#World_News
Published 15 October 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ပိတ်သိမ်းသွားမယ့် ဒီမိုကရက်ပရိုဂရမ်စာရင်းတစ်ခုကို သောကြာနေ့မှာ ထုတ်ပြန်သွားရန် စီစဉ်နေတယ်လို့ ပြောသွားပါတယ်။
■ အင်္ဂါနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားရာ ဘယ်လိုပရိုဂရမ်အစီအစဉ်တွေလဲဆိုတာ အတိအကျမပြောပေမယ့် အမြဲတမ်းပိတ်သိမ်းသွားနိုင်တယ်လို့ ဆိုပါတယ်။
■ နိုဝင်ဘာ ၂၁ ရက်နေ့အထိ အစိုးရရန်ပုံငွေထောက်ပံ့ခြင်းဖြင့် အောက်လွှတ်တော်က ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့တဲ့ ပိတ်သိမ်းမယ့်အစီအစဉ် အဆုံးသတ်အောင် အထက်လွှတ်တော်ကြိုးပမ်းရာမှာ ၈ ကြိမ်မြောက် ကျရှုံးခဲ့ပါတယ်။
■ အထက်လွှတ်တော်မှာ ၄၉-၄၅ မဲဖြင့် အတည်ပြုဖို့လိုအပ်မဲ ၆၀ လျော့နည်းခဲ့ပါတယ်။
■ အစိုးရဌာနပိတ်သိမ်းခြင်း တတိယမြောက်ရက်သတ္တပတ်ထဲ ဝင်လာပြီဖြစ်ရာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ဥပဒေအမတ်တွေ ဆက်လက်ပြီး အပြန်အလှန်အပြစ်တင်နေကြပါတယ်။
■ ဒီမိုကရက်တွေရဲ့ လိုအင်ဆန္ဒတွေက အလွန်များပြားလွန်းတယ်လို့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်ခေါင်းဆောင် ဂျွန်သွန်းက မိန့်ခွန်းပြောသွားပါတယ်။
■ ဗာဂျီးနီးယားဒီမိုကရက် အထက်လွှတ်တော် တင်ကိန်းက အစိုးရဌာနပိတ်သိမ်းဖို့အတွက် ထရမ့်အနေနဲ့ ဒီမိုကရက်တွေနဲ့ ဆက်ဆံပြောဆိုရလိမ့်မယ်လို့ Morning Edition ကို ပြောသွားပါတယ်။
■ သမ္မတပါဝင်ပြောဆိုရင် ၄၈ နာရီအတွင်း ဖြေရှင်းနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
■ ရန်ပုံငွေတွေ မမှန်ကန်ခြင်းမရှိစေရန် ငွေအချို့ကို လမ်းကြောင်းပြောင်းလွှဲပေးရမယ်လို့ ထရမ့်အစိုးရက ပြောထားပါတယ်။
■ ယာယီရန်ပုံငွေနဲ့အတူ အစိုးရအစီအစဉ်ပြန်လည်ဖွင့်စေမယ့် ဒီမိုကရက်တစ်နည်းလမ်းကို သွန်းက မဲပေးခွင့်မပြုသလို ဖက်ဒရယ်ကျန်းမာရေးစောင့်ရှောက်မှု တိုးချဲ့ရန်အတွက် ရန်ပုံငွေကိုလည်း ရီပတ်ဘလစ်ကန်တွေ ဆန့်ကျင်နေပါတယ်။
Source: Reuters
#World_Science
Published 15 October 2025
■ လဟာ ကမ္ဘာဂြိုဟ်ကနေ နှစ်စဉ် ၁ လက်မခွဲ (၃.၈ စင်တီမီတာ) ပိုမိုဝေးကွာလာတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။
■ အာကာသယာဉ်တွေကနေ ထားခဲ့တဲ့ မှန်တွေမှာ လေဆာတန်းများ ရိုက်ခတ်ပြီးနောက် သိပ္ပံပညာရှင်တွေက အကွာအဝေးကို တိုင်းတာခဲ့တာ ဖြစ်ပါတယ်။
