◾️ဝါရှင်တန်၊ နိုဝင်ဘာ ၂၄ (ရိုက်တာ) - အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံ သားများအတွက် ယာယီတရားဝင်နေထိုင်ခွင့်အဆင့်အတန်းကို ထရမ့်အစိုးရအဖွဲ့က ရပ်စဲတော့မည် ဖြစ် ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သည့် အသိပေး ကြေညာချက်တစ်ရပ်၌ ပြောကြားခဲ့သည်။
◾️မြန်မာနိုင်ငံအတွက် ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း (TPS) သတ်မှတ်ချက်မှာ အင်္ဂါ နေ့တွင် သက်တမ်းကုန်ဆုံးမည့်အနေအထားတွင်ရှိနေသည်။
◾️"နိုင်ငံတွင်းအခြေအနေများကို ပြန်လည်သုံးသပ်ပြီး သင့်လျော်သည့် အမေရိကန်အစိုးရ အေဂျင်စီ များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံ သည် ယာယီအကာအကွယ်ပေးထားသည့် အဆင့် အတန်း (TPS) သတ်မှတ်ချက်အတွက် လိုအပ်သော အခြေအနေများနှင့် ကိုက်ညီမှု မရှိတော့ကြောင်း (ပြည်တွင်း လုံခြုံရေး) ဝန်ကြီးက ဆုံးဖြတ်လိုက်သည်" ဟု ဖက်ဒရယ်အစိုးရပြန်တမ်းတွင် ဖော်ပြထား သည့် အသိပေး ကြေညာချက်၌ ဖော်ပြပါရှိသည်။
◾️ယင်းရပ်စဲမှုသည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်မည်ဖြစ်ကြောင်းလည်း ထိုကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။
◾️လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ TPS အဆင့်အတန်းဖြင့် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးရှိကြောင်း ပြည်တွင်းလုံခြုံရေးဌာနက ခန့်မှန်းထားသည်။
◾️မြန်မာနိုင်ငံအတွက် TPS အဆင့်အတန်းကို ထရမ့်မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့သူ ဒီမိုကရက် တစ်ပါတီ ဂျိုးဘိုင်ဒင်၏ အစိုးရလက်ထက် ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ၁၈ လကြာ သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်သည်။
◾️ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သူ ထရမ့်သည် ဇန်နဝါရီလတွင် ရာထူးစတင်ရယူချိန်မှစ၍ ယင်း၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအများအပြားမှ နိုင်ငံသား များ အတွက် TPS အစီအစဉ်များကို ရုပ်သိမ်းခဲ့သည်။
Source Reuters
မြို့ပြလေကြောင်းသွားလာရေးနဲ့ အဆင့်မြင့်လေကြောင်းပို့ဆောင်ရေးအနာဂတ်ကို ယူအေအီးဒူဘိုင်းလေကြောင်းပြပွဲမှာ ပြသထားပါတယ်။
#World_Event
Published 24 November 2025
#ဒူဘိုင်း #ယူအေအီး
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 November 2025
■ အမေရိကန်နဲ့ ယူကရိန်းတို့က ရုရှားစစ်ပွဲအဆုံးသတ်ရေးအတွက် နောက်ထပ်ပြုပြင်ပုံဖော်ထားတဲ့ ငြိမ်းချမ်းရေးမူဘောင်တစ်ခုကို ဖန်တီးထားတယ်လို့ ပြောထားပါတယ်။
■ အစောပိုင်းက ထရမ့်အစိုးရအဖွဲ့ မူကြမ်းရေးဆွဲထားတဲ့ အစီအစဉ်ကို ပြုပြင်ပြောင်းလဲထားတဲ့ပုံဖြစ်ပြီး ရုရှားအပေါ် သက်ညှာလွန်းအားကြီးတယ်လို့ ယူကရိန်းနဲ့ မဟာမိတ်များက မြင်နေကြပါတယ်။
