုရနိုင်ကာ အခွံမှာ ဗိုက်တာမင်-စီ ကြွယ်ဝတာကြောင့် အသားအရည် ကောင်းမွန်စေပါတယ်။
■ ဒါပေမဲ့ ဆီးချိုနဲ့ ကိုလက်စထရောများသူတွေမှာတော့ အခွံမနွှာဘဲ မစားသင့်ကြောင်း၊ အခွံပါစားသုံးပါက ဆီးချိုနဲ့ ကိုလက်စထရောကို ပိုဆိုးစေနိုင်ကြောင်း သတိပေးထားပါတယ်။
■ ဒါကြောင့် ပညာရှင်တွေ အကြံပြုထားတာတွေကို စိတ်ထဲမှတ်သားပြီး မာလကာသီး စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရယူသင့်ပါတယ်။
Source: NDTV
#World_Health
Published 21 January 2026
■ ဝမ်းဗိုက်မှာ ပိုလျှံနေတဲ့ အဆီတွေကို ဘီယာဗိုက်လို့ ခေါ်ကြပြီး လူတွေရဲ့နှလုံး အထူးသဖြင့် အမျိုးသားတွေမှာ ပုံစံပြောင်းလဲစေကာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။
■ ဂျာမနီ ဟမ်းဘတ်အက်ပင်ဒေါ့ဖ်တက္ကသိုလ်ဆေးရုံမှ သုတေသီများက နှလုံးတစ်ရှူးများ ပြောင်းလဲပုံတွေကို တွေ့ရှိခဲ့ကြပါတယ်။
■ ဗိုက်ပူလာတဲ့အခါ နှလုံးကြွက်သား ထူထဲလာသဖြင့် နှလုံးခန်းတွေ ကျဉ်းလာကာ နှလုံးကနေ သွေးညှစ်ထုတ်နိုင်စွမ်း ထိခိုက်လာပြီး နှလုံးရောဂါ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
■ ခါး-တင်ပါးအချိုးအစား တိုင်းတာတဲ့အခါ လေ့လာချက်ထဲက အမျိုးသား ၉၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၆၄ ရာခိုင်နှုန်းတို့ဟာ အဝလွန်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီနေပါတယ်။
■ အိန္ဒိယ အိန္ဒြာပရက်စ်သာအပိုလိုဆေးရုံမှ ဒေါက်တာ မူကက်ရှ်ဂိုအယ်က နှလုံးကြွက်သားအားနည်းတဲ့ သူ့ရဲ့လူနာအားလုံးနီးပါးဟာ ခါးအရွယ်အစားကြီးမားတယ်လို့ ဆိုပါတယ်။
■ ဒါဟာ သက်လတ်ပိုင်း အမျိုးသားတွေ အထိုင်များတဲ့ နေထိုင်မှုပုံစံနဲ့ အယ်ကိုဟော အသောက်များခြင်းတို့နဲ့ သက်ဆိုင်နေပါတယ်။
■ ဝမ်းဗိုက်အဆီတွေကြောင့် နှလုံးကြွက်သားတွေ ထူထဲတောင့်တင်းလာကာ နှလုံးဖောက်နိုင်ခြင်း၊ နှလုံးအားနည်းခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ကိုယ်လက်လှုပ်ရှားခြင်း၊ ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်း စသဖြင့် နေထိုင်စားသုံးမှုပုံစံ ပြောင်းလဲခြင်းဖြင့် ခါးဗိုက်အတိုင်းအတာ လျှော့ချဖို့က နှလုံးအတွက် အလွန်အရေးကြီးပါတယ်။
■ အမျိုးသမီးတွေမှာလည်း မီးယပ်သွေးဆုံးချိန်မှာ ဝမ်းဗိုက်အဆီထွက်လာနိုင်ပြီး အမျိုးသားတွေလိုပဲ နှလုံးပြဿနာများ ဖြစ်နိုင်ပါတယ်။
Source: Indian Express
Page 27 of 1128