■ လက ကမ္ဘာကို လည်ပတ်တဲ့အခါ တစ်လစာလောက် အကွာအဝေး ပြောင်းလဲသွားပါတယ်။
■ ကမ္ဘာနဲ့အတူ ဆွဲအားကွာခြားချက်ကြောင့် လက ပိုမိုဝေးကွာလာတာ ဖြစ်ပါတယ်။
■ ကမ္ဘာဘက်ခြမ်းမှာရှိတဲ့ လရဲ့ဆွဲငင်အားက ဆန့်ကျင်ဘက်ခြမ်းနဲ့ယှဉ်ရင် ၄ ရာခိုင်နှုန်း ပိုမိုအားကောင်းပါတယ်။
■ ဒီအားက သမုဒ္ဒရာတွေကို နှစ်ပိုင်းအားဖြင့် လည်ပတ်စေပြီး လကမ္ဘာဘက်ဆီနဲ့ အဝေးဆီ လည်ပတ်ပါတယ်။
■ လကနေ ကမ္ဘာပေါ်ကိုဆွဲငင်တဲ့ ဆွဲအားက သာမန်အားမဟုတ်ပါဘူး။
ကမ္ဘာဘက်ခြမ်းနဲ့အနီးစပ်ဆုံး လရဲ့ဆွဲအားက လဘက်ဆီသို့ ရေလုံးကြီးဖြစ်ပေါ်စေပြီး အခြားတဖက်မှာတော့ ဆွဲအားနည်းကာ ရေနောက်မှာကျန်ခဲ့ပါတယ်။
■ ကမ္ဘာလည်ပတ်ချိန်မှာ ဒီရေလုံးတွေက ပုံစံပြောင်းသွားပြီး နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်တို့လို ကမ်းရိုးတန်းမြို့တွေမှာ ပင်လယ်ရေအတက်အကျက ၅ ပေလောက် ဖြစ်စေပါတယ်။
■ ရေလုံးတွေက လနဲ့ကိုက်ညီစွာ မလှုပ်ရှားနိုင်ဘဲ ကမ္ဘာလည်ပတ်ခြင်းတွေကြောင့် ရှေ့သို့ရောက်သွားပါတယ်။
■ ဒီရေလုံး ရှေ့ကနေဆွဲခြင်းက လကို ပိုမြန်စေပြီး ပတ်လမ်းကြောင်း ပိုကြီးသွားစေကာ လက ကမ္ဘာကနေ အနည်းငယ် ပိုဝေးကွာသွားစေပေမယ့် ဒီသက်ရောက်မှုက လစ်လျူရှုလို့ရတဲ့အထိ သေးငယ်ပါတယ်။
Source: WION.
#World_Health
Published 15 October 2025
■ အိန္ဒိယမှ Aaj Tak ကျန်းမာရေးအစည်းအဝေးပွဲမှာ ထိပ်သီးဆရာဝန်တွေ၊ စိတ်ကျန်းမာရေးပညာရှင်တွေ၊ အာရုံကြောဆရာဝန်တွေ ပါဝင်ခဲ့ပြီး အသက်အရွယ်ပေါင်းစုံမှာ သက်ရောက်နေတဲ့ စိတ်ကျန်းမာရေးအကြောင်း ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
■ ဒီအခြေအနေအတွက် ဒီဂျစ်တယ်ပစ္စည်းတွေ အသုံးများခြင်းရဲ့ အန္တရာယ်ကို သတိပေးလာကြပါတယ်။
■ စိတ်ကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပြီး အချိန်မီသတိထားသင့်တယ်လို့ အလေးပေးပြောခဲ့ကြပါတယ်။
■ ရူးနှမ်းတာမျိုးကိုမှ စိတ်ရောဂါလို့ ခေါ်တာမဟုတ်ဘဲ စိတ်ဖိစီးမှု၊ ပူပန်မှုတို့ကလည်း အဖြစ်များတဲ့ ပြဿနာတွေ ဖြစ်တယ်လို့ ဒေါက်တာဘိုရာက ဆိုပါတယ်။
■ ဒီလက္ခဏာတွေကို လက်ခံသဘောပေါက်ခြင်းက ပြန်လည်သက်သာဖို့ ပထမဆုံးခြေလှမ်းတွေပဲ ဖြစ်ပါတယ်။
■ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိတ်ကျခြင်းနဲ့ ပူပန်ခြင်းတို့ ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး လူတွေအနေနဲ့ ပိုမိုအိပ်စက်ကြဖို့၊ လမ်းလျှောက်ကြဖို့ တိုက်တွန်းနေပါတယ်။