■ အမေရိကန်နဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့ ဂျီနီဗာမှာ ဆွေးနွေးကြရာမှာ အကျိုးသက်ရောက်မှုတွေရှိပြီး လာမယ့်ရက်တွေမှာ ဆက်လက်ဆွေးနွေးသွားဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။
■ ဒါပေမဲ့ ရုရှားခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်ကနေ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ကို ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ အသေးစိတ်ပြဿနာတွေတော့ မဖော်ပြထားပါဘူး။
■ အိမ်ဖြူတော်က နောက်ထပ်အဆိုပြုတဲ့ အစီအစဉ်က လုံခြုံရေးအာမခံချက်များ မြှင့်တင်ပေးဖို့ပါဝင်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့က ဒါဟာယင်းတို့ရဲ့ နိုင်ငံ့အကျိုးစီးပွားကို ထင်ဟပ်စေတယ်လို့ ပြောပါတယ်။
■ ဒီထဲမှာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ပါဝင်ပတ်သက်မှုအကြောင်း မေးခွန်းထုတ်စရာတွေ ရှိနေပေမယ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အကြံပြုတဲ့ ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ထဲက မပြေလည်တဲ့ပြဿနာတွေကို လျှော့ချနိုင်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သတင်းထောက်တွေကို ပြောသွားပါတယ်။
■ ယူကရိန်းနယ်မြေ စွန့်လွှတ်ရေး၊ စစ်အင်အား ကန့်သတ်ထားရှိရေး၊ နေတိုးပူးပေါင်းမယ့် ရည်ရွယ်ချက် လက်လျှော့ရေးတို့ ပါဝင်တဲ့ အစီအစဉ်ကို ယူကရိန်းသမ္မတအနေနဲ့ အသိအမှတ်ပြုလက်ခံရန် ကြာသပတေးနေ့အထိ အချိန်ရမယ်လို့ ထရမ့်က ဆိုပါတယ်။
■ ယူကရိန်းသမ္မတ ဇယ်လန်စကီက ထရမ့်နဲ့ ငြိမ်းချမ်းရေးအစီအစဉ် ဆွေးနွေးဖို့အတွက် အမေရိကန်သို့ သွားရောက်မယ့်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
Source: Reuters
#World_Health
Published 24 November 2025
■ နှလုံးကျန်းမာရေးအတွက် အခြေခံကျတဲ့ ကာကွယ်ရေးစနစ်က လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြစ်ပြီး နှလုံးကနေ ထိရောက်စွာ သွေးညှစ်ထုတ်နိုင်စေကာ အခြားအကျိုးကျေးဇူးများစွာလည်း ရနိုင်ပါတယ်။
■ ဒါပေမဲ့ လေ့ကျင့်ခန်းဘယ်လောက် လုပ်ခြင်းကြောင့် နှလုံးကျန်းမာရေး ဘယ်လောက်ထိ ကောင်းစေလဲဆိုတာက တစ်ဦးနဲ့တစ်ဦး ကွဲပြားနေပါတယ်။
■ လေ့ကျင့်ခန်းလုပ်လို့ နှလုံးကျန်းမာရေးအကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြား ကွဲပြားပုံကို Nature Cardiovascular Research ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
■ အမျိုးသမီးတွေက အမျိုးသားတွေ လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့ တဝက်လောက်ပြုလုပ်ရုံဖြင့် နှလုံးကာကွယ်မှုအတိုင်းအတာ တူညီစွာရနိုင်တယ်လို့ အဆိုပြုလာပါတယ်။
■ အမျိုးသမီးတွေက တစ်ပတ်ကို မိနစ် ၂၅၀ လောက် လေ့ကျင့်ခန်းပြုလုပ်ခဲ့ရာ နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းသွားတာ တွေ့ရပါတယ်။
