#Local_News
Published 12 March 2025
▪️ ရန်ကုန်မြို့ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ကို "တပေါင်းလပြည့်" ရုံးပိတ်ရက်များ၌ ပိတ်ရက်အဖြစ်ခြောက်ရက်ပိတ်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ စာကြည့်တိုက်ပိတ်ရာတွင် မတ်လ၁၂ရက်မှ ၁၇ရက်နေ့ အထိ "တပေါင်းလပြည့်" ရုံးပိတ်ရက်များအဖြစ်ပိတ်မည် ဖြစ်သည်။
▪️ အဆိုပါ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ လေ့လာရေးလာရောက်လိုသူများအတွက် ပုံမှန်ရုံးဖွင့်ရက်များ၌ ဖွင့်လှစ်ထားပြီး လေ့လာလိုပါက
▪️ ထို့အပြင် စာအုပ်စာတမ်းများနှင့်ပတ်သက်၍သိရှိလိုသည်များ၊ စာကြည့်တိုက်နှင့်ပတ်သက်၍သိရှိလိုသည်များ ၊ စာကြည့်တိုက်အသင်းဝင်ခြင်းနှင့်ပတ်သက်၍သိရှိလိုသည်များအား မေးမြန်းလိုပါက
#YMG/NN #Yangon_Times
#Local_News
Published 12 March 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပ၍ ယခုနှစ်နွေရာသီသင်တန်းများ ၉၆ ကြိမ်အထိ ဖွင့်လှစ်သင်ကြပေးသွားမည်ဖြစ်ပြီး ယင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပံ့ပိုးငွေကျပ် ၁၅,၉သိန်းကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ နွေရာသီသင်တန်း များ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၀ ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာနခန်းမမှာ ကျင်းပ ခဲ့ကြောင်း သိရသည်။
▪️ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့ပြီး သင်တန်းသား သင်တန်းသူများ အနေဖြင့် ကြိုးစားသင်ယူလေ့ကျင့်၍ မိမိတို့ကျောင်း၊ မြို့နယ်၊ တိုင်းဒေသကြီးတို့၏ ဂုဏ်ကိုမြှင့်တင်နိုင်သည့် လူတော်လူကောင်းများဖြစ်စေရန် ဆောင်ရွက်ပေးစေလိုကြောင်း အားပေးစကားပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေရာသီသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပံ့ပိုးငွေကျပ် ၁၅,၉၄၃,ဝဝဝ ပေးအပ်ခဲ့ ကြောင်းသိရသည်။
▪️ အဆိုပါ ဖွင့်လှစ်သင်ကြားပေးမည့် နွေရာသီသင်တန်းများတွင် သင်တန်းအမျိုးအစား ၁၅ မျိုး၊ သင်တန်းအကြိမ်ပေါင်း ၉၆ ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 12 March 2025
▪️ ဩစတြေးလျ တိရိစ္ဆာန်ရုံတစ်ခုဟာ ပင့်ကူတွေဖမ်းမိရင် ယင်းတို့ထံ ပေးလှူဖို့ တောင်းဆိုထားပါတယ်။
▪️ တိရိစ္ဆာန်ရုံမှာ ပင့်ကူတွေကို ပြသတာမဟုတ်ပေမယ့် အဆိပ်ဖြေဆေးဖန်တီးဖို့ အသုံးပြုကြမှာ ဖြစ်ပါတယ်။
▪️ ကတော့ပုံကွန်ရက်အိမ် ပင့်ကူအထီးတွေရဲ့ အဆိပ်ကို ဆစ်ဒနီရှိ Australian Reptile Parkရဲ့ အသက်ကယ် အဆိပ်ဖြေဆေးအစီအစဉ်မှာ အသုံးပြုတာ ဖြစ်ပါတယ်။
▪️ ယခုရာသီက ပင့်ကူတွေကို သိပ်ပြီးမတွေ့ရတာကြောင့် လူတွေအနေနဲ့ ပင့်ကူတွေတွေ့တဲ့အခါ ဖမ်းဆီးပေးဖို့ တောင်းဆိုထားပါတယ်။
