ဒေါက်တာညီလတ်
၂၀၂၆ ခုနှစ်၏ အစောပိုင်းကာလတွင် သည်ဟိဂ် (The Hague) မြို့ရှိ နိုင်ငံတကာတရားရုံး (ICJ) ၌ ပြန် လည်စတင်မည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော ကြားနာမှုများသည်ကမ္ဘာ့သံတမန်ရေးရာနှင့် ဥပဒေ အသိုင်းအဝိုင်းတွင် အထူးအလေးထားစရာ ဖြစ်လာပြန်သည်။ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသော "မျိုးတုံး သတ်ဖြတ်မှု" (Genocide) စွပ်စွဲချက်အပေါ် မြန်မာနိုင်ငံ၏ ဥပဒေကြောင်းအရ တုံ့ပြန်ခဲ့မှုများသည် စိတ် ခံစားမှုထက် ခိုင်မာသော ယုတ္တိဗေဒနှင့် နိုင်ငံတကာဥပဒေ ပြဋ္ဌာန်းချက်များအပေါ် အခြေခံကာ ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
ဤအမှု၏ အဓိက အချိုးအကွေ့မှာ "မျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်" (Genocidal Intent) ဟူသော အချက်ပင်ဖြစ်သည်။ နိုင်ငံတကာဥပဒေပညာရှင်များက ထောက်ပြသည်မှာ မျိုးတုံးသတ်ဖြတ်မှု မြောက်မမြောက် ဆုံးဖြတ်ရာတွင် အကျိုးဆက်ထက် "ရည်ရွယ်ချက်" ကသာ အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ဤနေရာတွင် ကမ္ဘာ့အသိအမှတ်ပြု မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဥပဒေပညာရှင် William Schabas (ဝီလျံ ရှာဘတ်စ်) က "မျိုးတုံးသတ်ဖြတ်မှု" ဟူသော စကားလုံးကို နိုင်ငံရေးအရ အလွန်အကျွံ သုံးစွဲနေကြခြင်းအား သတိပေးခဲ့ပြီး၊ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများသည် လူမျိုးစုတစ်ခုကို ဖျက်ဆီးရန် စီမံကိန်းချလုပ်ဆောင်ခြင်း မဟုတ်ဘဲ၊ ARSA အကြမ်းဖက်အဖွဲ့၏ စနစ်တကျ တိုက်ခိုက်မှုများကို တုံ့ပြန်ရသည့် ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေး (Counter-insurgency) သာ ဖြစ်သည်ဟူသော အချက်ကို အဓိကထား ဆွေးနွေးခဲ့သည်။
အလားတူပင် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် နိုင်ငံတကာရှေ့နေကြီး Christopher Gosnellကလည်း ICJ ကြားနာမှု (Verbatim Record CR 2019/20) တွင် ဥပဒေကြောင်းအရ အချက် ကျကျ ခုခံခဲ့သည်။ သူ၏ အဓိက ငြင်းခုံချက်မှာ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်ကို ကောက်ချက် ချရာတွင် အဆိုပါကောက်ချက်သည်သာလျှင် တစ်ခုတည်းသော ယုတ္တိရှိသည့် ကောက်ချက် (The only reasonable inference) ဖြစ်ရမည်ဟု ဆိုသည်။ အကယ်၍ စွပ်စွဲထားသော လုပ်ရပ်များအပေါ် အခြားသော ဖြစ်နိုင်ခြေရှိသည့် အကြောင်းပြချက်များ (ဥပမာ- တရားဝင်စစ်ရေးရည်မှန်းချက်များ သို့မဟုတ် အကြမ်းဖက်မှုနှိမ်နင်းရေး) ရှိနေပါက မျိုးတုံးသတ်ဖြတ်မှုဟု သတ်မှတ်၍မရကြောင်း သူက ထောက်ပြခဲ့သည်။