■ စိတ်ကျရောဂါဖြစ်နေတဲ့ ကလေး ၃ ထောင်ကို ကနေဒါမှာ လေ့လာခဲ့ရာမှာ အဓိကအကြောင်းအရင်းက ဖုန်း၊ ကွန်ပျူတာအကြည့်များခြင်းကြောင့် ဖြစ်နေပါတယ်။
■ မိဘတွေအနေနဲ့ မိမိကလေးတွေရဲ့ ဖုန်းအသုံးပြုချိန်ကို ကန့်သတ်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။
■ အထီးကျန်ခြင်းက ဆိုးရွားတဲ့အခြေအနေဖြစ်ပြီး တစ်နေ့ကို စီးကရက် ၁၅ လိပ်သောက်ခြင်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
■ စိတ်ကျန်းမာရေးနဲ့ ရုပ်ကျန်းမာရေးတို့က ဆက်စပ်နေတာကြောင့် ကိုယ်လက်လှုပ်ရှားခြင်း၊ တရားထိုင်ခြင်း၊ လူမှုဆက်ဆံခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်းတို့ ပုံမှန်ပြုလုပ်ခြင်းဖြင့် ညီညွတ်မျှတတဲ့ဘဝ ပိုင်ဆိုင်နိုင်မယ်လို့ အစည်းအဝေးနိဂုံးချုပ်ခဲ့ပါတယ်။
Source: India Today
တရုတ်စီးပွားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက မြေရှားသတ္တုများနဲ့ ဆက်စပ်ပစ္စည်းများနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ တင်ပို့ကုန်ထိန်းချုပ်မှု တိုင်းတာဆောင်ရွက်ချက်များဟာ တရားဝင်လုပ်ဆောင်ချက်ဖြစ်တယ်လို့ ကာကွယ်ပြောဆိုလိုက်ပါတယ်။
#Asia_News
Published 14 October 2025
#တရုတ်စီးပွားရေး #မြေရှားသတ္တု
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 14 October 2025
■ အရှေ့အလယ်ပိုင်းဒေသမှာ ၂ နှစ်ကြာရိုက်ခတ်စေခဲ့တဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာလိုက်ကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်တို့က ဂါဇာမှ နောက်ဆုံးသောအစ္စရေးလ်ဓားစာခံများကို တနင်္လာနေ့မှာ လွှတ်ပေးခဲ့ပြီး အစ္စရေးလ်ကလည်း ပါလက်စတိုင်းအကျဉ်းသားများကို ဘတ်စ်ကားများဖြင့် နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။
■ နာရီပိုင်းအကြာမှာ ထရမ့်က ဂါဇာကမ်းမြောင်အနာဂတ်အကြောင်းနဲ့ ဒေသတွင်းငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မွတ်ဆလင်နဲ့ အီဂျစ်မှ ဥရောပခေါင်းဆောင်များကို ခေါ်ယူဆွေးနွေးကာ ဟားမတ်စ်နဲ့ အစ္စရေးလ်တို့ မတက်ရောက်နိုင်သလို နောက်ထပ်အဆင့်တွေကို သဘောမတူရသေးပါဘူး။
■ အစ္စရေးလ်စစ်တပ်က ဓားစာခံအယောက် ၂၀ စလုံး အသက်ရှင်လျက် လက်ခံရရှိကြောင်း ပြောကြားခဲ့ပြီး တဲလ်အေဗစ်ရှိ ဓားစာခံရင်ပြင်မှာ စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးထံ ကြေညာခဲ့ရာမှာ အားပေးဝမ်းမြောက်ခဲ့ကြပါတယ်။