▪️ ဆောင်းဦးရာသီ နီးစပ်လာချိန်မှာ စိုထိုင်းဆမြင့်မားလာပြီး အဆိုပါပင့်ကူမျိုးတွေ ထွက်လာတတ်တယ်လို့ ပင့်ကူထိန်းသိမ်းသူ အမ်မာတန်နီက ပြောပါတယ်။
▪️ ကတော့ပုံကွန်ရက်အိမ်ပင့်ကူတွေနဲ့ လူတွေဝေးကွာရတာဟာ ယင်းတို့က ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးပင့်ကူတွေ ဖြစ်နေလို့ပါ။
▪️ အဆိုပါဥယျာဉ်က ပင့်ကူတွေနဲ့ ဆက်စပ်တဲ့သေဆုံးမှုတွေကို ကာကွယ်ဖို့ ၁၉၈၁ မှာ အဆိပ်ဖြေဆေးပရိုဂရမ် စတင်ခဲ့ပါတယ်။
▪️ အသက်ကယ်ဖြေဆေးရဖို့ ပင့်ကူ ၂ ထောင်ကျော်လောက်ကို အဆိပ်ညှစ်ထုတ်ယူရပါတယ်။
▪️ အဆိပ်ဖြေဆေးတစ်ပုလင်းရဖို့ အရွယ်ရောက်တဲ့ပင့်ကူတွေကို အကြိမ် ၅၀ မှ ၂၀၀ လောက်အထိ ညှစ်ထုတ်ယူရပါတယ်။
▪️ အရေးတကြီး လုပ်ရတဲ့အကြောင်းအရင်းက ကတော့ပုံကွန်ရက်အိမ်ပင့်ကူတွေဟာ သက်တမ်း ၁ နှစ်လောက်သာ ရှိတာကြောင့်ဖြစ်ပါတယ်။
▪️ သူတို့ရဲ့အဆိပ်က အလွန်အဆိပ်ရှိသလို အသက်ကယ်ပရိုဂရမ်အတွက်လည်း အရေးပါတယ်လို့ တန်နီက ပြောပါတယ်။
▪️ ပင့်ကူတွေဆီမှ ထုတ်ယူတဲ့အဆိပ်တွေကို ယုန်တွေထံမှာ ၆ လအတွင်း ဖြည်းဖြည်းချင်းထိုးသွင်းပေးပါတယ်။
▪️ ဒီနောက် သွေးထဲက ပဋိဇီဝပစ္စည်းတွေကို ထုတ်ယူကာ အဆိပ်ဖြေဆေးထုတ်လုပ်ဖို့ အသုံးပြုပါတယ်။
▪️ ဒီပင့်ကူအမျိုးအစားကို အချို့ဒေသတွေမှာ တွေ့နိုင်ပေမယ့် အသက်အန္တရာယ် ဖြစ်စေတဲ့မျိုးစိတ်တွေကိုတော့ ဆစ်ဒနီမှာသာ တွေ့ရပါတယ်။
#Source: WION
#World_Health
Published 12 March 2025
▪️ ယူကေမှ အမျိုးသမီး ၁၉,၉၆၄ ဦးနဲ့ အမျိုးသား ၁၇,၆၀၇ ဦးကို သုတေသီတွေက ဦးနှောက်ဓာတ်မှန် ရိုက်ခဲ့ကြရာ ကလေးရှိတဲ့လူတွေက ကလေးမရှိတဲ့သူတွေနဲ့ယှဉ်ရင် ဦးနှောက်စွမ်းရည် ကျဆင်းခြင်း နှောင့်နှေးတာ တွေ့ခဲ့ကြပါတယ်။
▪️ အသက်ကြီးလာရင် လုပ်ဆောင်ချက် ကျဆင်းလာတဲ့နေရာတွေဟာ ကလေးရှိတဲ့သူတွေမှာ တိုးတက်လာတာနဲ့ ဆက်စပ်နေတယ်လို့ ရုဂ်ဂျားစ်စင်တာမှ စိတ်ပညာပရော်ဖက်ဆာ အေဗရမ်ဟုမ်းစ်က ပြောပါတယ်။
▪️ ကလေးတွေပိုများလေ သက်ရောက်မှု ပိုမိုကောင်းမွန်လေ ဖြစ်နေပါတယ်။
▪️ ကလေးပိုများတဲ့ မိဘတွေမှာ လုပ်ဆောင်ချက် အခြေအနေတွေ ပိုမိုကောင်းမွန်တဲ့ ဆက်စပ်မှုမျိုး မြင်ရတယ်လို့ ဟုမ်းစ်က ဆိုပါတယ်။
▪️ မိတ်ဆွေအပေါင်းအသင်း ချဲ့ထွင်တာတွေ၊ မိသားစုထံ မကြာခဏ လည်ပတ်တာတွေနဲ့အတူ ကလေးထိန်းကျောင်းပြုစုခြင်းက လူမှုသံယောဇဉ် ဖန်တီးပေးတဲ့အပြင် ဦးနှောက်လုပ်ဆောင်ချက်အတွက်လည်း အကျိုးရှိစေတယ်လို့ သုတေသီများ ယူဆထားပါတယ်။
▪️ ကလေးရှိတဲ့အခါ လှုပ်ရှားမှုပိုမိုပြုလုပ်ရကာ ကျန်းမာရေးအတွက် ကောင်းမွန်သလို စိတ်ပိုင်းဆိုင်ရာကိုလည်း လှုံ့ဆော်ပေးတာကြောင့် ဦးနှောက်ရင့်ရော်ခြင်းကို နှောင့်နှေးစေနိုင်ပါတယ်။