ထို့ပြင် "နယ်မြေရှင်းလင်းရေး" (Clearance Operations) ဟူသော ဝေါဟာရအပေါ်တွင်လည်း Gosnell က ရှင်းလင်းခဲ့သည်။ ဤစကားရပ်သည် မြန်မာနိုင်ငံတွင် ၁၉၅၀ ပြည့်နှစ်များကတည်းက အသုံးပြုခဲ့သော စံသတ်မှတ်ချက် စစ်ရေးဝေါဟာရသာဖြစ်ပြီး၊ နယ်မြေတစ်ခုအတွင်းရှိ လက်နက်ကိုင်ရန်သူများကို ဖယ်ရှားရန် စစ်ရေးအရ ကြိုးပမ်းမှုကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း၊ ယင်းကို မျိုးတုံးသတ်ဖြတ်မှု စီမံချက် အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှာ မှားယွင်းကြောင်း သူက ဆိုသည်။ နေအိမ်များ မီးလောင်ကျွမ်းခြင်းသည် လည်း စစ်ရေးဗျူဟာအရ လိုအပ်ချက် (Military Necessity) ဖြစ်နိုင်သလို၊ အကြမ်းဖက်အုပ်စုများ၏ လက်ချက်လည်း ဖြစ်နိုင်သဖြင့် ယင်းကို စနစ်တကျ မျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်အဖြစ် တိုက်ရိုက် ကောက်ချက်ချ၍ မရနိုင်ကြောင်း တင်ပြခဲ့သည်။
ဆက်လက်၍ နိုင်ငံတကာတရားရုံး၏ "ဖြည့်စွက်တရားစီရင်ပိုင်ခွင့်" (Principle of Complementarity) သဘောတရားအရ မြန်မာနိုင်ငံသည် ပြည်တွင်းတရားစီရင်ရေး ယန္တရားများကို အသိအမှတ်ပြုရန် တောင်းဆိုနိုင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ကို ဖွဲ့စည်းခဲ့ပြီး အမှန်တရားကို ရှာဖွေခဲ့ခြင်း၊ စစ်ဘက်တရားရုံးများမှတစ်ဆင့် ပြစ်မှုကျူးလွန်သူအချို့ကို အပြစ်ပေးအရေးယူမှုများ ပြုလုပ်ခဲ့ခြင်းတို့မှာ နိုင်ငံတော်အနေဖြင့် တရားဥပဒေစိုးမိုးရေးကို လေးစား လိုက်နာကြောင်း ပြသနေသည့် ခိုင်မာသော သက်သေများဖြစ်သည်။ ဤသည်မှာ "မျိုးတုံးသတ်ဖြတ်မှု" ကဲ့သို့သော နိုင်ငံတော်အဆင့် စနစ်တကျ စီမံချက်ဖြင့် ကျူးလွန်ခြင်းမျိုး မဟုတ်ကြောင်းကို ပြည်တွင်းရှိ လက်တွေ့ဆောင်ရွက်ချက်များက သက်သေထူနေခြင်းလည်း ဖြစ်သည်။
ဥပဒေကြောင်းအရ ကြည့်လျှင် ICJ ၏ ယခင်က ချမှတ်ခဲ့သော စီရင်ထုံးများသည် မြန်မာနိုင်ငံအတွက် အားသာချက်များ ရှိနေသည်ကို တွေ့ရမည်။ ဥပမာအားဖြင့် ခရိုအေးရှားနှင့် ဆားဘီးယား (Croatia v. Serbia) အမှုတွင် တရားရုံးက ဆုံးဖြတ်ခဲ့သည်မှာ "လူမျိုးစုအလိုက် အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း" သို့မဟုတ် "စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း" သည်ပင်လျှင် မျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက် (Genocidal Intent) ရှိသည်ဟု တိုက်ရိုက်ကောက်ချက်ချရန် မလုံလောက်ကြောင်း ဟု ဆုံးဖြတ်ခဲ့သည်။ အလားတူပင် မြန်မာနိုင်ငံ၏ ဖြစ်စဉ်တွင်လည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံများ ရွှေ့ပြောင်းသွားရခြင်းမှာ စစ်မက်ဖြစ်ပွားခြင်း၏ အကျိုးဆက်သာဖြစ်ပြီး၊ ယင်းမှာ လူမျိုး တစ်မျိုးကို ဖျက်ဆီးပစ်ရန် ကြံစည်မှုဟု သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း နိုင်ငံတကာဥပဒေ စံနှုန်းများအရ ယုတ္တိရှိရှိ ခုခံချေပနိုင်သည်။
သက်သေအထောက်အထား ခိုင်လုံမှုအပိုင်းတွင်လည်း ဂမ်ဘီယာဘက်မှ တင်ပြသော အချက်အလက် အများစုသည် ဒုက္ခသည်စခန်းများမှ ရရှိသော "တစ်ဆင့်စကား" (Hearsay) များအပေါ်တွင်သာ အဓိက မှီခိုနေခြင်းကို Gosnell က ဝေဖန်ခဲ့သည်။ ယင်းတို့သည် ခိုင်မာသော မှုခင်းဆေးပညာဆိုင်ရာ အထောက် အထားများ (Forensic corroboration) ကင်းမဲ့နေပြီး၊ တစ်ဦးချင်းကျူးလွန်သည့် ရာဇဝတ်မှုများနှင့် နိုင်ငံတော်က စီစဉ်သော မျိုးတုံးသတ်ဖြတ်မှု မူဝါဒအကြား ဆက်စပ်မှုကို သက်သေမပြနိုင်ကြောင်း သူက အခိုင်အမာ ချေပခဲ့သည်။ ဤကဲ့သို့ ခိုင်မာသော သက်သေမရှိဘဲ စွဲချက်တင်ခြင်းသည် တရားဥပဒေ၏ စံနှုန်းများကို လျှော့ချရာရောက်ပါသည်။
ထို့ပြင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုနောက်ကွယ်တွင် နိုင်ငံရေးရည်မှန်းချက်များ ပါဝင်နေခြင်းကိုလည်း သတိပြုရန် လိုအပ်ပါသည်။ နိုင်ငံတကာဆက်ဆံရေး လေ့လာသူများက ဤအမှုကို "Lawfare" ဟု ခေါ်ဆိုသည့် ဥပဒေကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချကာ နိုင်ငံတစ်နိုင်ငံအား ဖိအားပေးခြင်း ဖြစ်နိုင် ကြောင်းရှုမြင်ကြသည်။ အကယ်၍ ICJ ကဲ့သို့သော တရားရုံးကြီးများက ခိုင်မာသော သက်သေအထောက် အထားမရှိဘဲ နိုင်ငံရေးဖိအားများအပေါ် မူတည်ကာ ဆုံးဖြတ်မည်ဆိုပါက ယင်းသည် နောင်တွင် အခြားသော နိုင်ငံငယ်များ၏ အချုပ်အခြာအာဏာအပေါ် အင်အားကြီးနိုင်ငံများနှင့် အဖွဲ့အစည်းများက ခြိမ်းခြောက်လာနိုင်သည့် အန္တရာယ်ရှိသော စံနမူနာ (Dangerous Precedent) တစ်ရပ် ဖြစ်လာနိုင်ကြောင်း သံတမန်ရေးရာ ရှုထောင့်မှ သုံးသပ်နိုင်သည်။
နိဂုံးချုပ်အနေဖြင့် ICJ ၏ ကြားနာမှုများသည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်း၊ ယင်း သည် အမှန်တရားကို နိုင်ငံတကာစင်မြင့်တွင် ချပြနိုင်မည့် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။ ပညာရှင် များ ထောက်ပြခဲ့သည့်အတိုင်း မျိုးတုံးသတ်ဖြတ်မှုဆိုသည့် စွဲချက်မှာဥပဒေကြောင်းအရ ခိုင်မာမှုမရှိ ကြောင်းနှင့် အဖြစ်အပျက်များသည် ပြည်တွင်းလုံခြုံရေးအရ တုံ့ပြန်မှုများသာ ဖြစ်ကြောင်းကို တိကျသော အထောက်အထားများဖြင့် ချေပခြင်းသည်သာလျှင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရာရောက်မည် ဖြစ်ပေသည်။
