#World_Health
Published 10 October 2025
▪️ ဆေးလိပ်သောက်တဲ့အခါ အသံကွဲအက်သလို ဖြစ်တာမျိုး ကြုံဖူးပါသလား။
▪️ အဒဲလ်၊ လေဒီဂါဂါ၊ ဆမ်စမစ်၊ မိုင်လေဆိုင်းရပ်စ်တို့လို ကမ္ဘာကျော် အဆိုတော်တွေတောင် ဆေးလိပ်သောက်တတ်တဲ့အကျင့်ကြောင့် သူတို့ရဲ့အသံအနေအထား ကျဆင်းသွားမှာကို စိုးရိမ်ကြပါတယ်။
▪️ စီးကရက်ငွေ့က အသံအိုးရဲ့ နူးညံ့တဲ့ တစ်ရှူးတွေကို ရောင်ရမ်းစေကာ အသံကို ကွဲအက်စေကြောင်း PSRI ဆေးရုံမှ ဒေါက်တာ နီတူဂျိန်းက ရှင်းပြပါတယ်။
▪️ စီးကရက်တစ်လိပ်သောက်လျှင်ပင် လည်ပင်းထဲမှာ ယားယံခြင်း၊ ခြောက်သွေ့ခြင်း၊ ဖောရောင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ ခဏခဏသောက်တဲ့အခါ ရေရှည်ရောင်ရမ်းစေပြီး အသံကြိုးထူထဲလာကာ အဖုတွေ ဖြစ်လာနိုင်တဲ့အပြင် အမာရွတ်နဲ့ လည်ချောင်းကင်ဆာတို့ပါ ဖြစ်စေနိုင်ပါတယ်။
▪️ အီးစီးကရက်နဲ့ vape တွေဟာလည်း အပူ၊ ဓာတု၊ အနံ့အရသာပစ္စည်းများ ပါဝင်တာကြောင့် ခြောက်သွေ့ရောင်ရမ်းခြင်း၊ အသံကွဲအက်ခြင်းတို့ ဖြစ်စေနိုင်ပါသေးတယ်။
▪️ အသံကွဲအက်တာက အစောပိုင်းအဆင့်မှာ ပြန်သက်သာနိုင်ပြီး ဆေးလိပ်ဖြတ်လိုက်ရင် ရက်သတ္တပတ် လပိုင်းအတွင်း ရောင်ရမ်းခြင်း ကျဆင်းသွားနိုင်သလို အသံကြိုးတွေကလည်း သဘာဝအတိုင်း ကျုံ့နိုင်ဆန့်နိုင်စွမ်း ပြန်လည်ရရှိနိုင်တယ်လို့ ဆိုပါတယ်။
▪️ မကြာခဏလည်ချောင်း ရှင်းရခြင်း၊ အသံအနည်းငယ်နိမ့်နေခြင်း၊ အသံအနေအထား ကြမ်းတမ်းခြင်း၊ အသံသက်လုံကျဆင်းခြင်းတို့ ခံစားရတယ်ဆိုရင် အသံအိုးထိခိုက်ခြင်းရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
▪️ ဒီလိုလက္ခဏာတွေ ခံစားရတယ်ဆိုရင် ဆေးလိပ်ရပ်တန့်ဖို့ အကြံပြုထားပါတယ်။
Source: Indian Express.