■ အမျိုးသားတွေကတော့ ထိုရာခိုင်နှုန်းလျော့နည်းဖို့အတွက် တစ်ပတ်ကို မိနစ် ၅၃၀ လောက် လေ့ကျင့်ခန်းပြုလုပ်ရပါတယ်။
■ နေ့စဉ်လိုအပ်တဲ့ လေ့ကျင့်ခန်းပြုလုပ်တဲ့ အမျိုးသမီးတွေဟာ အသက်အန္တရာယ်ဆုံးပါးနိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုနည်းနေပါတယ်။
■ ဒါပေမဲ့ ကျားမမရွေး တစ်ပတ်ကို မိနစ် ၁၅၀ ခန့် လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပေးဖို့ အကြံပြုထားကြပါတယ်။
■ အမျိုးသမီးတွေရဲ့ ဟော်မုန်းနဲ့ ကြွက်သားဖွဲ့စည်းမှုက ကွဲပြားပြီး အီစထရိုဂျင်နဲ့ ကြံ့ခိုင်မှုပေးနိုင်တဲ့ ကြွက်သားအမျှင်တွေက အမျိုးသမီးတွေကို ပိုမိုအားသာစေတာ ဖြစ်ပါတယ်။
Source: Hindustan Times
#World_Health
Published 24 November 2025
■ အိပ်မပျော်ခြင်းအတွက် အသုံးပြုကြတဲ့ မယ်လတိုနင် ဖြည့်စွက်ဆေးတွေကို ကြာရှည်အသုံးပြုရင် နှလုံးရောဂါကြောင့် ဆေးရုံတက်ကုသရခြင်းနဲ့ အသက်ဆုံးပါးနိုင်ခြေတို့ များစေနိုင်တယ်လို့ အမေရိကန်နှလုံးအဖွဲ့အစည်း ၂၀၂၅ သိပ္ပံအစည်းအဝေးမှာ ဖော်ပြခဲ့ပါတယ်။
■ မယ်လတိုနင်ဟော်မုန်းက ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းထုတ်လုပ်ပြီး အိပ်စက်နိုးထမှုစက်ဝန်းကို ထိန်းညှိပေးပါတယ်။
■ အိပ်ပျော်ဖို့ ခက်ခဲသူတွေ၊ ကောင်းစွာအိပ်မပျော်သူတွေမှာ ဓာတုနည်းနဲ့ထုတ်လုပ်တဲ့ မယ်လတိုနင်ဖြည့်စွက်ဆေးတွေ အသုံးပြုသူများပြားပါတယ်။
■ လေ့လာမှုအတွက် မယ်လတိုနင် ရေရှည်အသုံးပြုသူတွေနဲ့ မယ်လတိုနင် အသုံးမပြုသူတွေဆိုပြီး ခွဲခြားခဲ့ပါတယ်။
■ မယ်လတိုနင်အားဆေးတွေကို ဈေးကွက်ထဲမှာ ဘေးကင်းစိတ်ချစွာ ရောင်းချနေပေမယ့် ရေရှည်မှာ နှလုံးသွေးကြောသက်ရောက်မှုအကြောင်းတော့ ဖော်ပြထားခြင်းမရှိပါဘူး။
■ လေ့လာဆန်းစစ်ကြည့်ရာမှာ ကောင်းစွာအိပ်မပျော်လို့ မယ်လတိုနင် ရေရှည်အသုံးပြုသူတွေဟာ အသုံးမပြုသူတွေနဲ့ယှဉ်ရင် ၅ နှစ်အတွင်း နှလုံးရောဂါဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း ပိုများနေပါတယ်။
■ ဒါ့အပြင် နှလုံးရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူရခြင်းလည်း ၃ ဆခွဲနီးပါးလောက် ပိုများပါတယ်။
■ အကြောင်းတစ်ခုခုကြောင့် အသက်ဆုံးပါးနိုင်ခြေကတော့ နှစ်ဆနီးပါးပိုများခဲ့ပါတယ်။
■ ဒီလေ့လာချက်က ကောင်းစွာအိပ်မပျော်တဲ့ လူပေါင်း ၁၃၀,၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို အကြောင်းအရာ ၄၀ အောက်မှာ နှိုင်းယှဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
■ ဒီတွေ့ရှိချက်တွေကို အတည်ပြုနိုင်ဖို့နဲ့ မယ်လတိုနင်ရဲ့ ရေရှည်သက်ရောက်ဘေးကင်းမှုကို နားလည်ဖို့အတွက် နောက်ထပ်လေ့လာချက်တွေ ပြုလုပ်ဖို့လိုအပ်ကြောင်း သုတေသီများ ဖော်ပြထားပါတယ်။
Source: News Medical