အမှန်တကယ်တွင် ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ICJ ၌ ပြန်လည်စတင်မည့် ကြားနာမှုများသည် အမှု၏ အဆုံးသတ်စီရင်ချက်မဟုတ်ဘဲ အမှုသွားအမှုလာ၏ အခြေခံအချက်အလက်များကို စစ်ဆေးသည့် အဆင့်သာ ဖြစ်ပါသည်။ ထို့ကြောင့် ဤကြားနာမှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်စရာမလိုဘဲ မြန်မာ နိုင်ငံအနေဖြင့် မိမိတို့၏ ခိုင်မာသော ချေပချက်များကို ကမ္ဘာ့ရှေ့မှောက်တွင် တရားဝင်တင်ပြနိုင်မည့် အခွင့်အရေးတစ်ရပ်အဖြစ်သာ ရှုမြင်သင့်ပါသည်။ နိုင်ငံတကာတရားရုံး၏ လုပ်ထုံးလုပ်နည်းများသည် နှစ်ရှည်ကြာမြင့်လေ့ရှိပြီး၊ ယခင်က Schabas နှင့် Gosnell တို့ကဲ့သို့သော ပညာရှင်များ မီးမောင်း ထိုးပြခဲ့သည့် ဥပဒေကြောင်းအရ ဟာကွက်များမှာ ပြောင်းလဲသွားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
ပညာရှင်များ ထောက်ပြခဲ့သည့်အတိုင်း မျိုးတုံးသတ်ဖြတ်မှုဆိုသည့် စွဲချက်မှာဥပဒေကြောင်းအရ ခိုင်မာ မှုမရှိကြောင်းနှင့် အဖြစ်အပျက်များသည် ပြည်တွင်းလုံခြုံရေးအရ တုံ့ပြန်မှုများသာ ဖြစ်ကြောင်းကို တိကျ သော အထောက်အထားများဖြင့် ချေပခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ကြပါမည်။
အချုပ်အားဖြင့်ဆိုရသော် စိတ်ခံစားမှုနောက်သို့ မလိုက်ဘဲ ဥပဒေကြောင်းအရ အချက်ကျကျ၊ ယုတ္တိရှိရှိ ခုခံခြင်းဖြင့် မြန်မာနိုင်ငံ၏ အမှန်တရားကို နိုင်ငံတကာက လက်ခံလာအောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသုံးသပ်ရေးသားရပါသည်။
ကိုးကား-
William Schabas ၏ အာဘော်- ICJ Verbatim Record (2019/12/12 – Morning)
Christopher Gosnell ၏ အာဘော်-ICJ Verbatim Record (2019/12/12 - Afternoon/4:30 pm)
#World_Health
Published 09 January 2026
■ အအေးမိတယ်ဆိုတာက ရေအေးကြောင့်မဟုတ်ဘဲ ဗိုင်းရပ်စ်ကြောင့် ဖြစ်ကာ ရေအပူချိန်က အအေးမိလက္ခဏာတွေကို ပိုဆိုးရွားစေရုံဖြစ်တယ်လို့ ဒေါက်တာ ပူရ်နာပရာနာက အင်စတာဂရမ်မှာ ပြောထားပါတယ်။
■ ဒါ့အပြင် မွမ်းဘိုင်းစင်ထရယ် ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာ ရီတူဂျာအူဂယ်မူဂေးကလည်း အအေးမိခြင်းကြောင့် ရောဂါဘယဖြစ်စေတာ မဟုတ်ဘဲ ဗိုင်းရပ်စ်ဝင်လာတာကြောင့်လို့ ပြောပါတယ်။
■ ရေအေး၊ အဲကွန်း၊ မိုးရေ၊ ချမ်းအေးတဲ့ပတ်ဝန်းကျင်တို့က ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ဖြစ်စေတာ မဟုတ်ဘဲ ရှိပြီးသားလက္ခဏာတွေကို ပိုဆိုးစေတာဖြစ်တယ်လို့ ဆိုပါတယ်။