#World_Science
Published 10 October 2025
▪️ တောရိုင်းချင်ပန်ဇီတွေဟာ ရင့်မှည့်အသီးတွေကို စားသုံးရာကနေ တစ်နေ့ကို လာဂါဘီယာတစ်ပုလင်းနဲ့ ညီမျှတဲ့ပမာဏ စားသုံးမိနေတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ဒါဟာ ကစော်ဖောက်တဲ့အသီးတွေကို စားသုံးနေရတဲ့ ရှေးခေတ်လူဝံမျိုးဆက်တွေကနေ လူသားတွေထံ အယ်ကိုဟောအရသာခံတတ်တဲ့ အထောက်အထား မြင်နေရပါတယ်။
▪️ လူသားတွေ အယ်ကိုဟောကို စွဲလမ်းတတ်တဲ့သဘာဝက ချင်ပန်ဇီတွေထံကနေ မျိုးရိုးဆက်ခံတာ ဖြစ်နိုင်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီ အဲလက်စီမာရိုက ပြောပါတယ်။
▪️ ကိုတေးဒီအိုင်ဗရီနဲ့ ယူဂန်ဒါတို့မှ ချင်ပန်ဇီများ အများအပြားစားသုံးတဲ့ သဖန်းသီးတွေနဲ့ ဆီးသီးတို့လို့ အသီးတွေထဲက အီသနော သို့မဟုတ် အယ်ကိုဟောပမာဏကို တိုင်းတာခဲ့ကြပါတယ်။
▪️ ထိုအခါမှာ ယင်းတို့ပုံမှန်စားသုံးတဲ့ အသီးပမာဏအရ အီသနော ၁၄ ဂရမ် ဒါမှမဟုတ် လာဂါဘီယာ ၃၃၀ မီလီလီတာတစ်ပုလင်းနဲ့ ညီမျှနေပါတယ်။
▪️ အများဆုံးစားသုံးကြတဲ့ အသီးတွေက အယ်ကိုဟောပါဝင်မှု အမြင့်မားဆုံးဖြစ်နေပါတယ်။
▪️ ဒီအကြောင်းကို လေ့လာမှု တွဲဖက်သုတေသီ ပရော်ဖက်ဆာ ရောဘတ်ဒက်လီက ပထမဆုံး တင်ပြခဲ့တာ ဖြစ်ပါတယ်။
▪️ ချင်ပန်ဇီတွေဟာ သစ်တောထဲမှာ အတူတူ သစ်သီးတွေသောက်သုံးကြပြီး ရင်းနှီးမှုရယူတဲ့ နည်းလမ်းကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
▪️ ဒါပေမဲ့ လေ့လာချက်ထဲက ချင်ပန်ဇီတွေဟာ မူးလောက်တဲ့အထိတော့ အယ်ကိုဟောကို မသောက်မိကြဘူးလို့ အိတ်စ်တာတက္ကသိုလ်မှ လူဝံသုတေသီ ဒေါက်တာ ကင်ဘာလီဟော့ကင်းစ်က ပြောပါတယ်။
▪️ နိုင်ငံတကာ သဘာဝထိန်းသိမ်းသမဂ္ဂ ပြောကြားချက်အရ ချင်ပန်ဇီတွေဟာ မျိုးသုဉ်းလျက်ရှိပြီး အဓိကအားဖြင့် သူတို့နေထိုင်ရာ သစ်တောတွေ ပြုန်းတီးလာတာ ဖြစ်ပါတယ်။
Source: BBC
တရုတ်နိုင်ငံရဲ့ J-16 ဘက်စုံရတိုက်လေယာဉ်မျိုးဆက်သစ် အီလက်ထရွန်နစ်စစ်ရေးကိရိယာအသစ်ဖြစ်တဲ့ J-16D ဟာ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးတို့အပြင် ကာကွယ်ရေးတို့မှာ များစွာအသုံးဝင်ပုံကို မြင်တွေ့ရပါတယ်။
#Asia_Military
Published 09 October 2025
#တရုတ်နိုင်ငံ #စစ်ရေးတိုက်လေယာဉ်သစ်
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 09 October 2025
▪️ ဓမ္မတာလာချိန်အတွင်း ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝမ်းဗိုက်ပြဿနာတွေ ဖြစ်တတ်ကြပါတယ်။
▪️ ဒီလက္ခဏာတွေက အန္တရာယ်မရှိဘူးဆိုပေမယ့် နေရထိုင်ရ အလွန်ခက်ခဲပါတယ်။
▪️ ဒီလိုပြဿနာမျိုးတွေကို သက်သာစေနိုင်မယ့် စားသောက်နေထိုင်မှုပုံစံတွေ ရှိနေပါတယ်။
▪️ (၁) ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါက ဝမ်းမချုပ်စေဘဲ ပိုလျှံတဲ့ဆိုဒီယံတွေ လျှော့ချပေးကာ ဝမ်းသွားရလွယ်ကူစေပါတယ်။
▪️ (၂) အုတ်ဂျုံ၊ ဂျုံသီးနှံ၊ အသီးနဲ့ ဟင်းရွက်တို့လို အမျှင်ဓာတ်များတဲ့ အစားအစာတွေက ဝမ်းကောင်းစေပြီး ဝမ်းပျက်ခြင်းကိုလည်း သက်သာစေပါတယ်။
▪️ (၃) ကဖင်းဓာတ်က အူလမ်းကြောင်း လှုံ့ဆော်မှုအားကောင်းလွန်းပြီး ဝမ်းပျက်ခြင်းကို ပိုဆိုးစေကာ အချိုရည်တွေကတော့ လေပွခြင်းဖြစ်စေတာကြောင့် ဓမ္မတာအချိန်မှာ ဒါတွေကို လျှော့ချသင့်ပါတယ်။