▪️ ယခုလေ့လာချက်မှာ ပါဝင်စမ်းသပ်ခံသူတွေက ယူကေမှဖြစ်တာကြောင့် အကြမ်းဖျင်းအားဖြင့် လူမျိုးအားလုံးမှာ ထည့်စဉ်းစားလို့မရနိုင်တာကို သုတေသီများ သတိပေးထားပါတယ်။
▪️ ကလေးပျိုးထောင်ပြုစုခြင်းဖြင့် ဦးနှောက်အိုမင်းခြင်းကို ဘယ်လိုဆန့်ကျင်နိုင်မလဲဆိုတာ တိတိကျကျသိရဖို့ နောက်ထပ်လေ့လာချက်တွေ ပြုလုပ်ရန်လိုအပ်ကြောင်း အလေးပေးပြောထားပါတယ်။
▪️ ယနေ့ခေတ် ကလေးယူနှုန်း နည်းပါးလာချိန်မှာ အထီးကျန်ခြင်းနဲ့ ဒီမန်ရှာရောဂါ ဘယ်လိုဆန့်ကျင်မလဲဆိုတာကို သိလာနိုင်ပါတယ်။
▪️ ၂၀၂၀ ခုနှစ်က အမေရိကန်မှာ အသက် ၆၀ ဝန်းကျင်လူဦးရေက ၁၀ နှစ်အောက်ကလေးတွေထက် ပိုများနေပါတယ်။
#Source: New York Post
အမေရိကန် တရားစီရင်ရေးဌာန (DOJ)က ကြက်ဥဈေးနှုန်းများ သိသိသာသာ မြင့်တက်နေချိန်မှာ ဈေးနှုန်းသတ်မှတ်ခြင်းနဲ့ ထောက်ပံ့ရေး ခြယ်လှယ်မှုကိစ္စများနဲ့ ပတ်သက်ပြီး ကြက်ဥထုတ်လုပ်သူများအပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်လိုက်ကြောင်း ဒေသခံမီဒီယာများက စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။
#World_Industry
Published 11 March 2025
#ကြက်ဥဈေးနှုန်းမြင့်တက် #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 11 March 2025
၁။ ခွင့်ပြုကော်ဖီစိုက်ပျိုးမြေများပေါ်တွင် ဟန်ပြသာဆောင်ရွက်ပါကလုပ်ကိုင်ခွင့် ရုပ်သိမ်းမည်
၂။ ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားခရီးစဥ်များ ယနေ့စတင်ပြေးဆွဲ
၃။ မော်တင်စွန်းပွဲတော်ကာလဖြစ်၍ ခရု၊ ကမာ လက်မှုထည်များအရောင်းသွက်နေ
၄။ အမေရိကန်တွင် ကြက်ဥဈေးနှုန်းမြင့်တက်သဖြင့် ကြက်ဥထုတ်လုပ်ထောက်ပံ့ရေးကုမ္ပဏီများအား စုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်တွေကို နိုင်ငံခြားငွေကြေးစျေးကွက်ကတဆင့် ဆက်တိုက်ရောင်းချပေးလျှက်ရှိပါတယ်။
#Local_News
Published 11 March 2025
#စက်သုံးဆီလုပ်ငန်းရှင် #နိုင်ငံခြားငွေကြေးစျေးကွက်
#YMG/SW #Yangon_Times
မော်တင်စွန်း ဘုရားပွဲတော်ကာလဖြစ်တာကြောင့် ခရု၊ ကမာလက်မှုထည်လက်ဆောင်ပစ္စည်းတွေ အရောင်းသွက်နေတယ်လို့ လက်ဆောင်ပစ္စည်း
ရောင်းချနေသူတွေဆီက သိရပါတယ်။
#Local_News
Published 11 March 2025
#မော်တင်စွန်းပွဲတော် #ခရု၊ကမာလက်မှုထည်
#YMG/NN #Yangon_Times
တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွက် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားခရီးစဥ်တွေကို ဒီကနေ့ကနေ စတင်ပြေးဆွဲပေးနေပြီလို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 11 March 2025
#ရန်ကုန်-မော်လမြိုင် #အထူးရထားခရီးစဥ်
#YMG/NN #Yangon_Times