■ လူတွေ နေရာထိုင်ခင်းထဲ နေခြင်း၊ အတူထိုင်ခြင်း၊ ဒီလေကိုပဲ ရှူမိခြင်း စတာတွေကြောင့် ဗိုင်းရပ်စ်အလွယ်တကူ ကူးစက်နိုင်ပါတယ်။
■ အအေးသောက်တဲ့အခါ လည်ချောင်းနာတတ်ခြင်း၊ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်းတို့ ယာယီဖြစ်တတ်ပေမယ့် ဒါဟာ ရောဂါကူးစက်မှုမဟုတ်ဘဲ ဗိုင်းရပ်စ်ကြောင့်သာ ဖျားနာခြင်း၊ ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်းတို့ ဖြစ်စေတာလို့ ရှင်းပြပါတယ်။
■ လက်သန့်စင်စွာထားခြင်း၊ အရာဝတ္ထုမျက်နှာပြင် မကြာခဏထိတွေ့မှုမှ ရှောင်ရှားခြင်း၊ ချောင်းဆိုး နှာချေသူတွေနဲ့ ဝေးဝေးနေခြင်း၊ လေဝင်လေထွက်ကောင်းအောင် ထားခြင်းတို့ဖြင့် ဗိုင်းရပ်စ်ထိတွေ့ခြင်းမှ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
■ ခြောက်သွေ့အေးမြတဲ့ လေကိုရှူရှိုက်ခြင်းက အထူးသဖြင့် ရင်ကြပ်သမားတွေမှာ အသက်ရှူလမ်းကြောင်းတွေ ကြပ်သွားကြပြီး နွေးထွေးစွာနေခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်းတို့ဖြင့် ခန္ဓာကိုယ် သက်တောင့်သက်သာ ရှိစေမှာ ဖြစ်တယ်လို့ ပြောပြသွားပါတယ်။
Source: Indian Express.
#World_Health
Published 09 January 2026
■ တစ်နေ့တာ အလုပ်ခွင်ကြာရှည်ခြင်း၊ ညနက်တဲ့အထိ ဖုန်း ကွန်ပျူတာကြည့်ခြင်း စတာတွေကြောင့် ညစာစားချိန်နောက်ကျပြီး အိပ်ချိန်နဲ့ အလွန်နီးသွားတတ်ကြပါတယ်။
■ ဒါဟာ ဂလူးကို့စ်ဖြစ်စဉ်၊ အက်ဆစ်လျှံတက်ခြင်း၊ အိပ်စက်မှုအခြေအနေတို့ကို သက်ရောက်စေပါတယ်။
■ ညစာစားချိန်နဲ့ အိပ်ချိန်ကြား ၂ နာရီခြားခြင်းဖြင့် အစာချေဖျက်ရန် အချိန်ရစေတဲ့အပြင် အခြားသော အကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။
■ (၁) ညစာစားပြီး အနည်းဆုံး ၂ နာရီကြာတဲ့အထိ ခန္ဓာကိုယ်မတ်နေခြင်းဖြင့် အစာအိမ်အက်ဆစ် လျှံတက်ခြင်းကို လျှော့ချနိုင်ကာ အစာကြေစေပါတယ်။
■ (၂) နောက်ကျမှ စားခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲတာကြောင့် စောစောစားခြင်းဖြင့် ညဘက်မှာ သွေးတွင်းသကြားဓာတ် တည်ငြိမ်အောင် ကူညီပေးပါတယ်။
■ (၃) နောက်ကျမှ စားခြင်းဟာ ကယ်လိုရီတွေက အဆီအဖြစ်သိမ်းဆည်းသွားကာ အချိန်မှန်စားရင်တော့ ကယ်လိုရီထိန်းချုပ်ပေးပြီး ကိုယ်အလေးချိန် ကျန်းမားရေးညီညွတ်စေပါတယ်။
■ (၄) အစားများများစားတဲ့အခါ စွမ်းအင်လိုအပ်ပြီး ခန္ဓာကိုယ်တွင်း လှုပ်ရှားစေကာ အိပ်စက်မှုဟော်မုန်းကို နှောင့်ယှက်တာကြောင့် အချိန်ခြားပြီးစားခြင်းဖြင့် ခန္ဓာကိုယ် အနားရစေကာ ကောင်းစွာအိပ်စက်စေပါတယ်။