■ ဂါဇာမှာလည်း အကျဉ်းသားဆွေမျိုးသားချင်းများစွာ ငိုကြွေးပျော်ရွှင်ကြရပြီး မိသားစုတွေ ပြန်လည်ပေါင်းစည်းသွားကြပါပြီ။
■ အမေရိကန်နဲ့အတူ အီဂျစ်၊ ကာတာ၊ တူရကီတို့ ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်ထဲမှာ ဓားစာခံတွေနဲ့ အကျဉ်းသားများ လွှတ်ပေးရေးတို့ ပါဝင်ပါတယ်။
■ အစည်းအဝေးသို့ အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ မတက်ရောက်သလို ဆော်ဒီနဲ့ ယူအေအီးခေါင်းဆောင်တို့လည်း မတက်ရောက်ခဲ့ပါဘူး။
■ သေဆုံးသွားတဲ့ ဓားစာခံများ ပြန်လည်ရရှိဖို့၊ ဂါဇာမှာ လက်ကျန်ပြဿနာများ ဖြေရှင်းဖို့၊ အစိုးရဖွဲ့စည်းဖို့၊ လုံခြုံရေးပြဿနာများ ဖြေရှင်းဖို့ စတဲ့အခက်အခဲတွေ ကျန်နေပါသေးတယ်။
■ ဂါဇာနဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ တင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး ဟားမတ်စ်တို့က သူတို့ထိန်းချုပ်ထားတယ်လို့ ဆိုနေသလို အစ္စရေးလ်ကလည်း နေရာချဲ့ထွင်နေပါတယ်။
Source: Reuters
#World_Health
Published 14 October 2025
■ အသိအမှတ်ပြု အိပ်စက်ရေးဆိုင်ရာအထူးကု ဒေါက်တာခရစ္စတိုဖာဂျေအယ်လန်က ကျန်းမာရေးနဲ့ညီညွတ်စွာ အနားယူခြင်းကို နှောင့်ယှက်နေတဲ့ နေ့စဉ်အလေ့အထတွေကို ထောက်ပြထားပါတယ်။
■ တီဗီကြည့်ရင်း အိပ်ပျော်သွားတာတွေ၊ မအိပ်ခင် ဝိုင်သောက်တာတွေက နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို ထိခိုက်စေပြီး ဒီမန်ရှာဖြစ်နိုင်ခြေ မြင့်မားတာတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
■ တစ်ညတာ အိပ်ရေးပျက်တဲ့အခါ ဆုံးရှုံးသွားတဲ့ ဦးနှောက်ဆဲလ်တွေကို ပြန်မရနိုင်တော့ဘူးလို့ ဆိုပါတယ်။
■ ပိတ်ရက်တွေကျမှ မိနစ် ၉၀ ကျော်လောက် တရေးအိပ်တယ်ဆိုရင် နှလုံးပြဿနာဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။
■ ကလေးတွေရဲ့အိပ်ချိန် နောက်ကျတယ်ဆိုရင် ခန္ဓာကိုယ်ထိန်းညှိစနစ် ယိုယွင်းပြီး နောက်ပိုင်းမှာ စိုးရိမ်ပူပန်မှု ဖြစ်စေပါတယ်။
■ အိပ်ခန်းကို အေးမြအောင်ထားခြင်းဖြင့် အာရုံကြောစနစ် စိတ်ချစွာအနားယူဖို့ ညွှန်ပြပေးပါတယ်။
■ တစ်ခါတရံ ညဘက်နိုးတတ်တာက ဖြစ်လေ့ရှိပြီး စိတ်မပူရပေမယ့် ဒါမျိုးအမြဲဖြစ်နေပြီး အခြားလက္ခဏာတွေပါ ပါလာရင်တော့ ပြဿနာရှိပါတယ်။
■ ဒီထဲမှာ ကျယ်လောင်စွာဟောက်ခြင်း၊ နိုးလာတဲ့အခါ အသက်ရှူကြပ်ခြင်း၊ မနက်ပိုင်းခေါင်းကိုက်ခြင်း၊ မေးရိုးမသက်သာခြင်းတို့က အိပ်ရေးမဝတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။