▪️ (၄) ဓမ္မတာကာလအတွင်း အချို့က လက်တို့စ်ကို ခံနိုင်ရည်မရှိတာကြောင့် နို့ထွက်ပစ္စည်းတွေ ရှောင်ရှားသင့်ပါတယ်။
▪️ (၅) ဒိန်ချဉ်နဲ့ အချဉ်ထောက်တဲ့ ဟင်းရွက်တွေလိုမျိုး ပရိုဘိုင်အိုတစ်တွေက အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားများကို ကူညီပေးကာ အစာချေခြင်းကို ကူညီပေးပါတယ်။
▪️ (၆) လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းဖြင့် ပုံမှန်လှုပ်ရှားပေးပါက အစာချေခြင်းကို လှုံ့ဆော်ပေးကာ ဝမ်းချုပ်ဝမ်းပွခြင်းမှ ကာကွယ်ပေးကာ စိတ်အခြေအနေ ထိန်းသိမ်းပေးပါတယ်။
▪️ (၇) တစ်ထိုင်တည်းနဲ့ အများကြီးမစားဘဲ နည်းနည်းဖြင့် မကြာခဏစားပေးခြင်းက အစာချေစနစ်နဲ့ ကိုက်ညီစေပါတယ်။
▪️ (၈) ပူစပ်တဲ့စားစရာတွေက အစာချေခြင်းကို မြန်ဆန်စေပြီး ဝမ်းပျက်နိုင်ခြေ ပိုများစေပါတယ်။
▪️ (၉) ဝမ်းဗိုက်ကို ရေနွေးအိတ်ကပ်ပေးခြင်းက ဗိုက်အောင့်ခြင်းကို သက်သာစေရုံမက အူလမ်းကြောင်း ကြွက်သားများကို ပြေလျော့စေပါတယ်။
▪️ (၁၀) ဓမ္မတာကာလအတွင်း ဝမ်းဗိုက်မှာဖြစ်တတ်တဲ့ပုံစံတွေကို မှတ်သားထားခြင်းဖြင့် နောက်တစ်ကြိမ်မှာ ပြုလုပ်သင့်တာတွေကို ကူညီပေးနိုင်ပါတယ်။
Source: DoctorNDTV.
#World_Health
Published 09 October 2025
▪️ အပင်မှရတဲ့ အမျှင်ဓာတ်ဆိုတာက ခန္ဓာကိုယ်က မချေဖျက်ဘဲ ပုံမှန်အစာချေခြင်း၊ ဝမ်းချုပ်ခြင်းမှ ကာကွယ်ခြင်း၊ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်ချခြင်းတို့ကို ကူညီပေးတဲ့အပြင် နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
▪️ အမျှင်ဓာတ်ကို အမျိုးသမီးတွေမှာ နေ့စဉ် ၂၅ ဂရမ်နဲ့ အမျိုးသားတွေမှာ ၃၅ ဂရမ်လောက် စားသုံးပေးဖို့ အကြံပြုထားပါတယ်။
▪️ ဒါကြောင့် ဆန်ညိုအပြင် အမျှင်ဓာတ်များစွာပါဝင်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ပဲနက် - ပဲနက်ခွက်တဝက်ခန့်မှာ အမျှင် ၉ ဂရမ်ပါဝင်ပြီး နှလုံးနဲ့ သွေးတွင်းသကြားဓာတ်အတွက် ကောင်းမွန်စေပါတယ်။
▪️ (၂) ရွှေပဲသီး - ပုံမှန်အစာချေဖို့အတွက် အမျှင်ဓာတ်နှစ်မျိုးစလုံး ပါဝင်ကာ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်တို့ကို လျှော့ချပေးပါတယ်။
▪️ (၃) ကန်စွန်းဥ - ပြုတ်ထားတဲ့ ကန်စွန်းဥမှာ အမျှင် ၄ ဂရမ်ခန့် ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ရောဂါဘယတွေကနေ ကာကွယ်ပေးပါတယ်။
▪️ (၄) မုယောစပါး - ခွက်တဝက်ပြုတ်ထားရင် အမျှင် ၃ ဂရမ်လောက်ပါဝင်တဲ့အပြင် ကိုလက်စထရောကျစေပြီး သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးတဲ့ အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။
▪️ (၅) ခင်းဝါ - အစေ့လိုက်အဆန်လိုက်ဖြင့် ပြီးပြည့်စုံတဲ့ ပရိုတိန်းအဖြစ် သတ်မှတ်နိုင်ပြီး ခွက်တဝက်ချက်ပြုတ်ရင် အမျှင် ၂.၆ ဂရမ်ခန့် ပါဝင်ပါတယ်။
▪️ (၆) ပန်းဂျုံ - ဂလူတင်မပါတဲ့ အစေ့ဖြစ်ကာ ခွက်တဝက်ကို အမျှင် ၂.၃ ဂရမ် ပါဝင်တဲ့အပြင် ရောင်ရမ်းဆန့်ကျင်ပစ္စည်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတာကြောင့် သွေးတိုးခြင်း၊ ဆီးချိုတို့မှ ကာကွယ်ပေးပါတယ်။
▪️ (၇) ဂျုံကြမ်းပါစတာ - ဗိုက်တာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝပြီး သာမန်ပါစတာတွေထက် အမျှင်ဓာတ် ပိုရရှိစေပါတယ်။
Source: The Jerusalem Post.