■ (၅) နောက်ကျမှစားတဲ့အခါ သွေးပေါင်ချိန်၊ ကိုလက်စထရောတို့ မြင့်တက်စေတာကြောင့် အချိန်ခြားပြီးစားခြင်းဖြင့် နှလုံးလုပ်ဆောင်ချက် ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
■ (၆) အိပ်ချိန်နီးကပ်မှ စားခြင်းဖြင့် ကောင်းစွာအစာမကြေဘဲ လေပွခြင်း၊ မအီမသာဖြစ်ခြင်းတို့ ကြုံရနိုင်ကာ ၂ နာရီခြားစားခြင်းဖြင့် လေတွေကျေပျက်ဖို့ အချိန်ရရှိစေပါတယ်။
■ (၇) တစ်ရှူးပြုပြင်ခြင်းနဲ့ အဆီဖြစ်စဉ်တို့မှာ ပါဝင်တဲ့ ကြီးထွားမှုဟော်မုန်းတွေလိုမျိုး ဟော်မုန်းတွေကို ထိန်းညှိပေးကာ စားချင်စိတ်ကို ထိန်းသိမ်းပေးပါတယ်။
■ (၈) နောက်ကျမှစားခြင်းကြောင့် အသည်းကို ဝန်ထုပ်ဝန်ပိုးဖြစ်စေကာ ကြာလာရင် အသည်းမှာ အဆီစုပြုံလာနိုင်ပါတယ်။
■ (၉) အူလမ်းကြောင်း ပိုးမွှားစနစ်က တစ်နေ့တာအချိန်မှန် လှုပ်ရှားတဲ့စနစ်ဖြစ်တာကြောင့် အချိန်မှန်စားမှ အူလမ်းကြောင်း၊ ရောင်ရမ်းမှု၊ ကိုယ်ခံအားစနစ်တို့ ဟန်ချက်ညီမှာ ဖြစ်ပါတယ်။
■ (၁၀) ညစာအချိန်မှန်စားခြင်းဖြင့် အချိန်မတော်ကြီး မုန့်ထစားတတ်တဲ့အကျင့် လျော့စေကာ မကောင်းတဲ့အဆီတွေ အချိုတွေ အငန်တွေ မစားမိစေတော့ပါဘူး။
Source: NDTV.
ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုနဲ့ ဇနီးသည်တို့ အမေရိကန်ကို ခေါ်ဆောင်သွားပြီးနောက် ဗင်နီဇွဲလားအစိုးရအဖွဲက နိုင်ငံရေးတည်ငြိမ်မှုရဖိုအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
#World_Politics
Published 08 January 2026
#ဗင်နီဇွဲလားသမ္မတ #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 08 January 2026
■ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက လာမယ့်သီတင်းပတ်အတွင်း ဒိန်းမတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကို သိမ်းယူမယ့်ရည်ရွယ်ချက် နောက်ဆုတ်မယ့်ပုံမပေါ်ပါဘူး။
■ ဗင်နီဇွဲလားခေါင်းဆောင်ကို အမေရိကန် စစ်ဆင်ရေးဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ဂရင်းလန်းအပေါ်လည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။
■ ထရမ့်ရဲ့ ရည်ရွယ်ချက်တွေကို စစ်အင်အားဖြင့် ဖြေရှင်းသွားမလားဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရူဘီယိုက စစ်ရေးမပါနိုင်ဘူးလို့ မပြောသွားသလို နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းရန်ကြိုးပမ်းနေကြတယ်လို့ ပြောပါတယ်။
■ ဒိန်းမတ်ရဲ့ သတ္တုကြွယ်ဝတဲ့ ဂရင်းလန်းကျွန်းကို အမေရိကန် စစ်ရေးဖြင့် သိမ်းယူမယ့်ကိစ္စက နေတိုးမဟာမိတ်အတွင်း ရိုက်ခတ်နိုင်ပြီး ထရမ့်နဲ့ ဥရောပခေါင်းဆောင်များကြား ကွဲပြားလာနိုင်ပါတယ်။
