#World_News
Published 21 January 2026

■ အမေရိကန်က နေတိုး(NATO) ကွပ်ကဲရေးဌာနတွေမှာ တာဝန်ချထားတဲ့ စစ်မှုထမ်းတွေကို လျှော့ချသွားဖို့ စီစဉ်နေပါတယ်။

■ ဒါဟာ နေတိုးမဟာမိတ်အတွက် အမေရိကန်ရဲ့ အရေးစိုက်မှုအပေါ် ဥရောပရဲ့စိုးရိမ်မှုတွေ ပိုမိုဆိုးရွားလာစေမယ်လို့ သတင်းနီးစပ်သူ ၃ ဦးက ပြောပါတယ်။

■ ထရမ့်အစိုးရအဖွဲ့က ဥရောပမြို့တော်များကို ဆက်သွယ်ကာ စစ်ရေးနဲ့ ထောက်လှမ်းရေးတို့ကို ကြီးကြပ်နေတဲ့ နေတိုးအဖွဲ့တွေမှ နေရာပေါင်း ၂၀၀ ခန့်ကို ဖယ်ရှားသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

■ ဒီထဲမှာ အမေရိကန်အခြေစ်ိုက် NATO Intelligence Fusion Centre ၊ ဘရူဆဲလ်မှာရှိတဲ့ Allied Special Operations Forces Command တို့ ပါဝင်ပါတယ်။

■ ဒါ့အပြင် ရေကြောင်းစစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ ပေါ်တူဂီအခြေစိုက် STRIKFORNATO လည်း ပါဝင်ပါတယ်။

■ ဒီလိုလျှော့ချရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရပေမယ့် ထရမ့်အစိုးရက ရင်းမြစ်တွေကို အနောက်တိုင်းဆီ ပိုမိုရယူလလိုတဲ့ဘဘော တွေ့နေရပါတယ်။

■ ဒါပေမဲ့ ဥရောပမှာ အမေရိကန်စစ်မှုထမ်းအရေအတွက်က ၈ သောင်းခန့် ရှိတာကြောင့် လျှော့ချမယ့်ပမာဏက အနည်းငယ်သာ ဖြစ်နေပါတယ်။

■ လျှော့ချသွားမယ့် အဖွဲ့အစည်းတွေမှာ အမေရိကန်စစ်မှုထမ်း ၄၀၀ ခန့် စခန်းချထားတာကြောင့် တဝက်လောက်လျော့သွားမယ့်သဘော ဖြစ်နေပါတယ်။

■ ထရမ့်ဟာ ပထမအကြိမ် သမ္မတတာဝန် ထမ်းဆောင်စဉ်ကလည်း နေတိုးကနေ နုတ်ထွက်ဖို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

■ ထရမ့်အလိုရှိနေတဲ့ ဂရင်းလန်းသိမ်းယူရေးကိစ္စမှာ ဒိန်းမတ်ကို ထောက်ခံနေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ထရမ့်က ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး အခွန်စည်းကြပ်သွားမယ်လို့ ပြောထားပါတယ်။

Source: Reuters