ပြင်ဦးလွင်ကော်ဖီဇုန်မှာ ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ရသူတွေအနေနဲ့ကော်ဖီစိုက်ပျိုးမှုကို တိုးတက်အောင် လုပ်ဆောင်ခြင်းမပြုဘဲ ဟန်ပြဆောင်ရွက်တာကို စစ်ဆေးတွေ့ရှိခဲ့ရင် လုပ်ကိုင်ခွင့် ရုပ်သိမ်းသွားမယ်လို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောပါတယ်။
#Local_News
Published 11 March 2025
#ပြင်ဦးလွင်ကော်ဖီဇုန် #ခွင့်ပြုကော်ဖီစိုက်ပျိုးမြေ
#YMG/SW #Yangon_Times
#Local_News
Published 11 March 2025
▪️ ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့၊ကေတုမတီမြို့သစ်၊သီတဂူကေတုမတီအာယုဒါနဆေးရုံတော်၌ ဆဋ္ဌမအကြိမ်မြောက် သီတဂူစက္ခုဒါန အလှူတော်ရဲ့ ဒုတိယနေ့ဖြစ်သည့် မတ်လ ၁၀ ရက်နေ့တွင် မျက်စိဝေဒနာရှင် ၁၃၃ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် တတိယရက်မတ်လ ၁၁ ရက်နေ့တွင် ခွဲစိတ်ကုသပြီးစီးသော လူနာများကို မျက်စိသန့်ရှင်းခြင်း အမြင်အာရုံများ ပြန်လည်စမ်းသပ်၍ ဆရာဝန်ကြီးက ကြည်ရှုစစ်ဆေးခြင်း ထို့နောက်လိုက်နာရမည့်နည်းလမ်းများ ရှောင်ကြည့်ရမည်စည်းကမ်းများကို စနစ်တကျ မှာကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ၎င်းအပြင် ယနေ့မှစတင်၍ မတ်လ ၁၄ ရက်အထိလက်ကျန်အားလုံးတို့၌လည်း မျက်စိဝေဒနာရှင် လူနာသစ်များကို စာရင်းလက်ခံခြင်း၊ လိုအပ်သော ကုသမှုများ စီမံဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 March 2025
▪️ ယခုမတ်လ (၂၀)ရက်မှစတင်၍ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ကတ်ကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
▪️ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြ ည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမည့်သူများစာရင်းစိစစ်ခြင်း၊ OWIC ကတ်ထုတ်ပေးသော စက်များ၌ တပ်ဆင်ထားသည့် Software များပြုပြင်ခြင်း၊ OWIC ကတ် ထုတ် ပေးရေးစင်တာများ တစ်နေရာတည်းပေါင်းစည်းခြင်း၊ အလုပ်ရှင်/ အလုပ်သမားစာချုပ်ချုပ်ဆိုသည့်နေရာများ တစ်စုတစည်းတည်းဖြစ်အောင် ပြင်ဆင်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောကြောင့် OWIC ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် OWIC ကတ်အသစ် ပြုလုပ်လိုသူများအား မတ်လ (၂၀)ရက် နေ့မှစတင်၍ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားသည့်အတည်ပြုပြီး အလုပ်ခေါ်စာများ (တင်ပြရက်စွဲအစဉ်အလိုက်)အရ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ရရှိပြီးသူများအားလည်းကောင်း၊ မိမိအစီအစဉ်(ကျွမ်းကျင်)ဖြင့် သွားရောက်မည့်သူများအားလည်းကောင်း စိစစ်ပြီး OWIC ကတ်ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် OWIC ကတ်ထုတ်ယူရရှိမှသာ လေယာဉ်လက်မှတ်ဝယ်ယူခြင်းကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 284 of 1860