■ အမေရိကန် ဂရင်းလန်းကို ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေရာမှာ ထရမ့်က ဒီကျွန်းကို ဗျူဟာမြောက်နေရာနဲ့ အမေရိကန်လုံခြုံရေးအတွက် အရေးပါတဲ့ရင်းမြစ်အဖြစ် မြင်ထားပါတယ်။
■ ဥရောပမဟာမိတ်တွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါတို့ အပါအဝင် နိုင်ငံတွေဟာ ဂရင်းလန်းရဲ့ အချုပ်အခြာအာဏာကို အလေးထားပြီး အမေရိကန် သိမ်းလိုတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်နေပါတယ်။
■ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့က ဂရင်းလန်းကို ရောင်းချသွားမှာမဟုတ်ဘူးလို့ အခိုင်အမာဆန့်ကျင်နေပြီး သံတမန်ရေးရာနည်းလမ်းဖြင့် ထပ်မံဖြေရှင်းသွားဖို့ တောင်းဆိုထားပါတယ်။
■ ဥရောပခေါင်းဆောင်တွေကလည်း ဒိန်းမတ်နဲ့ ဂရင်းလန်းကို ထောက်ခံအားပေးဖို့ အတူတကွ လုပ်ဆောင်နေပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ ဆွေးနွေးနေကြပါတယ်။
■ ဂရင်းလန်းအနီး ရုရှားနဲ့ တရုတ်လှုပ်ရှားမှုတွေအကြောင်း ထရမ့်ရဲ့ တင်ပြချက်တွေကို ဒိန်းမတ်က အငြင်းပွားပြောကြားထားပါတယ်။
Source: Reuters
#World_Health
Published 08 January 2026
■ တစ်နေ့ကို ဒိန်ခဲ(ချိစ်) ၅၀ ဂရမ်စားသုံးခြင်းဖြင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ လျော့ကျခြင်းနဲ့ ဆက်စပ်တယ်လို့ တွေ့ရှိထားပါတယ်။
■ ဆွီဒင်မှ လူပေါင်း ၂၇၆၇၀ ကို ၂၅ နှစ်ကြာအောင် ရေရှည်လေ့လာခဲ့ရာမှာ အဆီပါဝင်မှု ၂၀ ရာခိုင်နှုန်းကျော်တဲ့ ချိစ်တွေကို နေ့စဉ်စားသုံးခြင်းနဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေတို့ ဆက်စပ်ပုံကို တွေ့ရှိခဲ့ကြပါတယ်။
■ အဆီပါဝင်မှုမြင့်မားတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယူဆထားကြပေမယ့် ယခုလေ့လာချက်မှာတော့ အဆီမြင့်မားတဲ့ နို့ထွက်ပစ္စည်းတွေဟာ ဒီမန်ရှာဖြစ်နိုင်ခြေ လျော့ကျနိုင်ဖွယ်ရှိကြောင်း ဆွီဒင် လွန်းတက္ကသိုလ်မှ အာဟာရပညာရှင် အမ်မလီဆိုနက်စ်တက်ဒ်က ပြောပါတယ်။
■ နှစ်စဉ်နှစ်တိုင်း ဒီမန်ရှာရောဂါ ဖြစ်ပွားလာသူ ၁၀ သန်းခန့်ရှိနေပြီး ၂၀၅၀ အရောက်မှာ ၁၅၃ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
■ စမ်းသပ်လေ့လာချက်ထဲမှာ အဆီမြင့်မားတဲ့ချိစ် တစ်နေ့ကို ၅၀ ဂရမ်ကျော် စားသုံးသူတွေဟာ ၁၅ ဂရမ်အောက်သာ စားသုံးသူတွေထက် ဒီမန်ရှာဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းလျော့နည်းတာ တွေ့ရပါတယ်။