တရုတ်ရဲ့ Kongjing-500A လေယာဉ်ဟာ ထောက်လှမ်းနိုင်စွမ်း၊ ဝေဟင်မှာ တည်မြဲနိုင်စွမ်းတို့ သိသိသာသာ တိုးတက်လာခြင်းနဲ့အတူ အဓိကအစိတ်အပိုင်းများ အဆင့်မြှင့်ထားပါတယ်။
#Asia_Military
Published 08 October 2025
#လေယာဉ် #ဝေဟင်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published October 2025
▪️ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အထူးဗျူဟာမြောက် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး ဆက်လက်မြှင့်တင်ဖို့အကြောင်းကို အင်္ဂါနေ့က တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုခဲ့ကြသလို ဒီဇင်ဘာလမှာ အိန္ဒိယသို့ ပူတင်လည်ပတ်ရေး ပြင်ဆင်တဲ့အကြောင်းတွေလည်း ပါဝင်ခဲ့ပါတယ်။
▪️ ဖုန်းပြောရာမှာ ပူတင်ရဲ့ ၇၃ နှစ်မြောက်မွေးနေ့မှာ ကျန်းမာချမ်းသာပြီး အောင်မြင်မှုများ ဆက်လက်ရရှိဖို့ မိုဒီက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
▪️ နှစ်ဖက်ခေါင်းဆောင်တွေက အိန္ဒိယနဲ့ ရုရှားကြား အထူးမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်စေရန် လိုလားကြောင်းနဲ့ လာမယ့်ဒီဇင်ဘာအတွင်း အိန္ဒိယသို့ ရုရှားသမ္မတ လာရောက်လည်ပတ်ဖို့ ပြင်ဆင်ရေးတွေအကြောင်းလည်း ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတရုံးက ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံလမ်းစဉ်များ တိုးတက်ရေးအကြောင်း သုံးသပ်ခဲ့ကြပြီး ရုရှား-အိန္ဒိယဆက်ဆံရေး ပိုမိုနက်ရှိုင်းစေဖို့ ကတိကဝတ်များ ပြောဆိုခဲ့ကြပါတယ်။
▪️ ဝန်ကြီးချုပ်မိုဒီက ဒီဇင်ဘာမှာ ပြုလုပ်မယ့် ၂၃ ကြိမ်မြောက် ရုရှား-အိန္ဒိယ နှစ်ပတ်လည်အစည်းအဝေးမှာ အိန္ဒိယသို့လာရောက်မယ့် ရုရှားသမ္မတကို ကြိုဆိုဖို့မျှော်လင့်နေကြောင်း ပြောပါတယ်။
▪️ ဘုံသဘောတူညီချက်အပေါ် မူတည်ပြီး နှစ်နိုင်ငံ့ဆက်ဆံရေး တည်မြဲရေးအကြောင်းကို ပူတင်က အလေးပေးပြောခဲ့ပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း ပူတင်က မိုဒီရဲ့ ၇၅ နှစ်မြောက်မွေးနေ့အတွက် တယ်လီဂရမ်ကနေ ဂုဏ်ပြုဆုတောင်းပေးခဲ့ပါတယ်။
Source: ANI
Page 32 of 1078