ဟောင်ကောင်ထိုင်ပိုမှ လူနေဧရိယာတစ်ခုဖြစ်တဲ့ ဝမ်ဖုကောက်မှ မီးလောင်ကျွမ်းမှုကို မီးသတ်သမားများ မပင်မပန်းအားထုတ်ခဲ့ကြပြီးနောက် ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ခဲ့ပြီလို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)မှ အမှုဆောင်ချုပ် ဂျွန်လီက ကြာသပတေးနေ့မှာ ပြောပါတယ်။
#Asia_News
Published 28 November 2025
#ဟောင်ကောင် #မီးလောင်
#YMG #Yangon_Times #Yangon_Media_Group
၂၃ နိုဝင်ဘာ၊၂၀၂၅
ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုတွင် ထိုင်းနိုင်ငံ၏ ကိုင်တွယ်ဆောင်ရွက်နေမှု အပေါ် "ဝင်ရောက်စွက်ဖက်ခြင်း" မပြုရေး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အား တောင်းဆို ရန်အတွက် ဆန္ဒပြသူများသည် နိုဝင်ဘာ ၂၂ရက် စနေနေ့က ဘန်ကောက်မြို့ရှိ မလေးရှားသံရုံးရှေ့တွင် စုဝေးခဲ့ကြသည်။
ဝါရှင်တန် (အမေရိကန်အစိုးရ) သည် ကုန်သွယ်ရေးဆွေးနွေးမှုများနှင့် ထိုင်းနိုင်ငံ၏ ပိုင်နက်နယ်မြေ ကာကွယ်ပိုင်ခွင့် အချုပ်အခြာအာဏာကို မတရားသဖြင့် ချိတ်ဆက်ထားသည်ဟု ဆန္ဒပြသူများက ယုံကြည်ကြသဖြင့် သူတို့သည် အမေရိကန်သံရုံးသို့ သွားရောက်ချီတက်ရန်လည်း ပြင်ဆင်ခဲ့ကြသည်။
အဆိုပါ နိုင်ငံရေးလှုပ်ရှားမှုများကို ထိုင်းဘာသာဖြင့် Ruam Palang Phaen Din Pok Pong Athipatai ဟုခေါ်သော အချုပ်အခြာအာဏာကာကွယ်ရေး မြေပြင်ညီညွတ်သော အင်အားစုက ဦးဆောင် စီစဉ်ခဲ့ခြင်းဖြစ်သည်။တက်ရောက်လာကြသည့် ထင်ရှားသူများတွင် ဖိချစ်ချိုင်မုန်ခွန် (Pichit Chaimongkol)၊ အထက်လွှတ်တော်အမတ်ဟောင်း ကဲဆန်အတိဗောဒိ (Kaewsan Atibodhi)၊ ရှပ်နီခေါင်းဆောင်ဟောင်း ကျတုဖွန်းဖရွန်ဖန် (Jatuporn Prompan) နှင့် ရှေ့နေ နိတိထွန်းလမ်လွာ (Nitithorn Lamlua) တို့ ပါဝင်ကြသည်။
ထိုင်းနိုင်ငံတော်အလံများနှင့် ဆိုင်းဘုတ်များကို ဝှေ့ယမ်းလာကြသည့် အဆိုပါအဖွဲ့သည် အသံချဲ့စက်များ တပ်ဆင်ထားသော ကားတစ်စီးနှင့်အတူ Sathon လမ်းရှိ မလေးရှားသံရုံးသို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့က မစ္စတာအန်ဝါသည် အာဆီယံဥက္ကဋ္ဌအနေဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းမှုများတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

နယ်စပ်အငြင်းပွားမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ကမ္ဘောဒီးယားနှင့် ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံအား ဖိအားပေးခြင်းမှ ရှောင်ကြဉ်ရန် သူတို့က တောင်းဆိုခဲ့ကြသည်။ ထိုင်းစစ်သားများသည် နယ်စပ် တစ်လျှောက် မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင် အသက်အန္တရာယ်နှင့်ရင်းကာဆောင်ရွက်နေ ချိန်တွင် ကမ္ဘောဒီးယားဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဟန့်တားနှောင့်ယှက်ခဲ့ပြီး သဘော တူညီချက်များကို လေးစားလိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု Mr Pichit က ပြောကြားခဲ့သည်။
မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှုသည် ပြီးခဲ့သည့်လက ကွာလာလမ်ပူမြို့တွင် မစ္စတာအန်ဝါနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ရှေ့မှောက်၌ ထိုင်းနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှစ်ဦး လက်မှတ်ရေးထိုးခဲ့သော ကြေညာချက်ပါ အဓိကအချက် ၄ ချက်အနက် တစ်ချက်ဖြစ်သည်။
နယ်စပ်စစ်ဆင်ရေးများ ရပ်တန့်ရန် ထိုင်းနိုင်ငံကို အမိန့်ပေးခြင်းဖြင့် မစ္စတာအန်ဝါသည် အာဆီယံ ဥက္ကဋ္ဌ အဖြစ် လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်လုပ်ဆောင်နေသည်ဟု သူက စွပ်စွဲခဲ့သည်။
မစ္စတာဖီချစ်က မစ္စတာအန်ဝါအား "နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု" ပြုလုပ်သည်ဟု ဝေဖန်ခဲ့ပြီး မလေးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်များအပေါ် မလျော်ကန်သော သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေကြသည်ဟု ပြောဆိုခဲ့သည်။
မစ္စတာ ကဲဆန် Mr Kaewsan က ဆက်လက်၍ ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန်သည် မိသားစု အုပ်ချုပ်ရေးစနစ်ဖြင့် နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့ကြောင်းနှင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထိုင်းနိုင်ငံ အား ကျူးကျော်ရန်လိုသူအဖြစ် ပုံဖော်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံသည် ကမ္ဘောဒီးယား လောင်းကစားရုံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေကြောင်းနှင့် မစ္စတာအန်ဝါသည် ပြည်တွင်း၌ အဂတိလိုက်စားမှုပြဿနာများ ရှိနေ သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း အဆိုပါ အထက်လွှတ်တော်အမတ်ဟောင်းက ထပ်လောင်းစွပ်စွဲခဲ့သည်။ အာဆီယံအနေဖြင့် "ဒေသတွင်းအဖွဲ့ အစည်း၌ မစ္စတာအန်ဝါအတွက် နေရာမရှိစေရန်" ဆောင်ရွက်ပေးကြဖို့လည်း သူက တိုက်တွန်းခဲ့သည်။
အမှတ်၅ မြို့တော်ရဲတပ်ဖွဲ့ နှင့် ထုန့်မဟာမေ့ခ် ရဲစခန်းမှ ရဲအရာရှိများသည် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန်အတွက် သံရုံးအဝင်ဝတွင် သံမဏိအတားအဆီးများကို တပ်ဆင်ထားပေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအတွင်း ဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်ဟု အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ "လောလော ဆယ်တွင် ဝါယာလက်စ် လမ်းမပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုအချို့ ဖြစ်ပေါ်နိုင်သည်မှလွဲ၍ ဆန္ဒပြပွဲကြောင့် ကြီးမားသော အနှောင့်အယှက် ဖြစ်စေမည့် လက္ခဏာများ မတွေ့ရသေးကြောင်း" လည်း ကြေညာချက် တွင် ဖော်ပြထားသည်။
Source: Bangkok Post
Page 34 of 1104