■ ထောပတ်စားသုံးခြင်းက ရလဒ်အကောင်းအဆိုး ရောနေပြီး ထောပတ်မြင့်မားစွာ စားသုံးသူတွေမှာ အယ်ဇိုင်းမားဖြစ်နိုင်ခြေ မြင့်မားနိုင်တာလည်း ပါဝင်နေပါတယ်။
■ ယခုသုတေသနအရ နို့ထွက်ပစ္စည်းစားသုံးခြင်းနဲ့ ဒီမန်ရှာဖြစ်ခြင်းတို့ကြား ယခင်လေ့လာမှုတွေ တသမတ်တည်းမဖြစ်တာကို တွေ့နိုင်မှာဖြစ်ပြီး ဒီလိုဆက်စပ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေသွားမှာဖြစ်ပါတယ်။
■ ယခုလေ့လာချက်ဟာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း စမ်းသပ်ခံသူတွေထံမှ စားသောက်ပုံစံ အချက်အလက် ကိုယ်တိုင်တင်ပြချက်များကို ဆန်းစစ်ထားတာဖြစ်ပြီး နေထိုင်စားသောက်မှုပုံစံတွေက သုံးသပ်ချက်တွေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။
Source: ScienceAlert
#World_Health
Published 08 January 2026
■ လည်ချောင်းနာခြင်းဆိုတာက အအေးမိခြင်း၊ ဗိုင်းရပ်စ်ကူးစက်ခြင်းတို့ကြောင့် ဖြစ်တတ်ပြီး မျိုချရ စကားပြောရ ခက်ခဲတတ်ပါတယ်။
■ အဖြစ်နိုင်ဆုံး အကြောင်းအရင်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်တတ်တယ်လို့ ဘေလာဆေးပညာကောလိပ်မှ လက်ထောက်ပရော်ဖက်ဆာ ဒေါက်တာ ဂျူလီနာအွန်ကာဆူဝမ်က ပြောပါတယ်။
■ သုတေသနတွေနဲ့ ပညာရှင်တွေ ထောက်ခံထားတဲ့ လည်ချောင်းနာခြင်းအတွက် အိမ်တွင်းကုထုံးတွေ ရှိပါတယ်။
■ (၁) အကြမ်းရည် - ပူနွေးတဲ့ လက်ဖက်ခြောက်ရည်က လည်ချောင်းစိုစွတ်စေပြီး ချိုသလိပ်တွေကို ပျော်စေကာ အချို့သော လက်ဖက်ခြောက်တွေဆိုရင် ရောင်ရမ်းဆန့်ကျင်အာနိသင်လည်း ပါဝင်ပါတယ်။
■ (၂) ပျားရည် - ချောမွေ့ချိုမြတဲ့အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ပါဝင်တာကြောင့် ဘက်တီးရီးယားများ သေစေပြီး ပျားရည်တစ်စက်နှစ်စက်မျှဖြင့် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။
■ (၃) ဆားရည် - ဆားရည်ဖြင့် အာလုတ်ကျင်းခြင်းကလည်း ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေကာ ချွဲတွေကို ရှင်းလင်းပေးပြီး ပိုးသတ်ဆေးပါတဲ့ ခံတွင်းသန့်စင်ဆေးတွေထက် ပိုပြီးထိရောက်မှုရှိပါတယ်။
■ (၄) အစပ် - ပူစပ်တဲ့အစားအစာတွေမှာ ပါဝင်တဲ့ ကပ်ဆိုင်စင်က ရောင်ရမ်းခြင်းနဲ့ နာကျင်မှုတို့ကို သက်သာစေနိုင်ပြီး ငရုတ်ကောင်း ဒါမှမဟုတ် ငရုတ်ဆီတို့ကို ရေနွေးထဲထည့်ပြီး အာလုတ်ကျင်းနိုင်ပါတယ်။
■ (၅) ငုံဆေးပြား - ငုံဆေးပြား ငုံခြင်းဖြင့် တံတွေးထွက်စေကာ လည်ချောင်းစိုစွတ်စေပြီး လည်ချောင်းနာခြင်းကို သက်သာစေတဲ့ မန်သောလ်လည်း ပါဝင်တာကြောင့် ချက်ချင်းသက်သာစေပါတယ်။
Source: Independent
Page 34 of 1128