■ ဒီပြဿနာတွေကြောင့် နေ့ခင်းပိုင်း အာရုံစူးစိုက်မှု၊ ခွန်အားနဲ့ စိတ်အခြေအနေတို့ သက်ရောက်စေပါတယ်။
■ ဒါတွေကို ထိရောက်စွာ ပြောင်းလဲမယ်ဆိုရင် ပုံမှန်အိပ်ချိန်ထချိန်အတိုင်း သတ်မှတ်ကျင့်သုံးခြင်းဖြင့် နေ့ညလည်ပတ်မှုစနစ် တည်ငြိမ်စေနိုင်ပါတယ်။
Source: Indian Express
#World_Health
Published 14 October 2025
■ ဆားဓာတ်များပြားစွာ စားမိခြင်းဖြင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ကာ နှလုံးသွေးကြောစနစ်နဲ့ ကျောက်ကပ်တို့ကို ထိခိုက်စေပါတယ်။
■ ဒါ့အပြင် အရေပြားကျန်းမာရေးအပေါ် သက်ရောက်မှုတွေကိုလည်း လူတွေသိပ်မသိကြပါဘူး။
■ ဆားဓာတ်မြင့်စွားစွာ စားသုံးခြင်းကြောင့် အရေပြားအပေါ် သက်ရောက်ပုံတွေကို ဖော်ပြထားပါတယ်။
■ (၁) ရေဓာတ်ခန်းခြောက်စေကာ ခြောက်သွေ့လွယ်ပြီး အရေးကြောင်းတွေ ပိုဖြစ်စေနိုင်ပါတယ်။
■ (၂) မျကလုံးနဲ့ မျက်နှာတဝိုက်မှ အရေပြားတွေ ဖောလာစေပြီး နွမ်းနယ်တဲ့ပုံ ပေါ်စေပါတယ်။
■ (၃) ဝက်ခြံပိုထွက်စေသလို ပိုမိုဆိုးရွားစေနိုင်ပြီး အငန်မုန့်တွေက အရေပြားကို ထိခိုက်စေပါတယ်။
■ (၄) အရေပြားရဲ့ သဘာဝအတားအဆီးကို ယိုယွင်းစေပြီး ပြင်ပထိခိုက်မှုတွေ၊ ညစ်ညမ်းမှုန်တွေနဲ့ ထိတွေ့စေပါတယ်။
■ (၅) နှင်းခူရှိသူတွေမှာ ဆားဓာတ်များပြားစွာ စားမိပါက ရောင်ရမ်းခြင်းများ ပိုဖြစ်နိုင်ကာ ယားယံခြောက်သွေ့ခြင်း ပိုဖြစ်စေနိုင်ပါတယ်။
■ (၆) ကြာရှည်စွာ ရေဓာတ်ခန်းခြောက်ပြီး ရောင်ရမ်းပါက အရေပြား လျင်မြန်စွာအိုမင်းစေကာ အရေးကြောင်းများ ဖြစ်ပေါ်စေပါတယ်။
■ (၇) အရေပြားအကာအကွယ် ပျက်စီးစေတာကြောင့် ရောဂါကူးစက်မှုများ ပိုမိုဝင်ရောက်နိုင်ပါတယ်။
■ (၈) ဒဏ်ရာအနာတရများ ပြန်လည်သက်သာခြင်းဖြစ်စဉ် ယိုယွင်းစေပြီး အနာကျက်ဖို့ အချိန်ကြာမြင့်နိုင်ပါတယ်။
■ (၉) အငန်များတဲ့ အစားအစာတွေ စားမိတာကြောင့် အခြားအာဟာရဓာတ်များ ချို့တဲ့ကာ အာဟာရဓာတ် မညီမျှမှုများ ဖြစ်တတ်ပါတယ်။
■ အရေပြားကျန်းမာဖို့အတွက် ဆားလျှော့ချစားသုံးဖို့ဆိုရင် ဝယ်ယူတဲ့အခါ ဆိုဒီယံပါဝင်မှုကို သေချာဖတ်ရှုခြင်း၊ အိမ်မှာပဲချက်စားခြင်း၊ ဟင်းခတ်အမွှေးအကြိုင်များ အသုံးပြုခြင်း၊ အသင့်စားသုံး စားစရာများရှောင်ရှားခြင်း၊ ရေဓာတ်ပြည့်ဝစွာနေခြင်း၊ အငန်များတဲ့မုန့်များ လျှော့စားခြင်းတို့ ပြုလုပ်သင့်ပါတယ်။
Source: DoctorNDTV
Page 29 of 1078